Monday, July 30, 2012

Windows Administrator Account password change သွားမယ် ဆိုရင်

Windows XP တင်လိုက်တာနဲ့ Built-In Account ၂ ခု ပါလာတာ တော်တော်များများလည်း သိကြ မှာပါ။
၁။ Administrator နဲ့
၂။ Guest ဆိုပြီး ပါလာပါတယ်။
Administrator က Windows တစ်ခုလုံးကို ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ်။ Full Access Permission ပေါ့။ ကြိုက်တဲ့Software တင် လို့ရတယ်။ ဖြုတ်လို့ရတယ်။ Group Policy တွေ Registry တွေ ပြင်လို့ရတယ်။ Account တွေ ထပ်ဖွင့်လို့ရတယ်။ ဖျက်ချင်တဲ့ Account တွေ ဖျက်လို့ရတယ်။ Account တွေရဲ့Password တွေ ကို Change လို့ရတယ်။
Guess ကတော့ Windows ကိုဝင်သုံးရုံသက်သက်ပါ။ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။
Administrator က ထပ်ဖွင့်တဲ့ Account တွေမှာလည်း Account Type 2 မျိုး ရှိပါတယ်။

၁။ Administrator Type နဲ့
၂။ Limited Type ပါ။
Account ထပ် ဖွင့်တဲ့အခါ Account name ပေးပြီးရင် Account Type ကို ရွေးပေးရပါမယ်။ Administrator type နဲ့ ဖွင့်လိုက်ရင် Built-In Administrator အတိုင်း လုပ်ပိုင်ခွင့်ရှိပါတယ်။ Limited type နဲ့ ဖွင့်လိုက်ရင် တော့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ ဖွင့်လိုက်တဲ့ account ရဲ့ Password ကို ဘဲ change ခွင့်ရှိပါတယ်။ အဲဒီတော့ Administrator ဆိုတာ အရေးကြီးပါတယ်။ Administrator Account ကို Password မပေးထားဘူးဆိုရင် ကိုယ့် Computer ရဲ့ Windows ထဲ ကို တခြားသူက အလွယ်တကူ ၀င်ရောက်ပြီး ကြိုက်သလို မွှေသွားလို့ရပါတယ်။ Registry တွေ ကလိ သွားမယ်။ ပြီးရင် password လည်း change သွားမယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ၀င်လို့ရတော့ မှာမဟုတ်ပါ။ အဲဒီတော့ Administrator Account ကို Password ပေးထားရပါတယ်။

ကိုယ်ပေးထားတဲ့ Password ကို ကိုယ် ကိုယ်တိုင် မေ့သွားခဲ့ရင် ရော၊ Windows ထဲကို ၀င်လို့ရတော့မှာ မဟုတ်သလို၊ Limited Account နဲ့ ၀င်လို့ရခဲ့ရင်လည်း ကိုယ်သုံးချင်တဲ့ Program တွေ Install လုပ်ခွင့်ရမှာမဟုတ်ပါဘူး။ အဲဒီလို Case တွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ Password Recovery CD တွေရှိတော့ရှိပါတယ်၊ ဒါပေမယ့် ၀ယ်ရတာ၊ သုံးရတာ အခက်အခဲရှိပါလိမ့်မယ်။ အလွယ်ကူဆုံး နည်းလမ်းကတော့ Windows XP CD နဲ့ Password ပြန် change တဲ့နည်းပါ။ ဒီနည်းကို သိတဲ့သူတွေ သိပ်မရှိပါဘူး။
အရင်ဆုံး XP CD နဲ့ Boot တက်လိုက်ပါ။ Boot တက် ပြီးလို့ Windows Install လုပ်မှာလား၊ Repair လုပ်မှာလားမေးတဲ့ အဆင့်ရောက်ရင် Enter ခေါက်ပြီး ဆက်သွားလိုက်ပါ။ License Agreement ကို F8 နှိပ်ပြီး Agree လုပ်လိုက်ပါ။ နောက်တစ်ခေါက် Windows တင်ပြီးသားရှိတယ်၊ အသစ်တင်မှာလား Repair လုပ်မှာလား ထပ်မေးရင် R ကို နှိပ်လိုက်ပါ။ လိုအပ်တဲ့ File တွေ Copy ကူးပြီး Restart ကျသွားပါမယ်။ ပြန်တက်လာရင် ဆက် Install လုပ်နေပါလိမ့်မယ်။

ဘယ်ဘက်အောက်ခြေ က Loading ဘား တန်းအောက်မှာ Hardware Installation ဆိုတဲ့စာကိုတွေ့ရင် Shift + F10 ကိုနှိပ်လိုက်ပါ။ command prompt ပေါ်လာပါလိမ့်မယ်။ nusrmgr.cpl ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ User Account Box ပေါ်လာရင် Administrator ကိုနှိပ်လိုက်ပါ။ ပြီးရင် Change Password ကို ထပ်နှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုယ်ပေးချင်တဲ့ Password ကို ပြန်ပေးလိုက်ပါ။ အားလုံးပြီးရင် Exit နဲ့ထွက်လိုက်ပါ။ Windows Repair ကိုပြီးတဲ့အထိ ဆက်သွားလိုက်ရင် ရပါပြီ။ Windows, Program နဲ့ Data တွေ ပုံမပျက် ရှိနေပါလိမ့်မယ်။ အဲ တစ်ခုတော့ရှိတယ်ဗျ။ ကိုယ်တင်ထားတဲ့ Windows ရဲ့ Service Pack နဲ့ ကိုယ် တင်မယ့် ကတော့ XP CD ရဲ့ Service PackSame ဖြစ်မှရမှာနော်။
အားလုံး အဆင်ပြေပါစေဗျာ....

Saturday, July 28, 2012

GTalk password ကို မြင်အောင်ကြည့်မယ် Software

အရင် ဒီမှာ password-viewer.zipဒေါင်းလိုက်ပါအုန်း..။ ဖိုင်းဆိုဒ်လေး နည်းနည်းလေးပါ..။

ပြီးတာနဲ ရလာတဲ့ဆော့ဝဲလေးကို နှစ်ချက် ကလစ်လိုက်တာနဲ ..

အဲ ဆော့ဝဲလေးကို ဖွင့်တာနဲ အောက်က password viewer ဆိုတာလေးနဲ မိမိ pass အမဲစက်လေးအပေါ်ထောက်ပြီး

လက်ဝါးပုံစံလေးကိုနိတ်လိုက်တာနဲ အပြာကွင်းလေးနဲ ၀ိုက်ပြထားတဲ့နေရာမှာ မိမိရေးလိုက်တဲ့ pass ကြည့်နိုင်တာပေါ့..။

နေမင်းတော့ pas ကို 123456789 လိုရိုက်ထားတယ်သိလား အဲမှာလဲ 123456789 လိုပေါနေတယ်သိလား..။

ဘာရယ်မဟုက်ပါဘူး သိသွားတာပေါ့..။



Friday, July 27, 2012

System 32 BIT / 64BIT ဆိုတာဟာ???


CPU ဆိုတာနဲ့ အကြမ်းအားဖြင့်databus(dataတွေကိုသယ်နိုင်တဲ့လမ်းကြောင်း)နဲ့ width (ဒေတာကိုသယ်နိုင်တဲ့ လမ်းကြောင်းရဲ့ ပမာဏ) တို့နဲ့တိုင်းတာပါတယ်။ ထို data bus မှာလဲ Intertnal data bus နဲ့ external data bus ဆိုပြီးနှစ်မျိုးရှိပါတယ်..internal data bus ရဲ့ တစ်ကြိမ်မှာ သယ်နိုင်တဲ့နှုန်းကို bit နဲ့တိုင်းတာပါတယ်။ 32 bit ထက်စာရင် 64bit က ပိုမြန်မှာ ပါ။တစ်ခါ external data bus ကိုတော့ အများသိတဲ့အတိုင်း front sidebusလို့ခေါ် ပါတယ်။

ယနေ့အသုံးပြုနေတဲ့ကွန်ပျူတာတိုင်းကexternal databus ကို 64 bit နဲ့အလုပ်လုပ်ပါတယ်။ တစ်နည်းအားဖြင့် prosser နဲ့ memory chpiset ( north gate) တွေဟာ data တွေကို အပြန် အလှန် 64 bit စီ One cycle per clock ကိုသယ်ဆောင်နိုင်ကျပါတယ် အဲဒီလို64bitနဲ့အလုပ်အ လုပ်သော် လည်း တစ်ကယ် 64 bit processor မဟုတ်ပါ ဘူး။external databus (cpuနဲ့ memory chipset ကြား) 64 bit နဲ့ အလုပ်မလုပ်ပေမယ့်သူက Internal data bus (cpu ထဲမှာ အလုပ်လုပ်) တာကျတော့32 bit ပဲအလုပ်လုပ်ပါတယ်။

ဟိုအရင် 386 မှ Pentium4 ထိprocessor တွေက 64 bit processor မဟုတ်ပါဘူး။ အပြင်ပန်းက 64 bit အလုပ်လုပ်ပေမယ်.့အထဲမှာတော့ 32 bit ပဲအလုပ်လုပ်ပါတယ်..intel itenium/EM64T /AMD (Opteron)နဲ့ Athelon 64 စတဲ့နောက်ပိုင်း processor တွေသာလျင် 64 bit processo r ဖြစ်ကြပါတယ် ။..64bit propessor ကို 64bit operating system နဲ့သုံးမှ သာစွမ်းဆောင် ရည်အပြည့်ရမှမို့လို့ 64 bit OS တွေပါထုတ်လုပ်လာကြ ပါတယ်..64 bit processor မှာ 64 bit Architecture နှစ်မျိုးရှိပါတယ်.. ………ပထမတစ်မျိုးကတော့ 64 bit processor ရယ်လို့ ပထမဆုံးတွက်ပေါ်လာတဲ့ intel ရဲ့ Itanium processor architecture ပါ…… (IA64) Itanium 64 လို့ လဲခေါ်ပါတယ်…..အဲဒီIAT64 မှာလက်ရှိ 32 bit processor များအသုံးပြုနေသော x86 instruction set နဲ့ compatible မဖြစ်တဲ့ EPIC ဆိုတဲ့ instruction set ကိုသုံးထားပါတယ်……

ဒါကြောင့်မို့လို့ 32 bit processor များ အတွက်ရေးထားတဲ့ WINDOW XP , 2003 အစရှိတဲ့ 32 bit operating system တွေအသုံးပြုလို့မရဘဲ သူ့ အတွက် သီးခြား ထုတ်လုပ်ထားတဲ့ windows itanium 64 bit version ကို အသုံးပြုရပါတယ်.။ဒုတိယတစ်မျိုးကတော့ intel မှ EM64T နဲ့ AMD ရဲ့ opteron & atholon 64 တို့ပါ။ အဲဒီprocessor တွေကဘာထူးခြားလဲဆိုတော့အပေါ်က IA64 Processor တွေလို x64instruction set သာမက x86 32 bit instruction set ထည့်သွင်းထားတဲ့ အတွက် 32 bit ရော 64 bit operating system ပါအဆင်ပြေအောင်ထုတ်လုပ်ထား ပါ တယ်။

Microsoft က၎င်း processor နဲ့ ကိုက်ညီတဲ့ x86-64 OS တွေကို ၂၀၀၅ ဧပြီ လ ထဲက ဖြန့် ချီ ခဲ့ ပါတယ်…အဲဒီ x86-64 OS တွေကို အပေါ်က EM64T , opteron & atholon 64 တို့ နဲ့ တွဲပြီး အသုံးပြုမယ်ဆိုရင် 3Dgame ,animationတွေနဲ့ အခြား 64bit applic ation တွေမှာပိုမိုမြန် ဆန်အောင် လုပ်ဆောင်နိုင်ကြ မှာဖြစ်တဲ့ အတွက် နောက်ပိုင်းမှာ 64 bit ကိုတွင်ကျယ်စွာ အသုံးပြုလာကြ တော့မှာပါ။

Thursday, July 26, 2012

နေ့တိုင်းနီးပါး သုံးရမယ့် Linux command ၁၀ ခု


လူတိုင်းနီးပါ၊ Linux သုံးတဲ့သူမှမဟုတ်ပါဘူး၊ ဘယ် OS ကို သုံးတဲ့သူဖြစ်ဖြစ် command မရိုက်ချင်ကြပါဘူး။ ဒါပေမဲ့ Linux မှာ Command ကို သုံးတာ အလုပ်ကိုတွင်ကျယ်စေပါတယ်။ ရွေးချယ်စရာတွေများတယ်။ စိတ်ချရတယ်။

/usr/bin ထဲမှာ command ပေါင်း ၂၁၉၉ နီးပါး ရှိပါတယ်။ /usr/sbin ထဲမှာတော့ ၃၈၈ လောက် ရှိပါတယ် လို့ (Mandriva Spring 2008) တုန်းက မှတ်ချက်ပြုထားပါတယ်။ အဲဒီ Command တွေ အကုန်လုံးကို မသိတောင် အနည်းဆုံး ၁၀ ခုလောက်တော့ Linux ကို နေ့စဉ် အသုံးပြုနေတဲ့ သူတွေ သိသင့်ပါတယ်။

ကျွန်တော်တို့ အမြဲတမ်းအသုံးပြုနေတဲ့ command တွေရှိပါတယ်။ (cd,ls,rm,etc… (etc က တော့ command မဟုတ်ဘူးနော်)) အဲလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရမ်း အသုံးဝင်တဲ့ command တွေ ရှိပါသေးတယ်။ ဘယ် linux မှာ ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ကြည့်ကြည့်ပါအုံး။

၁၊ top

“top” ကတော့ အခုလက်ရှိဘာတွေ လုပ်နေလည်း၊ ဘယ် ပရိုဂရမ်တွေ ဖွင့်ထားလည်း၊ ဘယ်ဟာက RAM ဘယ်လောက်သုံးနေလည်း၊ စက်ရဲ့ RAM က ဘယ်လောက်ရှိလည်းဆိုတာတွေအကုန် ပြနေပါလိမ့်မယ်။ တစ်ခုခု အသစ် ဖွင့်လိုက်တိုင်းလည်း အဲဒီ list ထဲမှာ ပြနေမှာပဲ ဖြစ်ပါတယ်။

“top” က သင့်ကို အချိန်နဲ့ တစ်ပြေးညီ သင့်စက် ဘာတွေ လုပ်နေလည်း ဆိုတာကို ပြပေးမှာဖြစ်ပါတယ်။ (#top) ကိုရိုက်လိုက်ရင် အခု လက်ရှိ ကွန်ပြူတာက လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးပြပါလိမ့်မယ်။ root က ဘာတွေ လုပ်နေလည်း၊ User က ဘာတွေလုပ်နေလည်း စသည်ဖြင့်။ ဘယ် user က ဘယ် ပရိုဂရမ်ကို အသုံးပြုနေလည်း ဆိုတာကိုလည်း (#top -u username) အားဖြင့် User တစ်ယောက်ချင်းစီ လုပ်ဆောင်ချက်တွေကိုလည်း ကြည့်နိုင်ပါတယ်။

GUI မှာတော့ System Monitor လို့ခေါ်ပါတယ်။ Windows မှာတော့ Task Manager ပါ။ GUI မှာတော့ အမြဲတမ်း အရှေ့ဆုံးမှာ focus ဖြစ်နေပါတယ်။ command မှာတော့ minimize လုပ်ထားနိုင်ပါတယ်။

၂၊ ln

bookmark လုပ်တာပါ။ Network ထဲက Folder ကို ဖြစ်ဖြစ်၊ Server က folder တစ်ခုတည်းကို User အများကြီးက သုံးချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် ချိတ်ပေးထားနိုင်ပါတယ်။ Network ထဲမှာဆိုရင် လုံခြုံရေးပိုင်း အနေနဲ့လည်း ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။ (ဥပမာ Group တစ်ခုလုပ်ထားပြီး အဲဒီ Group ထဲက user တွေကိုပဲ အဲဒီ Folder ကို read/write ပေးလုပ်မယ်ဆိုသလိုမျိုးပေါ့) GUI (nautilus) မှာ တော့ Bookmark ဆိုတာပါပါတယ်။ Windows မှာဆိုရင် Desktop shortcut လုပ်သလိုမျိုးပါ။

၃၊ tar/zip/gzip/unrar/unzip

ဖိုင်တွေကို ခြုံ့လို့ရမယ်။ ခြုံ့ထားတဲ့ ဖိုင်တွေကို ဖြည်မယ်။ Argument တွေ ပြောင်းလိုက်ယုံနဲ့ အလွယ်တကူ ကိုယ်လုပ်စေချင်တာ လုပ်သွားတဲ့ အတွက် အလုပ်ကို လွယ်ကူမြန်ဆန်စေပါတယ်။ GUI နဲ့ဆိုရင်တော့ Right click > Extract here ပေါ့။

၎၊ nano,vi,emacs

command line text editor ပါ။ nano လား၊ vi လား၊ emacs လား၊ အဲဒီစစ်ထဲတော့ ကျွန်တော်မပါချင်ပါဘူး။ ကြိုက်တာသုံးပါ။ ကျွန်တော်ကတော့ nano သုံးပါတယ်။ တော်တော်များများကတော့ ပြောပါတယ်။ nano က အသုံးသိပ်မတည့်ဘူးပေါ့။ လုပ်လို့ရတယ့် function နည်းတယ်လို့ ပြောကြပါတယ်။ အဲဒါကပဲ ကျွန်တော့်အတွက်တော့ အလွန်ရိုးရှင်းနေတာပါ။ Linux စက်တစ်လုံးကို Administration လုပ်မယ်ဆိုရင်တော့ command line text editor တစ်ခုခုကို မဖြစ်မနေ ကိုင်တွယ် အသုံးပြုတတ်နေရပါမယ်။ GUI မှာတော့ Gvim ဒါမှမဟုတ် gedit ရှိပါတယ်။

၅၊ grep

ဒီ command ကတော့ လူကြိုက်တော်တော်များပါတယ်။ ဖိုင်တစ်ဖိုင်ကို လိုချင်သလို ပိုင်းပိုင်း ဖတ်လို့ရတာပါပဲ။ ဥပမာ httpd.conf ဖိုင်ကို ဖတ်မယ် ဆိုပါဆို့။ အဲဒီဖိုင်က စာကြောင်းရေ ၁၀၀၀ ကျော်ရှိတယ်။ အဲဒီဖိုင်ထဲမှာ ဘယ်နေရမှာ “AccessFileName .htaccess” ဆိုတာရှိသလည်းသိချင်တယ်။

စာကြောင်း ၁၅၃ မှာ ရှိပါတယ်ဆိုပါဆို။ ရိုးရိုး ဖတ်မယ်ဆိုရင် ၁၅၃ ကိုရောက်အောင် down arrow ကို ဖိထားရပါတယ်။ ဖိထားယုံနဲ့တော့မရပါဘူး၊ လိုက်ဖတ်နေရအုံးပါမယ်။ grep သုံးကြည့်ရအောင်။ grep -n “AccessFileName .htaccess” /etc/apache2/apache2.conf ဒါဆို terminal မှာ “153:AccessFileName .htaccess” ဆိုပြီး တန်းပြပါလိ့မ်မယ်။ လွယ်ဘူးလားဗျာ။

GUI မှာ gedit နဲ့ဖွင့်ပြီး Search လုပ်လို့ရပါတယ်။

“grep” က တစ်ခြား command တွေနဲ့လည်း piping (|) နဲ့ခံပြီး တွဲသုံးလို့ရပါသေးတယ်။ ဥပမာ တစ်ခုအနေနဲ့ “ps”(လက်ရှိဘာတွေ run နေလည်းဆိုတာကြည့်တာပါ) နဲ့တွဲသုံးကြည့်ရအောင်။ firefox က အလုပ်ကောင်းကောင်းမလုပ်ပဲ hang နေတယ် ဆိုပါတော့။ firefox ရဲ့ PID ကို ကြည့်ပြီးတော့ firefox ကို ပိတ်ပစ်ချင်တယ်။ “ps aux” ရိုက်လိုက်ရင် Run ထားတာတွေ အကုန်ထွက်လာပါလိမ့်မယ်။ အများကြီးထဲကမှ firefox ကိုလိုက်ရှာနေမလား ကြာပါတယ်။ “ps aux|grep firefox” လို့ပြောင်းရိုက်လိုက်ပါ။ firefox’s process တစ်ခုတည်း မြင်ရပါလိမ့်မယ်။

GUI မှာ System monitor ကနေ ကြည့်လို့ရပါတယ်။

၆၊ chmod

File/folder တွေကို permissions ပြောင်းတာပါ။ Web tool တော်တော်များများမှာ တိကျတဲ့ permissions လိုပါတယ်။ chmod ကို မသုံးခင် w=write,r=read,နဲ့ x=execute ကို အမှတ်ရနေပါ။ ဘယ်ဖိုင်က ဘယ် permissions တွေလိုလည်း သေသေချာချာကြည့်ပါ။ rw- rw- rw- ဆိုရင်တော့ User, Group and Other User အကုန်လုံး read/write permissions ရနေပါလိမ့်မယ်။ အဆင်မပြေပါ။ Other user အတွက် အကန့်အသတ်နဲ့သာဖြစ်သင့်ပါတယ်။ read only ဒါမှမဟုတ် execute only. GUI (nautilus) မှာ တော့ right click > properties > Permissions

၇၊ dmesg

old-school လို့ ကျွန်တော့်ကို ခေါ်ချင်ခေါ်ပါ။ ဒါပေမယ့် device တစ်ခု Linux စက်မှာ တပ်လိုက်တာနဲ့ dmesg ကို အရင်ဆုံးရိုက်ပါတယ်။ သူက kernel buffer တွေအားလုံးကို ပြပါတယ်။ အရေးကြီးပါတယ်။ သိသင့်သိထိုက် တဲ့ information တွေ ဖြစ်တဲ့ system architecture, gpu, network device, kernel boot options used, RAM totals စသည်ဖြင့်ပါ။

နည်းနည်း trick လေးလုပ်ကြည့်ချင်လား။ tail ခံပြီး ရိုက်ကြည့်ရအောင်။ (dmesg | tail -f) ဒါဆိုရင် နောက် ဆုံး လေးငါးကြောင်း ပြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုခု ထူးခြားတိုင်း (စက်ကို အလုပ်တွေများကြီး ခိုင်းထားတဲ့အချိန် ဒါမှမဟုတ် debugging လုပ်နေတုန်းအချိန်) အဲဒီ လေးငါးကြောင်းမှာပဲ အသစ် အသစ်တွေကို မြင်နေရပါလိမ့်မယ်။

၈၊ kill/killall

အခုဆိုရင် Linux kernel က တော်တော့်ကို stability ဖြစ်နေပါပြီ။ kernel နဲ့ မသက်ဆိုင်တဲ့ တစ်ချို့ ဆော့ဝဲ တွေက တစ်ခါတစ်လေ ကြောင်တတ်ပါတယ်။ အဲဒီအတွက် သူ့ကို ဖျက်ထုတ်ပစ်ဖို့(အဲဒီ ဆော့ဝဲကို restart ပြန်လုပ်ပစ်ဖို့ ရပ်ပစ်ပြီး ပြန်စဖို့) လိုပါတယ်။ အဲဒီအတွက် အမြန်ဆုံးနည်းလမ်းကတော့ “kill” ဒါမှမဟုတ် “killall” နဲ့ လုပ်ပစ်တာပါပဲ။ “kill” နဲ့ “killall” ကွာတာကတော့ kill က PID(process ID number) လိုပြီး၊ killer ကတော့ ဆော့ဝဲ နာမည်လိုပါတယ်။

တစ်ခုလုပ်ကြည့်ရအောင်။ ဥပမာ၊ firefox က hang ဖြစ်နေတယ် ဆိုပါတော့။ firefox ကို ရပ်ပစ်ဖို့အတွက် kill ကို အသုံးပြုပါမယ်။ kill ကို အသုံးပြုမယ်ဆိုရင် PID လိုမယ်။ ဘယ်လိုရမလည်း ဆိုတော့ ps aux|grep firefox နဲ့ ကြည့်ရပါမယ်။ PID ကို ps နဲ့မကြည့်ချင်ဘူးဆိုရင်လည်း killall firefox ဆိုပြီး တန်းရိုက်လို့ရပါတယ်။ ဒါပေမယ့် killall က daemons process (Apache,Samba,etc) တွေကို အလုပ်လုပ်ချင်မှလုပ်ပါမယ်။ GUI မှာတော့ System monitor ကနေ kill process လုပ်လို့ရပါတယ်။

၉၊ man

RTFM “Read the Fine Manual” အဲဒီစကားလုံးကို ဘယ်လောက်များများ သင်တွေ့ဘူးပါသလဲ။ ကျွန်တော့်အတွက်တော့ Linux မှာ Manual ဖတ်နေတာထက် manpages ကို ဖတ်လိုက်တာ ပိုအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ “Read the fine Manpages” ပေါ့။ Manpage တွေက ပုံစံတစ်ခုတည်းနဲ့ ရေးထားတာပါ။ တစ်ခုကို နားလည်အောင် ဖတ်ကြည့်ပြီးသွားပြီဆိုရင် နောက် ဘယ်ဟာကို ဖတ်ဖတ် နားလည်လွယ်လာပါလိမ့်မယ်။ command တိုင်းရဲ argument တွေကလည်း ဆက်စပ်မှုတွေ ရှိနေပါတယ်။

အပေါ်ဆုံး နှစ်ကြောင်းသုံးကြောင်းဖတ်လို့နားမလည်းလည်း ကိစ္စမရှိပါဘူး။ ဆက်ကြည့်သွားပါ၊ detail ကို ရှင်းပြထားတာတွေ လည်း ပါပါတယ်။ Linux command တွေကို အလုပ်လုပ်ဖို့အတွက် အကုန်လုံး အလွတ်ကျက်နေစရာ မလိုပါဘူး။ ဘယ်နားရှိမယ်ဆိုတာပဲ သိယုံနဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ manpages တွေကို ဖတ်တတ်အောင် ကြိုးစားပါ။

၁၀၊ mount/umount

removable media တွေ တပ်မယ်၊ ဖြုတ်မယ်ဆိုရင် သုံးပါတယ်။ boot တက်တာနဲ့ တပ်ဆင်ထားတာတွေကိုတော့ /etc/fstab ဖိုင်မှာ ရေးထားပါတယ်။ mount/unmount ကတော့ root privileges(super user) လိုပါတယ်။ mount command ကို ဘာ arugument မှမထည့်ပဲလည်း ရိုက်ကြည့်နိုင်ပါတယ်။ စက်မှာ ဘယ် devices တွေတပ်ထားလည်း ပြလာမှာဖြစ်ပါတယ်။

အထက်ပါ ၁၀ ခုကတော့ Linux administration အတွက် မရှိမဖြစ်လိုတာတွေပါ။ အဲဒါလေးလောက်ပဲ သိထားတာကိုပဲ တော်တော် အကူအညီရနေပါပြီ။ အလုပ်လုပ်ရာမှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖြစ်စေပါတယ်။ ဒီ ၁၀ ခုတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်ချင်းမတူသလိုပေါ့။ liux server ကိုင်နေတာလား၊ ဒါမှမဟုတ် Linux နဲ့ web developement လုပ်နေတာလား၊ တစ်ကိုယ်ရည် သုံးပဲလားဆိုတာမှာလည်း ကွဲပြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် နေ့တိုင်း အဲဒီ ၁၀ ခုထဲက တစ်ဝက် ကျော်ကျော် ကို အမြဲတမ်း အသုံးပြုရပါတယ်။

Source: မောက္ခ

Wednesday, July 25, 2012

နောက်ဆုံး အသစ်ထွက်လာသော Ubuntu 11.10 အကြောင်း တစေ့တစောင်း

တစ်ကမ္ဘာလုံးစောင့်မျှော်နေကြတဲ့ ubuntu 11.10 Oneiric Ocelot ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေက ထွက်လာပါပြီ။

11.10 ကတော့ အရင်ရှိပြီးသား အဟောင်းများနဲ့ အသစ်အသစ် ထပ်ထုတ်ထားတဲ့ Open-source နည်းပညာတွေ ပေါင်းစပ်ပြီး အရည်အသွေးမြင့်မြင့် နဲ့ အသုံးပြုရ အလွန်လွယ်ကူအောင် လုပ်ဆောင်ထားပါတယ်လို့လည်း အဲဒီထုတ်ကုန် အဖွဲ့က သူတို့ website ရဲ့ Unbutu 11.10 ကြော်ငြာမှာ ထည့်သွင်းရေးသားထားပါတယ်။

Unbutu 11.10 က ဘာသာစကား ၃၈ မျိုးနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပြီး Canonical က ထုတ်လုပ်တဲ့ အခမဲ့ Llinux Operation System ဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ website မှာ Download လုပ်နိုင်ပါတယ်။ သူ့ အရင် version ဖြစ်တဲ့ Ubuntu 11.04 အသုံးပြုသူတွေကတော့ Ubuntu ထဲမှာပါရှိတဲ့ Update Manager ကနေတစ်ဆင့်Upgrade လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို Upgrade လုပ်ဆောင်ရမလည်း ဆိုတာကိုလည်း website မှာ အဆင့်အဆင့် အလုပ်လုပ်ပုံတွေကို ရှင်းပြထားပါတယ်။

Ubuntu 11.10 က ဘယ်လိုတွေ အလုပ်လုပ်လည်းဆိုတာ ကနဦးအနေနဲ့ လေ့လာချင်သေးတယ်ဆိုရင်တော့ Online tour မှာ စမ်းသပ်အသုံးပြုကြည့်နိုင်မှာဖြစ်ပြီး slide-show အနေနဲ့လည်း အွန်လိုင်းမှ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Ubuntu 11.10 အတွက် ပုံမှန် update ကိုတော့ ဧပရယ် ၂၀၁၃ အထိ နောက် ၁၈ လ အထိပေးထားမှာဖြစ်ပြီး Long Term Support(LTS) ကာလရှည် (၅ နှစ်) အတွက်ကတော့ နောက်နှစ် ဧပရယ်လမှာ အသစ်ထွက်မယ့် Ubuntu 12.04 Precise Pangolin မှာ ရမှာဖြစ်ပါတယ်။

A Smoother Unity

အရင် version 11.04 မှာပါတဲ့ မိုဘိုင်းစတိုင် Unity Interface ကို ပဲ အနည်းအကျဉ်းပြုပြင်ပြီး ပုံသေအနေနဲ့ ထားပေးထားပါတယ်။ ဒါပေမယ့်လည်း Gnome က အသစ်ထုတ်ထားတဲ့ Gnome3 (Gnome-shell) ကိုလည်း သွင်းပြီး အသုံးပြုနိင်မှာ ဖြစ်ပါတယ်။

အသုံးပြုသူများရဲ့ စမ်းသပ်လေ့လာချက်များအရတော့ Ubuntu 11.10 မှာ Unity Interface ကိုပဲ ပိုမိုကောင်းမွန်နဲ့ အသုံးပြုရလွယ်ကူအောင် လုပ်ထားတာပဲ ဦးတည်နေပါတယ်လို့ဆိုကြပါတယ်။

Open for Business

ကိုယ်အသုံးပြုချင်တဲ့ အသုံးတည့်မယ့် ဆော့ဝဲလ် တွေကို ရှာဖွေ တင်သွင်းဖို့ကတော့ Ubuntu Software Center က အခုဆိုရင် ပိုမိုလွယ်ကူအောင် ရှာဖွေရ မြန်ဆန်အောင် လုပ်ပေးထားပါတယ်။ အုပ်စုအလိုက် ရှာဖွေ၍ ရသလို ဆော့ဝဲလ် နာမည်နဲ့လည်း ရှာဖွေရတာ လွယ်ကူစေပါတယ်။ ဆော့ဝဲ တော်တော်များများကိုလည်း မျက်စိပဌာသ ဖြစ်အောင် အသုံးပြုချင်စိတ်ပေါက်အောင် အလှဆင်ပေးထားပါသေးတယ် လို့ Project team က ညွှန်းထားပါသေးတယ် ခင်ဗျ။

ကျွန်တော်ကတော့ Thunderbird နဲ့ အသစ်တစ်ခုဖြစ်တဲ့ Deja Dup Backup tool ပါလာတာကို အကြိုက်ဆုံးပါပဲ။ Thunderbird က Evolution ထက် လူကြိုက်ပိုများပြီး သုံးလို့ပိုကောင်းတယ်ထင်လို့ပါ။ Deja Dup Backup ကတော့ ကလိရင်း ခနခန Data တွေ ပျက်ပျက်ကုန်တာကို ကောင်းကောင်း အကူအညီပေးမယ့်ဆော့ဝဲလ် ပဲလေ။

Ubuntu 11.10 က Open for business အတွက်အသေအချာပါပဲ။ Desktops, Servers and Clouds အတွက် ရွေးချယ်စရာ အခမဲ့ ဆော့ဝဲလ် အများအပြားနဲ့ တစ်ခြား လိုချင်သေးတယ်ဆိုရင် full-service support and consulting တွေကိုပါရနိုင်ပါသေးတယ်လို့လည်း Canonical က ပြောပါတယ်။

20 Million Strong

ငွေကုန်ကြေးကျ သက်သာစွာနဲ့ အခမဲ့ ဆော့ဝဲများကို Micorsoft WIndows မဟုတ်ပဲ တစ်ခြား Operation system တစ်ခုခု ကို Windows လိုပဲ End user အနေနဲ့ အသုံးပြုချင်တယ်ဆိုရင်ဖြင့် သင်တို့ဘေးနားလေးမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် 20 millon လောက်အသုံးပြုနေကြတဲ့ Ubuntu ကရှိနေမှာပါလို့လည်း Canonical ကထပ်ပြောပါသေးတယ်ခင်ဗျ။

Source: မောက္ခ

Tuesday, July 24, 2012

Application များအကြောင်း နားလည်သဘောပေါက်စေရန်

Application ဆိုတာဘာလဲ?


စာဖတ်သူဟာ Application အသုံးပြုခြင်း (သို့) App အသုံးပြုခြင်းဆိုတာနဲ့ပတ်သက်ပြီး လူတွေပြောနေကြတာကို ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ တကယ်တမ်းမှာတော့ Application ခေါ် App ဆိုတာဟာ တိကျသေချာတဲ့လုပ်ဆောငင်ချက်များကိုပြုလုပ်စေနိုင်မယ့် Software အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Desktop နဲ့ Laptop ကွန်ပျူတာတွေအတွက် Application များကို Desktop Application များဟုခေါ်ဆိုနိုင်ပြီး မိုဘိုင်းထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ Application များကိုတော့ Mobile Apps ဟုခေါ်ဆိုနိုင်ပါတယ်။ Application တစ်ခုကိုဖွင့်လိုက်တဲ့အခါမှာ ၄င်းဟာ OS အတွင်းမပိတ်မချင်းလုပ်ဆောင်ပါတယ်။ တစ်ချိန်တည်း တစ်ပြိုင်နက်အတွင်းမှာ Application တစ်ခုထက်ပိုပြီးအသုံးပြုခြင်းကိုတော့ Multitasking လို့ခေါ်ပါတယ်။

App ဆိုတာကတော့ Application ကိုဗန်းစကားအနေနဲ့အသုံးပြုထားတာဖြစ်ပါတယ်။ အထူသဖြင့် ရိုးရှင်းတဲ့ Application တွေကိုဈေးနှုန်းသက်သာစွာနဲ့ Download ပြုလုပ်နိုင်သလို အခမဲ့အနေဖြင့်လည်း ရရှိနိုင်ပါတယ်။ App အများစုကိုမိုဘိုင်းထုတ်ကုန်များနဲ့ TV များအတွက်ပါထောက်ပံ့ပေးထားပါတယ်။
မရေမတွက်နိုင်လောက်အောင်များပြားတဲ့ Desktop Application တွေကိုကွဲပြားခြားနားတဲ့အမျိုးအစားဖြင့် တွေ့ရှိနိုင်ပါတယ်။ တချို့ Application တွေဟာ Microsoft Word လိုမျိုးအပြည့်အ၀အသုံးချနိုင်ပြီး တချို့ကိုတော့ Gedget တွေလိုမျိုးဖြင့်သာ အသုံးပြုနိုင်ပါတယ်။ အသုံးပြုသင့်တဲ့ Desktop Application များဖြစ်ပါတယ်။

Word Processors : Word Processor ကတော့ စာတစ်စောင်ရေးသားခြင်း၊ လက်ကမ်းကြော်ငြာတစ်စောင်ပြုလုပ်ခြင်းနဲ့ အခြား Document များဖန်တီးခြင်းတို့ကိုပြုလုပ်နိုင်စေပါတယ်။ ထင်ရှားတဲ့ Word Processor ကတော့ Microsoft Word ပါ။
Personal Finance : Quicken လိုမျိုး Personal Finance ဆော့ဖ်ဝဲကတော့ အသုံးပြုသူရဲ့ဝင်ငွေနဲ ထွက်ငွေများကိုခြေရာခံခြင်း၊ ၀င်ငွေထက်ငွေစာရင်း ဖန်တီးခြင်းစတာတွေကို ပြုလုပ်နိုင်ပါတယ်။ Personal Finance ပရိုဂရမ်အများစုဟာ ဘဏ်ကအချက်အလက်တွေကိုအလိုအလျောက် Download ပြုလုပ်ပေးနိုင်တဲ့အတွက် အရောင်းအ၀ယ်ကိစ္စရပ်အားလုံးကို အချိန်ကုန်စရာမလိုဘဲပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Web Browser : Web Browser ဆိုတာကတော့ World Wide Web ကိုအသုံးပြုနိုင်စေမယ့် Tool တစ်ခုပါ။ ကွန်ပျူတာအများစုမှကြိုတင်ထည့်သွင်းပေးထားတဲ့ Web Browser တစ်ခုပါဝင်လေ့ရှိပေမယ့် သုံးစွဲသူအနေနဲ့ ကွဲပြားတဲ့အခြား Browser တစ်ခုကို Download ပြုလုပ်ပြီးသုံးနိုင်ပါတယ်။ အသုံးများတဲ့ Browser များကတော့ Internet Explorer, Firefox, Google Chrome နဲ့ Safari တို့ဖြစ်ပါတယ်။
Games : ကွန်ပျူတာပေါ်မှာကစားနိုင်တဲ့ ဂိမ်းဟာ Solitaire လိုဖဲချပ်ဂိမ်းတွေကနေ Halo 2 လိုအက်ရှင်ဂိမ်းတွေအထိမြောက်မြားစွာရှိပါတယ်။ တချို့အက်ရှင်ဂိမ်းတွေက တွက်ချက်မှုစွမ်းအင်များစွာလိုအပ်တဲ့အတွက် အသုံးပြုသူထံမှ ခေတ်မီတဲ့ကွန်ပျူတာအသစ်တစ်လုံးမရှိမခြင်း ၄င်းဂိမ်းတွေကို ကစားနိုင်မှာမဟုတ်ပါဘူး။

Media Player : တကယ်လို့ အသုံးပြုသူဟာ Mp3 နားထောင်ခြင်းနဲ့ Download ပြုလုပ်ထားတဲ့ရုပ်ရှင်ကြည့်ရှု့ခြင်းစတာတွေကိုပြုလုပ်လိုတဲ့အခါမှာ Media Player တစ်ခုရှိရန်လိုအပ်ပါတယ်။ နာမည်ကျော် Media Player တွေကတော့ Window Media Player နဲ့ iTunes တို့ဖြစ်ပါတယ်။

Gedgets : Gedget တွေကိုတစ်ခါတစ်ရံမှာ Widget လို့လည်းခေါ်ဆိုနိုင်ပါတယ်။ ၄င်းက ရိုးရှင်းတဲ့ Application တွေဖြစ်ပြီး Desktop (Mac တွင် Dashboard) ပေါ်မှာတင်ကာအသုံးပြုနိုင်ပါတယ်။ ကွဲပြားခြားနားတဲ့ Gedget အမျိုးအစားမြောက်မြားစွာရှိပြီး အဲ့ဒိအထဲမှာ ပြက္ခဒိန်များ၊ ဂဏန်းတွက်ချက်စက်များ၊ မြေပုံများနဲ့ သတင်းခေါင်းစဉ်များ စတာတွေပါဝင်ပါတယ်။

Desktop Application များကိုထည့်သွင်းခြင်း
Application တစ်ခုကို အသုံးပြုလိုတဲ့အခါမှာ အဲ့ဒိ Application ကိုကွန်ပျူတာမှာထည့်သွင်းဖို့ လိုပါတယ်။ ယေဘုယျအားဖြင့် Installation ပြုလုပ်တဲ့အခါမှာ ရိုးရှင်းပါတယ်။ Installation Disc တစ်ချပ်ကိုထည့်သွင်းပြီး Screen ပေါ်မှာ ပေါ်လာတဲ့ညွှန်ကြားချက်အတိုင်းလိုက်လံပြုလုပ်ရုံပါပဲ။ အင်တာနက်ပေါ်မှာ Download ပြုလုပ်ထားတဲ့ Software တွေကို Install လုပ်ချင်တယ်ဆိုရင်တော့ အဲ့ဒိ Software ကို Download လုပ်ပြီးတာနဲ့ Double Click နှိပ်ကာ Screen ပေါ်မှာ ပေါ်လာတဲ့လမ်းညွန်ချက်အတိုင်း ပြုလုပ်ခြင်းဖြင့် ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် Application အများစုမှာ Installation လမ်းညွန်ချက်များနဲ့ အခြားအချက်အလက်တွေပါဝင်တဲ့ Readme ဖိုင်တစ်ခုပါဝင်လေ့ရှိပါတယ်။
Download ပြုလုပ်ထားတဲ့ Software တွေကိုထည့်သွင်းလိုတဲ့အခါမှာ အဆိုပါ Software တွေမှာဗိုင်းရစ်စ် နဲ့ အခြား Malware တွေကို သတိပြုဖို့လိုပါတယ်။ တကယ်လို့ အသုံးပြုသူမှာ Antivirus Program တစ်ခုရှိမယ်ဆိုရင် Download လုပ်ထားတဲ့ Software ကို Installation မလုပ်ခင် စစ်ဆေးဖို့လိုပါတယ်။

ဖိုင်များကို Application များဖြင့် ဖွင့်ခြင်း
Application အများစုကို တစ်ခုထက်ပိုတဲ့ ဖိုင်အမျိုးအစား (File Format) တွေကိုဖွင့်နိုင်ရန်အတွက် ပြုလုပ်ထားပါတယ်။ ဥပမာအနေနဲ့ Microsoft Word ဟာ Word Document တွေကိုဖန်တီးခြင်းနဲ့ ပြင်ဆင်ခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင့်တော်စေမယ့် Application အမျိုးအစားမရှိဘူးဆိုရင် File ကိုဖွင့်နိုင်မှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ Access 2010 လေ့ကျင့်ခန်းတွေကို လေ့လာသူတွေဟာ နမူနာ Database ကိုဖွင့်ရန်အတွက် Microsoft Access ကိုထည့်သွင်းထားဖို့လိုပါတယ်။
ဖိုင်တစ်ခုကိုဖွင့်ဖို့ အဓိကနည်းလမ်းနှစ်မျိုးရှိပါတယ်။
ကွန်ပျူတာပေါ်မှာ ဖိုင်ကိုရှာဖွေပြီး Double Click နဲ့ဖွင့်ခြင်းကတော့ ဖိုင်ကို Default Program နဲ့အသုံးပြုခြင်းဖြစ်ပါတယ်။
Application ကိုဖွင့်ပြီးတဲ့အခါမှာ Application နဲ့ဖွင့်မယ့်ဖိုင်ကိုဖွင့်ရမှာပါ။ ယင်းကဲ့သို့ပြုလုပ်ရန်အတွက် Application ကိုဖွင့်ပြီးတာနဲ့ Screen ထိပ်ဘက်ပိုင်းရှိ File Menu ကိုနှိပ်ပြီး Open ကိုနှိပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ အသုံးပြုမယ့် Application ကိုရွေးချယ်နိုင်သလို တချို့ဖိုင်တွေကလည်း ကွဲပြားခြားနားတဲ့ Application တွေနဲ့ဖွင့်နိုင်တာကြောင့် အသုံးဝင်တဲ့နည်းလမ်းလို့ဆိုရမှာဖြစ်ပါတယ်။ တကယ်လို ဖိုင်အမျိုးအစားကိုမသိဘူးဆိုရင်တော့ ဖိုင်နာမည်ရဲ့အဆုံးမှာရှိတဲ့ extension ကိုကြည့်ပါ။ တချို့ကွန်ပျူတာတွေမှာ ဖိုင် Extension ကို Hidden လုပ်ထားနိုင်တာကြောင့် Icon တွေကိုကြည့်ပြီး File Format တွေကိုဆုံးဖြတ်တတ်ဖို့လိုပါတယ်။

မိုဘိုင်း Application များ

Desktop နဲ့ Laptop ကွန်ပျူတာတွေဟာ Application တွေသုံးနိုင်တဲ့ထုတ်ကုန်ပစ္စည်းတွေ မဟုတ်ပါဘူး။ SmartPhone တွေနဲ့ Tablet ကွန်ပျူတာတွေလိုမျိုး မိုဘိုင်းထုတ်ကုန်တွေအတွက်လည်း Download လုပ်ပြီးသုံးနိုင်တဲ့ App တွေရှိပါတယ်။ မိုဘိုင်း App နမူနာတချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
RedLaser: RedLaser ကတော့ ဈေးဝယ်ထွက်တဲ့အခါမှာ ဈေးနှုန်းတွေကို နှိုင်းယှဉ်လေ့လာနိုင်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ အလုပ်လုပ်ပုံကတော့ ဖုန်းမှာပါဝင်တဲ့ ကင်မရာကိုအသုံးပြုပြီးဝယ်ယူလိုတဲ့ ပစ္စည်းရဲ Barcode ကို Scan လုပ်ပြီးတဲ့အခါမှာ သင့်လျော်တဲ့ဈေးနှုန်းကို App က Web ပေါ်မှာရှာဖွေပေးမှာဖြစ်ပါတယ်။
Word Lens : Word Lens ကတော့ ဘာသာပြန်ဆိုပေးနိုင်တဲ့ App တစ်ခုပါ။ RedLaser လိုပဲ ဖုန်းရဲ့ကင်မရာကိုအသုံးပြုပြီး ဘာသာပြန်ဆိုလိုတဲ့ Sign, Menu နဲ့ အခြားစာသားတွေကို ရိုက်လိုက်တဲ့အခါမှာ အသုံးပြုသူအတွက် ဘာသာပြန်ထားတာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။
Foursquare : တကယ်လို အသုံးပြုသူဟာစားသောက်ဆိုင် (ဒါမှမဟုတ်) ကုန်တိုက်လိုနေရာများသို့ သွားရောက်တဲ့အခါ အနီးအနားမှာရှိတဲ့ သူငယ်ချင်းတွေကို Foursquare ကစစ်ဆေးရှာဖွေပြီး အသုံးပြုသူထံသတိပေးအကြောင်းကြားမှာဖြစ်ပါတယ်။ ဒါ့အပြင် Foursquare ဟာဖုန်းမှာပါဝင်တဲ့ GPS ကိုအသုံးပြုပြီး အနီးအနားက စီးပွားရေးလုပ်ငန်းစာရင်းကိုရှာဖွေပေးပြီး ယခင်ကမရောက်ဖူးတဲ့ နေရာတွေကိုရှာဖွေဖော်ပြပေးမှာဖြစ်ပါတယ်။

အစဉ်အလာအရ Application တွေနဲ့ မိုဘိုင်း App တွေရဲ့ဈေးနှုန်းဟာသက်သာလေ့ရှိပါတယ်။ Application အများစုရဲ့ဈေးနှုန်းက ၉၉ ဆင့်သာရှိပြီး အများစုကိုတော့ အခမဲ့အနေဖြင့်ပါ ရရှိနိုင်ပါတယ်။ တကယ့်လိုအသုံးပြုသူရဲ့ မိုဘိုင်းထုတ်ကုန်ဟာ အင်တာနက်ချိတ်ဆက်ထားပါက App တွေကို မိုဘိုင်းထုတ်ကုန်တွေပေါ်ကို တိုက်ရိုက် Download ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ကွန်ပျူတာပေါ်ကို တိုက်ရိုက်ပြုလုပ်ပြီး မိုဘိုင်းထုတ်ကုန်များထံ လွှဲပြောင်းနိုင်ပါတယ်။

Ref: Myanmar Internet Journal

Monday, July 23, 2012

Mobile Roaming Systerm

Roaming System ဆိုတာကတော့ မိုဘိုင်းဖုန်းတွေအတွက် ကွန်ရက်ပေါင်းစပ်ခြင်း၊ ကွန်ရက်တစ်ခုနဲ့တစ်ခုကို ပြောင်းလဲအသုံးပြုနိုင်ခြင်း အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့စနစ် တစ်ခုပဲဖြစ်ပါတယ်။ မိုဘိုင်းကွန်ရက်တွေကို တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး အသုံးပြုနိုင်ဖို့အတွက် Roaming စနစ်ကို အသုံးပြုကြရပါတယ်။

ဘာကြောင့် Roaming စနစ်ကို အသုံးပြုကြရသလဲဆိုရင် တခြားနိုင်ငံတွေမှာဆိုရင် မိုဘိုင်းဖုန်းတွေအတွက် ကွန်ရက်ဝန်ဆောင်မှုပေးတဲ့ Service Provider တွေက တစ်ခုထက်မကတဲ့ အရေအတွက်ရှိပါတယ်။ အဲဒီလိုမျိုး မိုဘိုင်းဖုန်းကွန်ရက်တွေ အများအပြားရှိနေတဲ့ နိုင်ငံတွေမှာဆိုရင် Roaming စနစ်က အရေးပါပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ Service Provider တစ်ယောက်ရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုကွန်ရက်ဟာ ရန်ကုန်တိုင်းအတွက်ပဲရှိတယ်ဆိုရင် ဒီကွန်ရက်ထဲမှာ အသုံးပြုနေတဲ့ဖုန်းတွေအတွက် အခြားကွန်ရက်တစ်ခုထဲကို သွားဖို့မဖြစ်နိုင်ပါဘူး။ CDMA 800 MHz ဖုန်းတွေ စတင်ချထားပေးစဉ်အချိန်တုန်းကလိုပဲ နယ်မြေသတ်မှတ်ချက်တွေနဲ့ ဖြစ်နေပါလိမ့်မယ်။

ရန်ကုန်နယ်မြေထဲကနေ အခြားကွန်ရက်တစ်ခုထဲကို သွားမယ်ဆိုရင်တော့ ကိုယ်သွားမယ့်နေရာအတွက် Roaming စနစ်ရှိနေဖို့ လိုအပ်ပါလိမ့်မယ်။ CDMA 800 MHz တွေကို 450 MHz ကွန်ရက်ထဲမှာ Roaming စနစ် အသုံးပြုခွင့်ပေးခဲ့တဲ့အတွက် CDMA 800 တွေဟာ နယ်မြေကန့်သတ်ချက်တွေမရှိတော့ပဲနဲ့ အခြားကွန်ရက်တစ်ခုထဲမှာ သွားရောက်အသုံးပြုနိုင်နေတာကလည်း Roaming စနစ်ကြောင့်ပါပဲ။ ဒီလိုမျိုးကွန်ရက်နှစ်ခုကို ပေါင်းစပ်ပေးထားခြင်းကို Roaming လို့ခေါ်တာပါ။ Roaming စနစ်မရှိဘူးဆိုရင်တော့ ကွန်ရက်တစ်ခုနဲ့တစ်ခု ပေါင်းစပ်အသုံးပြုလို့မရပါဘူး။ ဒါဆိုရင် ဖုန်းတွေဟာ သက်ဆိုင်ရာနယ်မြေတွေထဲမှာ အသုံးပြုနိုင်ပြီး သတ်မှတ်ကွန်ရက်ရဲ့ပြင်ပကို ထွက်ခွာနိုင်ဖို့ခက်ခဲပါလိမ့်မယ်။ တခြားပြည်ပနိုင်ငံတွေမှာဆိုရင် ဖုန်းလိုင်းကတ်ဝယ်ယူတာနဲ့ Roaming စနစ် အသုံးပြုမှာလား အသုံးမပြုဘူးလားဆိုတာကို မေးတာမျိုးတွေရှိပါတယ်။ တချို့ Service Provider တွေကလည်း တစ်ခါတည်း Roaming စနစ်ကို ထည့်သွင်းပေးထားတာမျိုးလည်း ရှိပါတယ်။

Ref: Myanmar Internet Journal

Sunday, July 22, 2012

Web App နှင့် Cloud အကြောင်း

Cloud ဆိုတာဘာလဲ?

စာဖတ်သူဟာ Cloud, Cloud Computing နဲ့ Cloud Storagte စတဲ့အသုံးအနှုန်းတွေကို ကြားဖူးကောင်းကြားဖူးပါလိ့မ်မယ်။ Cloud ဆိုတာကို အခြေခံအားဖြင့် အင်တာနက်လို့ဆိုနိုင်ပါတယ်။ ပိုပြီးရှင်းလင်းအောင်ပြောရရင် Cloud ဆိုတာအင်တာနက်ပေါ်ကနေ အဝေးထိန်းစနစ်နဲ့သုံးနိုင်တဲ့ အရာအားလုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။ Cloud မှာရှိတဲ့အရာတွေဆိုတာက ကွန်ပျူတာအစား အင်တာနက်ပေါ်မှာရှိတဲ့ ဆာဗာတွေပေါ်မှာ သိုလှောင်ထားတဲ့အရာတွေဖြစ်ပါတယ်။ ၄င်းဟာ Calendar, Email, File စတာတွေကို အင်တာနက်ဆက်သွယ်မှုရှိရုံနဲ့ မည်သည့်ကွန်ပျူတာပေါ်ကနေမဆို အသုံးပြုနိုင်စေပါတယ်။

တကယ်လို့ စာဖတ်သူဟာ Web အခြေခံ Email ကိုအသုံးပြုလေ့ရှိတယ်ဆိုရင် Cloud ကိုအသုံးပြုပြီးသားဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စာဖတ်သူရဲ့ Inbox ထဲမှာရှိတဲ့ Email အားလုံးကို ဆာဗာပေါ်မှာသိုလှောင်သိမ်းဆည်းထားခြင်းကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် အခြားဝန်ဆောင်မှုများဟာ Cloud ကိုကွဲပြားခြားနားတဲ့နည်းလမ်းတွေနဲ့ အသုံးပြုကြပါတယ်။ ဥပမာ

- Cloud Store ၀န်ဆောင်မှုတစ်ခုဖြစ်တဲံ Dropbox ဟာဖိုင်တွေကို အလွယ်တကူသိုလှောင်သိမ်းဆည်းထားနိုင်ပြီး အခြားသူများထံကိုလည်း ဖိုင်တွေမျှဝေခြင်းကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒိဖိုင်တွေကိုမိုဘိုင်းထုတ်ကုန်တွေပေါ်ကလည်း အသုံးပြုနိုင်ပါတယ်။

- Evernote ကတော့ ရေးမှတ်ထားတဲ့မှတ်စုများ၊ ဖြတ်ထားတဲ့ Web စာမျက်နှာများနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ကွန်ပျူတာနဲ့ မိုဘိုင်းထုတ်ကုန်တွေပေါ်မှာ စနစ်တကျစုစည်းထားပေးနိုင်ပါတယ်။

- Mozy နဲ့ Carbonite ကတော့ ကွန်ပျူတာမှအချက်အလက် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းနဲ့ ခိုးယူခြင်းတို့အတွက် အချက်အလက်တွေကို အလိုအလျောက် Back up လုပ်ပေးနိုင်ပါတယ်။

Cloud ကိုဘာကြောင့်သုံးရတာလဲ?

Cloud ကိုအသုံးပြုရခြင်းရဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ဒါပေမယ့် အဓိကအကြောင်းပြချက်ကတော့ အဆင်ပြေမှုရှိခြင်းနဲ့ ယုံကြည်စိတ်ချရခြင်းတို့ကြောင့်ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဖိုင်တစ်ခုကို သယ်ဆောင်သွားလိုတဲ့အခါမှာ အဲ့ဒိဖိုင်ကို USB Flash Drive, External Hard Drive ဒါမှမဟုတ် CD-R Disc တွေမှာထည့်သွင်းသိမ်းဆည်းပြီးမှ သယ်ဆောင်ရပါတယ်။ Cloud ပေါ်မှာဖိုင်ကိုသိမ်းဆည်းတဲ့အခါမှာ မည်သည့် Physical Media မှမလိုအပ်ဘဲ အင်တာနက်ဆက်သွယ်မှုရှိတဲ့ မည်သည့်ကွန်ပျူတာကနေမဆို အသုံးပြုနိုင်ပါတယ်။ နောက်ပြီး Cloud ဟာ ဖိုင်တစ်ခုကိုစာဖတ်သူရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်းတွေထံ ဝေမျှခြင်းတို့အတွက် အလွယ်တကူပြုလုပ်ပေးနိုင်တာကြောင့် အင်တာနက်ပေါ်ကနေ ပူးပေါင်းဆောင်ရွက်ခြင်းကို ပြုလုပ်စေနိုင်မှာဖြစ်ပါတယ်။

Web Apps ဆိုတာဘာလဲ?

Web Application လို့လည်းခေါ်ဆိုနိုင်တဲ့ Web Apps ဆိုတာက ကွန်ပျူတာပေါ်မှာ Install လုပ်စရာမလိုပဲ Cloud ပေါ်မှာအသုံးပြုနိုင်တဲ့ Application တွေဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ Cloud Apps လို့လည်းခေါ်ပါတယ်။ Web Apps ဥပမာတစ်ချို့ကိုပြောရရင်

- Online Email Services : Yahoo! Mail နဲ့ Gmail ကဲ့သို့သော ၀န်ဆောင်မှုများဟာ Browser အတွင်းမှ အသုံးပြုနိုင်ပြီး ၄င်းတို့ဟာ Microsoft Outlook လိုမျိုး Email Program တွေကဲ့သို့တူညီစွာလုပ်ဆောင်ပေးနိုင်ပါတယ်။ အဆိုပါ အွန်လိုင်းအီးမေးလ်ဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါမှာ အသုံးပြုလိုတဲ့ Online Email Service တစ်ခုကို Sign Up ပြုလုပ်ပြီးတာနဲပ Installation လုပ်စရာမလိုဘဲချက်ချင်းအသုံးပြုနိုင်ပါတယ်။ အဆိုပါ Email တွေကိုကွန်ပျူတာပေါ်သိမ်းဆည်းထားရမယ့်အစား Cloud ပေါ်မှာသာ သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။

- Google : Google Docs ဟာလည်း Browser အတွင်းမှာအသုံးပြုနိုင်တဲ့ Office Suite တစ်ခုဖြစ်ပါတယ်။ Microsoft Office နဲ့အလွန်တူညီပြီး Document, Spreadsheet များနဲ့ Presentation များစတာတွေကို ဖန်တီးပြုလုပ်နိုင်ပါတယ်။ အဆိုပါ Document တွေကို Cloud ပေါ်မှာသိုလှောင်သိမ်းဆည်းနိုင်ပြီး အခြားသူတွေထံကိုလည်း အလွယ်တကူဝေမျှနိုင်ပါတယ်။

- Facebook : Facebook ဆိုတာကတော့ Online Profile တစ်ခုဖန်တီးပြီး သူငယ်ချင်းတွေနဲ့ အပြန်အလှန်ချိတ်ဆက်နိုင်စေမယ့် Social network site တစ်ခုဖြစ်ပါတယ်။ Profile များနဲ့ သတင်းအချက်အလက်ဖလှယ်ခြင်းများကို အဆက်မပြတ်ပြုလုပ်နိုင်ပြီး Web App နည်းပညာများကို အသုံးပြုထားတဲ့အတွက် Site တစ်ခုလုံးရှိ နောက်ဆုံးပေါ်အချက်အလက်တွေကို ရယူနိုင်ပါတယ်။ ဒါ့အပြင်ဂိမ်းများနဲ့ အခြား Web app များကိုလည်း အသုံးပြုသူရဲ့ Facebook Profile မှာထည့်သွင်းထားနိုင်ပါတယ်။

Web app တွေကို Website များမှာပိုမိုထည့်သွင်းအသုံးပြုလာတာနဲ့အမျှ Web Application နဲ့သာမာန် Website တို့အကြားခွဲခြားသိမြင်မှုကလည်း ပိုမိုခက်ခဲလာပါတယ်။ အများစုကတော့ အသုံးပြုသူဟာ Web Application ကိုသတိမမူဘဲ အသုံးပြုနေမိတတ်ပါတယ်။

Web apps တွေဘယ်လိုအလုပ်လုပ်သလဲ?

Web apps တစ်ခုကိုအသုံးပြုတဲ့အခါမှာ ကွန်ပျူတာနဲ့ မိုဘိုင်းထုတ်ကုန်ပေါ်ကနေ ပြုလုပ်နိုင်ပေမယ့် တကယ်တမ်းမှာတော့ ဆာဗာတွေရှိတဲ့ ကွန်ရက်တစ်ခုကြောင့်သာ လုပ်ဆောင်ချက်ပြီးဆုံးခြင်းဖြစ်ပါတယ်။ အဲ့ဒိ ဆာဗာတွေဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လုပ်ဆောင်ချက်အားလုံးကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့အပြင်အသုံးပြုသူရဲ့ အချက်အလက်သိုလှောင်ခြင်းနဲ့ အခြားအသုံးပြုသူများရဲ့ အချက်အလက်တွေကိုသိုလှောင်ခြင်း နဲ့အခြားသုံးပြုသူများရဲ့ အချက်အလက်တွေကို သိုလှောင်ခြင်းအတွက် အထူးပြုလုပ်ထားတဲ့ ဆာဗာတွေကိုအသုံးပြုကြပါတယ်။ လုပ်ဆောင်ချက်အားလုံးကို အထစ်အငေါ့မရှိဘဲ ချောမွေ့စွာပြုလုပ်နိုင်တဲ့အတွက် ကွန်ပျူတာပေါ်မှာ Application တွေကိုအသုံးပြုသလိုမျိုးကဲ့သို့ ပြုလုပ်စေနိုင်ပါတယ်။

ဥပမာအနေနဲ့ Document တစ်ခုကို Google Docs နဲ့ဖွင့်လိုက်တဲ့အခါမှာ စာဖတ်သူအသုံးပြုတဲ့ ဆာဗာတွေရဲ့ကွန်ရက်ကိုချိတ်ဆက်ပါတယ်။ ယင်း Document ကိုပြင်ဆင်တဲ့အခါမှာလည်း Browser ဟာဆာဗာတွေနဲ့ဆက်သွယ်လုပ်ဆောင်ပြီး အရာအားလုံး Up-to-Date ဖြစ်အောင်ပြုလုပ်ပါတယ်။

Myanmar Internet Journal မှကူးယူဖော်ပြသည်။

Window 8 OS တွင် ပါဝင်လာမည့် စိတ်ဝင်စားဖွယ် Feature ၆ မျိုး



(၁) Boot in Less than 20 seconds

OS တစ်ခုကို Boot တက်ဖို့အတွက် ၂၀စက္ကန့်ထက်မပိုဘူးဆိုတဲ့ Window 8 မှာ ပါဝင်လာမယ့် Feature အမှန်တကယ်ပါဝင်လာခဲ့ရင် ထင်ထားတာတက်ပိုပြီး စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်တစ်ခုပါပဲ။ Microsoft ရဲ့ OS developers တွေရဲ့ ထူးခြားတဲ့ တီထွင်ဖန်တီးနိုင်မှုအဖြစ် “Hybrid Boot Mode” ကို Window 8မှာ အသုံးချခွင့် တကယ်ပေးလာမယ်လို့ အင်တာနက်သတင်းတွေ ပေါက်ကြားလာတဲ့ သတင်းတွေအရ သေချာမှုအတော်လေးရှိနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒီ Hybrid Boot Mode ဟာ လက်ရှိသုံးနေတဲ့ ဖွင့်ထားတဲ့ Window OS စနစ်ကို စက္ကန့် ၂၀ထက်မပိုတဲ့အချိန်အတွင်းမှာ ပိတ်နိုင်၊ ဖွင့်နိုင်မယ်လို့ ဆိုပါတယ်။ ဒီစနစ်ကို ယခု Window 7 မှာဝါ၀င်ပြီးသားဖြစ်တဲ့ Log off နဲပ Hibernate ဆိုတဲ့ Features နှစ်မျိုးကို ပေါင်းစပ်ပြီး အသစ်တီထွင်ဖန်တီးမှုရဲ့ ရလဒ်လို့ ဆိုနိုင်ပါတယ်။ ဒီ Feature ရဲ့လုပ်ဆောင်ပုံကတော့ Shudown ခလုတ်ကို နှပ်လိုက်တာနဲ့တစ်ပြိုင်နက် Log off အဖြစ်ဖွင့်ထားသမျှ App တွေအားလုံးကို ပိတ်လိုက်ပြီး Hibernate ဆိုတဲ့ Feature ရဲ့လုပ်ဆောင်ချက်နဲ့ အဆုံးသတ်ပိတ်ထားလိုက်ပါတယ်။ Power ပြန်ဖွင့်ပြီး Window ပြန်တက်တဲ့အချိန်မှာ ဒီ Hybrid Boot Mode ရဲ့လုပ်ဆောင်ချက်ကြောင့် စက္ကန့် ၂၀ထက် နောက်မကျတဲ့ Widnow 8 ရဲ့ Screen Homepage ကိုမြင်တွေ့နိုင်စေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို Screen shot တွေအဖြစ် အင်တာနက်စာမျက်နှာတွေမှာ သတင်းပေါက်ကြားခဲ့တာကိုလည်း နေရာတော်တော်များများမှာ ရေးသားချက်များကို လေ့လာနိုင်မှာဖ်ြစပါတယ်။

(၂) Two user interface

Window 8 ထွက်လာရင် မျှော်လင့်ချက်တွေများစွာနဲ့ အသစ်ပါဝင်လာမယ့် Features တွေများစွာကို စိတ်လှုပ်ရှားစွာ စောင့်စားနေတဲ့အထဲမှာ ဒုတိယလိုက်နေတဲံ Feature အသစ်တစ်မျိုးကတော့ User Interface(UI) ကို ပုံစံနှစ်မျိုးနဲ့ မြင်တွေ့နိုင်မယ်ဆိုတဲ့ အချက်ပါပဲ။ ပုံစံတစ်မျိုးကတော့ ပုံမှန် Window OS တွေမှာ ပါဝင်နေကြပုံစံမျိုးဖြစ်ပြီး နောက်တစ်မျိုးကတော့ Tablet အခြေခံ Device တွေ၊ Touch စနစ်အသုံးပြုနိုင်တဲ့ Device တွေအတွက် ရည်ရွယ်ထားတဲ့ Touch friendly user interface ဖြစ်ပါတယ်။ Microsoft ရဲ့ Developer တွေ ဖန်တီးနိုင်မှုများစွာထဲမှာ Microsoft ရဲ့ တပင်တိုင်နန်းစံ Internet Explorer Browser ကို Touch အခြေခံဗားရှင်းအဖြစ် ထုတ်လုပ်နိုင်ခဲ့မှုမှာလည်း တစ်ခုအပါအ၀င်ဖြစ်စေခဲ့ပါတယ်။ အဲ့ဒိ IE Browser အသစ်ပုံစံမှာ Address bar တစ်ခုတည်းကိုပဲ ပြထားမှာဖြစ်ပြီး ကျန်တဲ့ လုပ်ဆောင်ချက်တွေ၊ Tab တွေအားလုံးကို မြင်တွေ့နိုင်မှာမဟုတ်ပါဘူး။ Touch friendly စနစ်အတွက် လုံခြုံမှု စိတ်ချနိုင်စေဖို့အတွက် ယခင် Window OS တွေမှာသုံးတဲ့ Password ပုံစံထက် Ardroid OS တွေမှာ သုံးနေတဲ့ Grid Pattem ပုံစံမျိုးနဲ့ ဖြစ်လာမယ်လို့ ပေါက်ကြားလာတဲ့ အင်တာနက် သတင်းတွေမှာ ဆိုထားပါတယ်။ ထူးခြားပြီး ဆန်းသစ်တဲ့ အသွင်အပြင်နဲ့မို့ Window OS ချစ်သူတွေ စွဲမက်စရာ ဖြစ်စေပါလိမ့်မယ်။

(၃) Window Store

Window store ဆိုတာကတော့ Microsoft ရဲ့ Application ထုတ်ကုန်တွေအားလုံးကို Apple store လိုမျိုး Android market လိုမျိုး ရယူအသုံးပြုနိုင်ကြောင်းကို ရည်ညွန်းခြင်းပဲဖြစ်ပါတယ်။ ဒီ Window store ကနေပြီး သင့် Browser ကနေတိုက်ရိုက်ချိတ်ကာ လိုင်စင်နဲ့ ရောင်းချတဲ့ App တွေ၊ လူသုံးအများဆုံး App စာရင်းတွေနဲ့ နမူနာအဖြစ်ပေးသုံးတဲ့ Trial version လိုမျိုးကို ဒီ Window store ဥာ တကယ် Window 8 မှာ ပါဝင်လာမယ်ဆိုရင် သင့်အနေနဲ့ fully download ပေးတဲ့အချိန်အထိ စောင့်ဆိုင်းနေစရာမလိုဘဲ အချိန်မရွေး App store ကနေ ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာနဲ့ နမူနာတူလဲဆိုတော့ google ရဲ့ Chrome OS နဲ့ သွားတူမှာဖြစ်ပါတယ် ဒါကြောင့် Tablet တွေလိုမျိုး သိမ်းဆည်းစရာနေရာကန့်သတ်ချက်ရှိတဲ့ Device တွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ဘယ် Application ကိုမှ ကွန်ပျူတာရဲ့ Disk space ပေါ်ကို Install လုပ်စရာမလိုဘဲ အသုံးပြုနိုင်စေမှာဖြစ်ပါတယ် ဒါကတော့ Window 8 မှာ ပါဝင်လာမယ်လို့ တစ်ပြေးနေတဲ့ Top 6 feature တွေထဲက တတိယမြောက်ရှေ့ပြေးနေတဲ့ Feature အသစ်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၄) Automatic Maintenance

Microsoft က နောက်ထပ်ထုတ်မယ့် Window 8 မှာ New feature အနေနဲ့ပါဝင်လာမယ့် Feature တစ်ခုကတော့ “Automatic Maintenance” ဆိုတဲ့ Feature ပဲဖြစ်ပါတယ်။ သူရဲ့ လုပ်ဆောင်ချက်ကတော့ သင့်ကွန်ပျူတာ က Hard disk တွေ Net optimization service တွေကို အလိုအလျှောက် စစ်ဆေးကာ လိုအပ်တာတွေကို အလိုအလျှောက်ပြုပြင် ထိန်းသိမ်းဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ Window 7 မှာပါဝင်တဲ့ Disk Cleanup ထက် ပိုမိုအစွမ်းထက်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်။ မလိုအပ်တဲ့ ဖိုင်တွေကို အလိုအလျှောက် ဖြေရှင်ေးပးနိုင်စွမ်းရှိတာကြောင့် သင့်ရဲ့ ကွန်ပျူတာကို အမြဲတမ်းပေါ့ပါးပြီး လျှင်မြန်နေစေမှာဖြစ်ပါတယ်။ လုပ်ဆောင်အသေးစိတ်အချက်အလက်တွေကို မသိနိုင်သေးပေမယ့် Window 7 မှာထက်ပိုပြီး အစွမ်းထက်တဲ့ Disk Cleanup Utility ဖြစ်မယ်ဆိုတာကိုတော့ အားလုံးက မျှော်လင့်နေကြပါတယ်။

(၅) New Windows Explorer

Window 8 ထွက်တဲ့အခါမှာ Window အားလုံးမှာ မြင်တွေ့နေကျဖြစ်တဲ့ Window Explorer တွေနဲ့မတူတာကိုတော့ ပထမဆုံးမြင်တွေခံစားရမှာသေချာပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေကို အလွယ်တကူသိနိုင်သလို အသုံးပြုရမှာလည်း ပိုပြီး လွယ်ကူရှင်းလင်းနေမှာဖြစ်တယ်လို့ အင်တာနက် သတင်းတွေရဲ့ သတင်းပေါက်ကြားမှုတွေမျာ မြင်တွေ့နေရပါတယ်။ အဓိကအပြောင်းအလဲအဖြစ် မြင်တွေ့ရမှာကတော့ Explorer ရဲ့ Menu ပုံစံဖြစ်ပြီး နေ့စဉ်နဲ့အမျှ လုပ်ဆောင်ချက်တွေကို Startcuts အနေနဲ့ မှတ်သားထားပေးမှာဖြစ်ပါတယ်။ ဒီ Menu ပုံစံကို တစ်ချို့ အင်တာနက်စာမျက်နှာတွေမှာတော့ Ribbon Menu ဆိုပြီး ခေါ်ဝေါသုံးစွဲကြတာတွေ့နိုင်ပါတယ်။ ဒီ Ribbon Menu Style ကပဲ Window 8 ရဲ့ အသွင်ကို တခြား Window OS ပုံစံတွေကနေ ခွဲထုတ်နိုင်စေမှာဖြစ်ပါတယ်။ အရင် Window တွေမှာ Right click ကနေ အသုံးပြုခဲ့ရတဲ့ တချို့လုပ်ဆောင်ချက်တွေကို Window explorer ရဲ့ Ribbon menu မှာ ထည့်သွင်းတည်ဆောက်ထားတဲ့ Screen shot တွေ၊ အင်တာနက်မှာ ပျံ့နှံနေတာကို မြင်တွေ့နိုင်ပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်တွေကို ပုံမှန်ကလစ် နှစ်ချက်၊ သုံးချက်နဲ့ အလုပ်လုပ်ခဲ့ရတဲ့ ကြာချိန်တွေ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

(၆) Window Time Machine

Microsoft ရဲ့ Window 8 မှာ ပါဝင်လာမယ်လို့ နာမည်ကြီးနေတဲ့ Feature အသစ်တစ်မျိုးကတော့ Window Time Machine ပဲဖြစ်ပါတယ်။ ဒီ Feature ဟာ သင်မှားဖျက်မိလိုက်တဲ့ ဖိုင်တွေ၊ Data တွေကို Backup အနေနဲ့ ပြန်လည်ရယူနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်အတွက် Window OS သမိုင်းတစ်လျှောက်မှာ Third Party tool တွေကိုပဲ သုံးစွဲခဲ့ကြရပါတယ်။ အခုတော့ Window 8 ကနေစပြီး Third Part Tool တွေကို သုံးစရာမလိုတော့ပါဘူး။ ဒီ Feature ဟာ Window မှာပါနေကျဖြစ်တဲ့ Restore option နဲ့ ခပ်ဆင်ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်ချက်ကတော့ မတူညီပါဘူး။ Window Time Machine ရဲ့ လုပ်ဆောင်ချက်ဟာ Apple ရဲ့ နောက်ဆုံးထုတ်ဗားရှင်းဖြစ်တဲ့ Mas OS X Lion ရဲ့ Apple Time Machine နဲ့ ခပ်ဆင်ဆင်တူတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒီ Feature ကို တခြားအင်တာနက် စာမျက်နှာတစ်ချို့မှာတော့ History Vault ဆိုပြီး ခေါ်ဆိုမှုတွေ ရှိနေပါသေးတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဖျက်မိတဲ့ ပျက်သွားတဲ့ ဖိုင်တွေ အရေးတကြီး Data တွေကို ပြန်လညရယူနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: Myanmar Internet Journal

Saturday, July 21, 2012

Windows 8 ဖြန့်ချိမည့် ရက်ကို Microsoft ကြေညာ

Microsoft ကုမ္ပဏီမှာ ၎င်းတို့၏ နောက်ဆုံးထုတ် Windows 8 ဆော့ဖ်ဝဲ စတင် ရောင်းချမည့် ရက်အား ကြေညာလိုက်ပြီ ဖြစ်သည်။ ယခု ဆော့ဖ်ဝဲကို အများမှ

တောင့်တနေခြင်းလည်း ဖြစ်သည်။ Microsoft ၏ Window အသင်းခေါင်းဆောင် ဖြစ်သူ Steven Sinofsky ၏ အပြောအရ ယခု စနစ်သစ်ကို လာမည့် အောက်တိုဘာလ ၂၆ ရက်တွင် စတင် ဖြန့်ချိမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ယခုလို ကြေညာချက်ကို Steven Sinofsky မှ ဗုဒ္ဓဟူး နေ့က Microsoft ၏ Microsoft Global Exchange (MGX) ခေါ် နှစ်စဉ် အရောင်းမြှင့်တင်မှု တွေ့ဆုံပွဲ အတွင်း ပြော ကြားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ တာဝန်ရှိသူမှ ပြောရာ၌ Windows 8 ကို ဘာသာစကား ၁၀၉ မျိုးဖြင့် ကမ္ဘာအနှံ့ရှိ ဈေးကွက် ၂၃၁ ခုတွင် ရရှိနိုင်မည် ဖြစ်ကြောင်း လည်း ပြောခဲ့သည်။ ယခု စနစ်ကို လက်ကိုင်ဖုန်းများနှင့် အခြားသော ပစ္စည်းများတွင်လည်း သုံးစွဲနိုင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

source : presstv.ir



Credit : MRTV

Windows ပေါ်မှာ Ubuntu Linux ကို ဘယ်လို Install လုပ်ပြီး run မလဲ

တခြား hard drive တစ်ခု ထပ်မထည့်ဘဲ၊ ဒါမှမဟုတ် ရှိတဲ့ hard drive ကို Partition ထပ်မပိုင်းဘဲ၊ dual boot မလုပ်ဘဲ Ubuntu Linux ကို စမ်းကြည့်ချင်ပါသလား။ ဒီလမ်းညွှန်ချက် အဆင့်ဆင့်ကနေ Windows ပေါ်မှာ Virtual Machine အဖြစ်နဲ့ Ubuntu Linux ကို ဘယ်လို run နိုင်မလဲ ဆိုတာပြောပြပါမယ်။

Virtual Machine သုံးတာရဲ့ အဓိကအကျိုးကျေးဇူးကတော့ Linux community က free ပေးတဲ့ Ubuntu Linux ရဲ့ ဆော့ဖ်ဝဲ library ကြီးတစ်ခုလုံးကို Windows နဲ့တပြိုင်တည်း အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ နောက် Windows user တစ်ယောက်ဖြစ်ခဲ့ရင် Ubuntu နဲ့ကွဲပြားခြားနားချက်တွေ၊ လုပ်ဆောင်နိုင်စွမ်းတွေကို ချက်ချင်းနှိုင်းယှဉ် လေ့လာကြည့် နိုင်ပါတယ်။

မှတ်သားရမယ့် အချက်တစ်ခုကတော့ Virtual Machine ပေါ်မှာ run တဲ့ “guest” Operating System က ဘယ်လောက်မြန်မြန် “host” (primary) OS ကိုမမီနိုင်ပါဘူး။ Virtual Machine ပေါ်မှာ ဟာ့ဒ်ဝဲတော်တော်များများက emulate လုပ်ထားတဲ့အတွက် အသုံးပြုတပ်ဆင်ထားတဲ့ တကယ့် ဟာ့ဒ်ဝဲ device တွေရဲ့ feature တွေအားလုံးမရနိုင်ပါဘူး။ ဥပမာ - Primary OS Windows ပေါ်မှာ စိတ်ကြိုက် နောက်ဆုံးပေါ် ဂရပ်ဖစ်ကတ် တပ်ဆင် ထားတယ်ဆိုရင် ဒီဂရပ်ဖစ်ကတ်အမျိုးအစားရဲ့ speed နဲ့ performance က Windows ပေါ်မှာသာ ရနိုင်ပါတယ်။ Virtual Machine ပေါ်က “guest” OS မှာတော့ ဒီကတ်အမျိုးအစားကို Standard default ကတ်တစ်ခုအနေနဲ့သာ တွေ့မြင်ရပြီး speed နဲ့ performance ကလည်း standard လောက်သာရမှာ ဖြစ်ပါတယ်။ ဒါတွေက သိပ်တော့ အရေးမကြီးပါဘူး။ တကယ်အကျိုးရှိတာက Windows နဲ့ Ubuntu ကိုတစ်ပြိုင်တည်း သုံးနိုင်တာပဲ ဖြစ်ပါတယ်။

လိုအပ်ချက်များ
နည်းလမ်းတွေအများကြီး၊ ရွေးချယ်စရာ Virtual Machine ဆော့ဖ်ဝဲတွေ အများကြီးထဲကမှ အခု ရွေးချယ်မှာတော့ Ubuntu Linux ကို မိုက်ကရိုဆော့ဖ်ရဲ့ Virtual PC 2007 ပေါ်တင်မှာ ဖြစ်ပါတယ်။ အခုလို OS နှစ်မျိုးသုံးချင်တယ် ဆိုရင် တခြား Virtual Machine ဆော့ဖ်ဝဲတွေလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။


လိုအပ်တာတွေကတော့
- Windows XP ၊ ဒါမှမဟုတ် Vista
- လုံလောက်တဲ့ processor (အနည်းဆုံး 1.5GHz ၊ ဒါမှမဟုတ် dual core)
- အနည်းဆုံး 1GB ပမာဏရှိတဲ့ RAM
- Microsoft Virtual PC 2007 ( အခမဲ့ရနိုင်ပါတယ်။) download page မှာပြောတာက XP Professional edition လိုတယ်လို့ပြောပါတယ်။ ဒါပေမဲ့ တော်တော်များက Home edition မှာအလုပ်လုပ်တယ်လို့လည်း သိရပါတယ်။
- ပြီးတော့ Ubuntu ရဲ့ နောက်ဆုံး version လိုပါတယ်။ (ဒီအချိန်မှာရှိတာက 7.10 ပဲထွက်ပါသေးတယ်။) Ubuntu site က ISO ဖိုင်ကို စီဒီပေါ်မှာ write လိုက်ပါ။

Microsoft Virtual PC 2007 ပေါ်မှာ Ubuntu install လုပ်ပုံအဆင့်ဆင့်
၁။ Windows ထဲမှာ install လုပ်ပြီးသား Virtual PC ပရိုဂရမ် ကိုဖွင့်ပါ။ Virtual PC console ပွင့်လာရင် New ကိုနှိပ်ပါ။ New Virtual Machine Wizard ပေါ်လာပါလိမ့်မယ်။ Next ကိုနှိပ်လိုက်ပါ။

၂။ New Virtual Machine Option ကိုရွေးပြီး Next ကိုနှိပ်ပါ။

၃။ နာမည်ကို “Ubuntu Linux” လို့မေးပြီး Next ကိုနှိပ်ပါ။

၎။ OS type မှာ “other” ကိုရွေးပြီး Next ကိုနှိပ်ပါ။

၅။ RAM ပမဏကိုအနည်းဆုံး 256MB ထားပါ။ ဒါပေမဲ့ 512MB နဲ့အထက်ဆိုရင် ပိုကောင်းပါတယ်။ Assign လုပ်ထားတဲ့ RAM ပမဏ ပိုများလေ Ubuntu ကိုမြန်မြန် run နိုင်လေ ဖြစ်ပါတယ်။ Virtual Machine ကို RAM တော်တော်များများ assign လုပ်လိုက်ရင်တော့ Host Windows အတွက် memory နည်းသွားမှာဖြစ်ပါတယ်။ ပြီးရင် Next ကိုနှိပ်ပါ။

၆။ New Virtual disk တစ်ခုလုပ်ဖို့ option ကိုရွေးပါ။ Next နှိပ်ပါ။

၇။ Windows ရဲ့ hard disk မှာ Virtual Machine ဖိုင်ကို သိမ်းဖို့အတွက်နေရာရွေးပါ။ ပြီးတော့ Virtual Machine ရဲ့ size ကို assign လုပ်ပါ။ ဒါဟာ Ubuntu hard drive size ကို သတ်မှတ်တာပဲဖြစ်ပါတယ်။ အနည်းဆုံးတော့ 10GB လောက်ထားပါ။ ပြီးရင် Next နှိပ်ပါ။

၈။ Summary page မှာ ရွေးခဲ့တာတွေအားလုံးကို ပြန်ကြည့်နိုင်ပါတယ်။ သေချာပြီဆိုရင် Finish button ကိုနှိပ်ပြီး Virtual Machine တစ်ခုလုပ်နိုင်ပါတယ်။ အဲဒီနောက် Virtual PC console မှာ “Ubuntu Linux” ဆိုတဲ့ နာမည်နဲ့ item တစ်ခုပေါ်နေပါလိမ့်မယ်။ အဲဒါကိုရွေးပြီး Setting button ကိုနှိပ်ကာ အထက်က ရွေးခဲ့တာတွေကို မကြိုက်ရင် ပြန်ပြင်နိုင်ပါတယ်။

၉။ စီဒီ drive ထဲမှာ Ubuntu စီဒီကိုထည့်ပါ။ Virtual PC console က “Ubuntu Linux” ဆိုတဲ့ display name ကို select လုပ်ပြီး start ကိုနှိပ်ပါ။

၁၀။ Virtual Machine (VM) ကိုပထမအဆုံးအကြိမ်အနေနဲ့ တင်လိုက်ရင် စီဒီထည့်ထားပေမယ့် assign လုပ်ထားတဲ့ boot device မရှိတဲ့အတွက် VM က Network က boot လုပ်ဖို့ ကြိုးစားနေပါလိမ့်မယ်။ အဲဒီအချိန်မှာ cursor ကလည်နေမယ်၊ ဒါမှမဟုတ် “No boot device found” ဆိုတဲ့ error ကိုတွေ့နိုင်ပါတယ်။

၁၁။ ဒါကိုဖြေရှင်းဖို့အတွက် VM ကို host OS Windows က စီဒီ drive ကိုယူသုံးဖို့ ပြောပါလိမ့်မယ်။ Virtual PC ရဲ့ CD menu က “Use Physical Drive D:” (CD drive က E: ဖြစ်ခဲ့ရင် E:) ကိုရွေးပါ။ ဒီလိုလုပ်တာဟာ Windows ရဲ့စီဒီ drive ကို VM ထဲမှာ ထည့်ပေါင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

၁၂။ Virtual PC menu ကနေ Select Action > Reset ကိုရွေးပြီး VM ကို restart ပြန်ုလုပ်ပါ။

၁၃။ နောက်တစ်ကြိမ် VM က reboot လုပ်တာနဲ့ စီဒီက boot လုပ်ပြီး Ubuntu ရဲ့ boot menu ကိုမြင်ရပါလိမ့်မယ်။ ဒီဆောင်းပါးရေး တဲ့အချိန်က Ubuntu 7.10 ကို Virtual PC 2007 လိုမျိုး VM ဆော့ဖ်ဝဲတစ်ခုပေါ်မှာ တင်လိုက်ရင် PS2 port driver တွေက ကောင်းကောင်း အလုပ်မလုပ်သေးတဲ့ bug ရှိနေပါတယ်။ အဲဒီအတွက် Ubuntu forum ကပြောတဲ့အတိုင်း ဖြေရှင်းကြည့်နိုင်ပါတယ်။
- Ubuntu boot လုပ်တဲ့အချိန်မှာ F6 ကိုနှိပ်ပြီး စကရင်ရဲ့အောက်ခြေက boot command string ကို ကြည့်လိုက်ပါ။
- စာသားအဆုံးမှာ “Splash” ကိုဖြုတ်ပြီး dash နှစ်ခုရဲ့ရှေ့မှာ “i8042.noloop” ကိုရိုက်ပါ။
- ပြီးရင် Ubuntu ကို safe graphic mode ကနေ ရွေးလိုက်ပါ။
- စကရင်ဟာ screenshot ဖမ်းထားသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ ဒီအချိန်မှာ Enter နှိပ် Ubuntu ကို boot လုပ်လိုက်ပါ။

၁၄။ Ubuntu ရဲ့စီဒီက boot လုပ်တဲ့ process ဟာနည်းနည်းတော့ကြာပါတယ်။ Blank စကရင်ကို မိနစ်အတော်ကြာမြင်ရပြီဆိုရင် OK ပါပြီ။ နောက်ဆုံးမှာ Ubuntu ကလိုအပ်တဲ့ start up service တွေအကုန် load လုပ်ပြီး ဖြစ်တဲ့အတွက် GUI ကိုမြင်ရပါလိမ့်မယ်။ အခုဆိုရင် Ubuntu ရဲ့ Live စီဒီနဲ့ run နေတာဖြစ်ပါတယ်။

၁၅။ မောက်စ်နဲ့ကီးဘုတ်တွေက VM နဲ့ Host Windows ကြားမှာ share သုံးနေရတာဖြစ်တဲ့အတွက် VM ထဲမှာ တစ်ချက် click လုပ်လိုက်တာနဲ့ Host Windows ကနေ မောက်စ်နဲ့ကီးဘုတ်တွေသုံးလို့မရတော့ပါဘူး။ Windows မှာ ပြန်သုံးချင်ရင်တော့ ညာဘက်ခြမ်းက Alt ကိုနှိပ်ပြီး ပြန် Switch လုပ်နိုင်ပါတယ်။

၁၆။ Ubuntu ထဲမှာရှိတဲ့ application တွေအားလုံး စိတ်ကြိုက်သုံးကြည့်နိုင်ပါတယ်။ ဒါပေမဲ့ စီဒီကနေ run နေတဲ့အတွက် response ကတော့ တော်တော်နှေးနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် VM ထဲမှာ တကယ် install လုပ်ရအောင် Ubuntu က install လုပ်ရတာလွယ်ပါတယ်။ Desktop ပေါ်မှာရှိတဲ့ install icon ကို double click နှိပ်လိုက်တာနဲ့ installation စတင်တာပါပဲ။ ခဏတော့စောင့်ပါ။

၁၇။ နှစ်သက်ရာ language ကိုရွေးပါ။ ပြီးရင် Forward ကို နှိပ်ပါ။

၁၈။ Time Zone ကိုရွေးပါ။ Forward ကိုနှိပ်ပါ။

၁၉။ Keyboard layout ကိုရွေးပါ။ Forward ကိုနှိပ်ပါ။

၂၀။ Ubuntu ရဲ့ partitioner က VM မှာ Ubuntu အတွက်ထားခဲ့တဲ့ disk space ပမဏကို စစ်ဆေးပါလိမ့်မယ်။ Default အတိုင်းပဲထားပြီး Ubuntu အတွက်ထားတဲ့ disk space တစ်ခုလုံး သုံးပါမယ်။ နှစ်သက်သလို ပိုင်းနိုင်ပါတယ်။ အခု default အတိုင်းထားပြီး Forward ကိုနှိပ်ပါ။

၂၁။ User တစ်ခုအတွက် form ဖြည့်ပေးရပါမယ်။ ထည့်တဲ့ user name နဲ့ password ကိုမှတ်ထားပါ။ ပြီးရင် Forward ကိုနှိပ်ပါ။

၂၂။ Summary page မှာ ရွေးထားတာတွေကို ပြန်ကြည့်နိုင်ပါတယ်။ ပြီးရင် install button ကိုနှိပ်ပြီး Ubuntu ကို install လုပ်ပါ။ အချိန်အနည်းငယ်ကြာပါလိမ့်မယ်။

၂၃။ Install လုပ်တာ လုံးဝပြီးသွားတဲ့အခါ tray ထဲမှာ စီဒီရှိရင်ထုတ်ဖို့ message ပေါ်လာပါလိမ့်မယ်။ Virtual PC menu မှ CD>Eject ကိုရွေးပြိး Ubuntu installation စီဒီကိုဝယ်လိုက်ပါ။ ပြီးရင် VM ထဲက Ubuntu installation ကို restart လုပ်ခိုင်းလိုက်ပါ။

၂၄။ Install လုပ်ပြီးသား Ubuntu ဟာ ပထမဆုံးစ run မယ်ဆိုရင် မ run ခင်မှာ ၏အရင်စီဒီ နဲ့ run တုန်းကလိုပဲ Ubuntu ရဲ့ Bug ကိုရှင်းတဲ့ command အရင်ရိုက်သင့်ပါတယ်။ ဒါမှ မောက်စ်နဲ့ကီးဘုတ်ကို Windows နဲ့ Ubuntu နှစ်ခုလုံးမှာ သုံးလို့ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့က တစ်ကြိမ်ပဲလိုပါတယ်။ Config ဆိုတဲ့ Message ကို တွေ့ရပါလိမ့်မယ်။ Esc နှိပ်ပြီး GRUB configuration ကိုဝင်လိုက်ပါ။ Esc နှိပ်ဖို့ အချိန်မမီလိုက်ရင် Virtual PC ရဲ့ Menu မှာ Action > Reset ဆိုပြီး VM ကို boot ပြန်လုပ်ပါ။

၂၅။ GRUB configuration မှာ ပထမဆုံး option ဖြစ်တဲ့ “Ubuntu [version], kernel 2.6.x-x-generic” ဆိုတာကိုရွေးထားတာ တွေ့ရပါလိမ့်မယ်။ “E” ကိုနှိပ်ပါ။

၂၆။ Kernel option (ဒုတိယ Line မှာရှိပါလိမ့်မယ်) ကိုရွေးပြီး “E” ကိုနှိပ်ပါ။

၂၇။ အရင်ကလိုပဲ Line အဆုံးမှာရှိတဲ့ “splash” ကို “i8042.noloop” လို့ပြင်ပြီး Enter နှိပ်ကာ changes ကို apply လုပ်ပါ။

၂၈။ Kernel option စကရင်ပြန်ရောက်ရင် “B” နှိပ်ပြီး Ubuntu ကို run လိုက်ပါ။ Ubuntu ထဲကို login ၀င်ပြီးတာနဲ့နောက်တစ်ကြိမ် boot လုပ်တိုင်း ထပ်ပြင်စရာမလိုအောင် ဘယ်မှာ ဘယ်လို အပြီးသွားရေးထားရမလဲ ဆိုတာ ပြပါမယ်။

၂၉။ Ubuntu log in screem ပေါ်မှာ ပေးထားတဲ့ user name နဲ့ password ကိုထည့်ပါ။

၃၀။ ဒါဆို Windows ထဲမှာ Ubuntu ကိုအောင်မြင်စွာ run နိုင်ပါပြီ။

၃၁။ အခု Kernel mouse bug ကို ဘယ်လို အပြီးပြင်ဆင်ရမလဲဆိုတာ ပြပါမယ်။ ဒီလိုပြင်ပြီးတာနဲ့ နောက်တစ်ကြိမ်ဘာမှပူစရာ မလိုတော့ပါဘူး။
- Application > Accessories > Terminal Windows ကိုဖွင့်ပါ။ (ဒါဟာ Windows မှာဆိုရင် command prompt နဲ့အတူတူပါပဲ။)
- “sudo gedit/ boot/grub/ menu.lst” ကိုရိုက်ပါ။
- Login password လာတောင်းရင်ထည့်လိုက်ပါ။
- ပထမပြင်ခဲ့တဲ့ “Kernel line” ကို ရှာပါ။ Line နံပါတ် ၁၃၂ လောက်မှာ ရှိနိုင်ပါတယ်။ ပြီးရင် အရင်အတိုင်း “splash” ကို “i8042.noloop”
- နောက်အဲဒီ configuration ဖိုင်ကို save လုပ်ပါ။

၃၂။ ဒါဆိုရင်တော့ အားလုံးပြီးဆုံးသွားပါပြီ။ Windows ပေါ်က Ubuntu ကိုတွြေု့မင်ရပါလိမ့်မယ်။
Ubuntu ဟာ Virtual Machine ရဲ့အောက်မှာ run နေတာကိုတော့ သတိပြုရပါမယ်။ ဒါက ဘာ effect မှထူးထူးခြားခြား ထိခိုက်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ Open GL game လိုမျိုးတော့ Ubuntu မှာကစားလို့ရမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက အသံလုံးဝမကြားရပါဘူး။ VM ပေါ်မှာ run တဲ့ အချက်ကြောင့်ပါပဲ။

Friday, July 20, 2012

Software History



အဆင့်ဆင့်ဖြတ်သန်းလာသော Software များ ကျွန်ုပ်တို့နေ့စဉ်အသုံးပြုနေသော ကွန်ပျူတာဆော့ဖ်ဝဲများဟာ Developer များ၊ Programmer များရဲ့ အဆင့်ဆင့်စမ်းသပ်ချက်နှင့် အသုံးပြုသူများရဲ့ ဝေဖန်သုံးသပ်ချက်များစွာကို ကျော်လွန်ပြီးမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

ဆော့ဖ်ဝဲကောင်းတစ်ခုပေါ်ထွက်လာရန်မှာ အဆင့်ဆင့်သော စမ်းသပ်ချက်များကို ကျော်လွန်ပြီး အားနည်းချက်ယိုပေါက်များကို ပြင်ဆင်ကာ အသုံးပြုသူများထဲသို့ အသင့်ရောက်ရှိလာခဲ့ကြပါတယ်။ဆော့ဖ်ဝဲတစ်ခုကို ထုတ်လုပ်ရာမှာ အများသုံးဆော့ဖ်ဝဲနှင့် တစ်ဦးတစ်ယောက်သုံးဆော့ဖ်ဝဲဟူ၍ ခွဲခြားထုတ်လုပ်ထားပြီး အဆင့်ဆင့်သော Upgrade များ ထပ်မံပေါင်းစပ်ကာ ကြိုးပမ်းထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ထို့အတွက် ဆော့ဖ်ဝဲအင်ဂျင်နီယာများနှင့် ဆော့ဖ်ဝဲကုမ္ပဏီများဟာ ၎င်း Program နှင့် System များအတွက် မည်သို့ ဆောင်ရွက်သင့်သည်၊ မည်သည့် Feature များ ထည့်သွင်းသင့်သည်ဆိုတာကို ပူးပေါင်းဆုံးဖြတ်ကာ ဆောင်ရွက်ရပါတယ်။

ဆော့ဖ်ဝဲတစ်ခုပေါ်ထွက်လာဖို့အတွက် ကွဲပြားခြားနားတဲ့ အဆင့်ဆင့်လုပ်ဆောင်ချက်တွေ ပြင်ဆင်ချက်တွေကို ဖြတ်ကျော်ခဲ့ရပါတယ်။ ဆော့ဖ်ဝဲတစ်ခုအတွက် ပထမဆုံးခြေလှမ်းကတော့ Pre-Alpha ပဲ ဖြစ်ပါတယ်။

၁။ Pre-Alpha

Pre-Alpha ဆိုတာကတော့ ဆော့ဖ်ဝဲတစ်ခုစတင်ဖြစ်ပေါ်လာဖို့အတွက် ပထမဆုံးသော ခြေလှမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ၎င်းအဆင့်ဟာ Alpha နှင့် Beta မတိုင်မီအဆင့်ဖြစ်တာကြောင့် စုံလင်သော လုပ်ဆောင်ချက် Feature များ မပါဝင်ပါဘူး။ ထို့ပြင် ၎င်းအဆင့်ဟာ စမ်းသပ်ဆဲကာလတစ်ခုဖြစ်တာကြောင့် အားနည်းချက်တော်တော်များများတော့ ရှိပါတယ်။ ဆော့ဖ်ဝဲဆိုင်ရာ ပညာရှင်တွေကတော့ ထိုအဆင့်ဟာ ဆော့ဖ်ဝဲဒီဇိုင်းနှင့် ဆော့ဖ်ဝဲဖြစ်ထွန်းအောင်မြင်လာဖို့ စမ်းသပ်ခြင်းသာဖြစ်ကြောင်း သုံးသပ်ပြောဆိုကြပါတယ်။

၂။ Alpha

Alpha အဆင့်ကတော့ ဆော့ဖ်ဝဲစမ်းသပ်သူများအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Version သာဖြစ်ပါတယ်။ ထိုအဆင့်အား အဖွဲ့အစည်းအသီးသီးမှ ဆော့ဖ်ဝဲပညာရှင်များက အမျိုးမျိုးစမ်းသပ်စစ်ဆေးပြီး ပြန်လည်ဝေဖန်သုံးသပ်ကြပါတယ်။ ထို့ပြင် အချို့သောကွန်ပျူတာကုမ္ပဏီများမှလည်း အသုံးပြုစမ်းသပ်ပြီး တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ယခုကဲ့သို့ စမ်းသပ်ရာမှာ Developer များအနေဖြင့် White Box Terchnique ကို အသုံးပြု၍ စမ်းသပ်ကြသလို Black Box နှင့် အခြားသော နည်းပညာရပ်များနှင့်ပါ စမ်းသပ်ခဲ့ကြပါတယ်။

၃။ Beta

Beta ဆိုတာကတော့ ၎င်းဆော့ဖ်ဝဲအတွက် Nickname အနေဖြင့် မှည့်ခေါ်ထားတဲ့ အမည်တစ်ခုသာ ဖြစ်ပါတယ်။ Beta အဆင့်ဟာ ဆော့ဖ်ဝဲ၏ Prototype အဆင့်ဖြစ်ပြီး လူအများဆီသို့ ဖြန့်ချီရန် ရည်ရွယ်ထားတဲ့ အဆင့်ဖြစ်ပါတယ်။ Beta အဆင့်မှာတော့ အမျိုးမျိုးသော အသုံးပြုပုံများကို စမ်းသပ်စစ်ဆေးပြီး အသုံးပြုသူများ၏ ဝေဖန်အကြံပြုချက်များကို စောင့်ဆိုင်းပြင်ဆင်ပေးသော အဆင့်လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ အသုံးပြုသူအချို့မှလည်း ၎င်းတို့၏ အကြံဥာဏ်များအား Developer များဆီသို့ ပြန်လည်ပေးပို့ပြီး Developer များမှ ပြန်လည်မွမ်းမံပြင်ဆင်ကြပါတယ်။ ဒါပေမယ့် Beta Version ဟာ တည်ငြိမ်မှုရှိသော အဆင့်တစ်ဆင့်မဟုတ်သေးပါဘူး။ ထို့ကြောင့် ဆော့ဖ်ဝဲဆိုင်ရာ Crashes ဖြစ်ခြင်းနှင့် Data များ ပျောက်ဆုံးသွားနိုင်ခြင်းတို့ကြောင့် မယုံကြည်ရသော အဆင်တစ်ဆင့်သာဖြစ်ပါတယ်။

၎။ Release Candidate (RC)

Release Candidate ဟာ နောက်ဆုံးထွက်ပေါ်သော ဗားရှင်းသာဖြစ်ပါတယ်။ အချို့ကတော့ အတိုကောက်အနေဖြင့် RC Version ဟု ခေါ်ဆိုနိုင်ကြပြီး ၎င်းအဆင့်ဟာ ဆော့ဖ်ဝဲ၏အားနည်းချက်ယိုပေါက်များကို အဓိကပြင်ဆင်သော အဆင့်ဖြစ်ပါတယ်။ ၎င်းအဆင့်တွင် Teature များစုံလင်စွာ ပါဝင်လာပေမယ့် တည်ငြိမ်မှုရှိတဲ့အဆင်လို့တော့ မခေါ်ဆိုနိုင်သေးပါဘူး။ ထို့ကြောင့် RC အဆင့်အား Code Complete ဖြစ်သောအဆင့်အဖြစ်သာ သတ်မှတ်ကြပြီး အချို့ကတော့ စမ်းသပ်သုံးစွဲလျှက်ရှိပါတယ်။

၅။ RTM

RTM ကိုတော့ ထုတ်လုပ်ရန်အသင့်ဖြစ်သော Version (သို့မဟုတ်) ဈေးကွက်အတွင်း တင်ပို့ရန် Version ဟု အဓိပ္ပါယ်သတ်မှတ်နိုင်ပါတယ်။ RTM ဟာ နောက်ဆုံးအဆင့်ရောက်ခါနီး Version ဖြစ်တာကြောင့် စမ်းသပ်သုံးစွဲသင့်တဲ့ အနေအထား Version လို့ ခေါ်ဆိုနိုင်ပါတယ်။ ထိုအဆင့်မှာတော့ ဆော့ဖ်ဝဲ၏ အရည်အသွေးနှင့် အမြောက်အမြားထုတ်လုပ်ရန် ပြင်ဆင်နေချိန်ဖြစ်ပါတယ်။

၆။ GA

GA ဆိုတာကတော့ General Availability ကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းအဆင့်တွင် ဈေးကွက်နှင့်ကိုက်ညီရန်နှင့် ဈေးကွက်ရရှိရန် ကြိုးပမ်းတဲ့အဆင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ထိုဆော့ဖ်ဝဲအား အင်တာနက်မှ ရောင်းချခြင်းနှင့် မီဒီယာများမှတစ်ဆင့် ရောင်းချခြင်း စသည်ဖြင့် ဆုံးဖြတ်ပြင်ဆင်ကြပါတယ်။ ထို GA Version အဆင့်တွင် ဆော့ဖ်ဝဲအတွင်း လုပ်ဆောင်ချက်နှင့် Function စုံလင်စွာပါဝင်ပြီး ဘာသာစကားအမျိုးမျိုးကိုလည်း ပြောင်းလဲအသုံးပြုနိုင်ရန် ထည့်သွင်းပေးထားပါတယ်။ RTM နှင့် GA အဆင့်နှစ်မျိုး၏ ကြာမြင့်ချိန်ကတော့ တစ်ပတ်မှတစ်လအကြားတွင်သာရှိပြီး ဈေးကွက်ရရှိရေးကိုသာ ဦးတည်သောအဆင့်ဖြစ်ပါတယ်။

၇။ Boxed Copy

Boxed Copy ဆိုတာကတော့ နောက်ဆုံးထုတ်ကုန်ဖြစ်လာစေဖို့အတွက် Phyiscal Version ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ထိုအဆင့်တွင် CD ပေါ်သို့ကူးယူခြင်းကို အဓိကထားဆောင်ရွက်ပြီး ထုတ်ကုန်အတွက်သာ အဓိကထားသုံးသပ်နေဆဲကာလ ဖြစ်ပါတယ်။ ဥပမာအနေဖြင့် Download ပြုလုပ်ကာ ကူးယူခွင့်ပေးမည်လား၊ (သို့မဟုတ်) အခွေကူးယူခွင့်ပေးမည်လားဆိုတာကို ဆုံးဖြတ်ကြပါတယ်။

၈။ Web Release

Web Release ဆိုတာကတော့ အင်တာနက်မှတစ်ဆင့် ဆော့ဖ်ဝဲအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ထိုအဆင့်တွင် အခြားမီဒီယာများသို့ ဖြန့်ချီထားခြင်းမရှိတာကြောင့် ၎င်းအဆင့်အား Release to Web (၀က်အတွက်ထုတ်လုပ်ခြင်း) ဟုသာ ဆိုနိုင်ပါတယ်။

၉။ Gold Version

Gold Version ကတော့ အားလုံးစောင့်ဆိုင်းနေရတဲ့ နောက်ဆုံးအဆင့် Version ပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ Final Release Candidate ဟူ၍ အားနည်းချက်အချို့ကို ပြင်ဆင်ပေးသော အဆင့်ရှိပါတယ်။ ဒါပေမယ့် ထိုအချိန်ဟာ အလွန်တိုတောင်းသော ကာလတစ်ခုသာဖြစ်တာကြောင့် ဈေးကွက်အတွင်း အချိန်တိုအတွင်း အောင်မြင်စွာရောက်ရှိလာခဲ့ပါတယ်။ Golde Version ကတော့ ကျွန်ုပ်တို့ယနေ့သုံးစွဲနေသော Version များသာဖြစ်ပြီး နိုင်ငံအများအပြားနှင့် အသုံးပြုသူအများအပြားအကြား အဓိကဖြန့်ချီလိုက်တဲ့ Version ပဲဖြစ်ပါတယ်။

Adobe Photoshop CS6 Portable (Only 80MB)

Adobe Photoshop CS6 Portable (Only 80MB)

Adobe Photoshop CS6 လေးက ထွက်လာတာတော့ကြာပါပြီ။ ထွက်ထွက်ချင်းတုန်းက
လည်းကျွန်တော်တင်ပေးဖူးပါတယ်။ အဲဒီတုန်းကတော့ Portable က 207MB ရှိပါတယ်။ အခုကျွန်တော်
ပြန်တင်ပေးလိုက်တာကတော့80MB ဘဲရှိပါတော့တယ်။ Desingသမားများအတွက်ရှယ်ပါ။ Portable
လေးဆိုတော့လည်း လွယ်ကူစွာသယ်သွားလို့အဆင်ပြေပါတယ်ဗျာ။Photoshop ဆိုတော့ဘာမှလည်း
ရှင်းပြဖို့မလိုတော့ပါဘူ။ လူတိုင်လည်းသိထားပြီးသား Software တစ်ခုဖြစ်နေပါတယ်။
လိုအပ်မယ်ဆိုရင်တော့အောက်က Link မှာဒေါင်းယူသွားနိုင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်
http://4.bp.blogspot.com/-VUmdLGqnSe4/T8ig8fvkoaI/AAAAAAAAAds/-vRwVKghuF0/s1600/1.Download+Here.gif

Download Here

credit : alingabar

Thursday, July 19, 2012

တစ်ကမ္ဘာလုံးကို SMS ဖရီးပို့ရအောင်


ဘလော့မိတ်ဆွေများမင်္ဂလာပါ .... ကျွန်တော်အခုဖော်ပြမှာကတော့တကမ္ဘာလုံးကို SMS ဖရီးပို့ပေးမယ့်

ဝက်ဆိုဒ် ကိုဖော်ပြမှာဖြစ်ပါတယ်။ အားလုံးပေါင်း ခုရှိပါတယ် .... စမ်းကြည့်လိုက်ပါဦး။

လင့်ကိုနှိပ်လိုက်ရင်
စက္ကန့်စောင့်ပါ ပြီးရင် Skip AD ကိုကလစ်ပါ။

Skip Ad>

1. SITE-1 OR SITE-1

2. SITE-2 OR SITE-2

3.SITE-3 OR SITE-3

credit : IT-WARE

Hacker များသည် Yahoo ၀ဘ်ဆိုဒ်အားဖောက်ထွင်း၍ Password (၄)သိန်းခန့်ခိုးယူ


မသာမာသူ hacker များသည် Yahoo ဝက်ဘ်ဆိုဒ်ပေါ်မှ username နှင့် password စုစုပေါင်း ၄၀၀,၀၀၀ ခန့်အား ဖောက်ထွင်းခိုး ယူခဲ့ကြောင်း Yahoo မှ ယနေ့တွင် အတည်ပြုသွားခဲ့သည်။

Hacker များသည် ယင်းတို့ ခိုးယူရရှိခဲ့ရသော အချက်အလက်များအား အင်တာနက်ပေါ်တွင် ဖြန့်ဖြူးခဲ့ကြောင်းလည်း သိရှိရသည်။

Yahoo ၏ ဆာဗာအချို့သည် ပြင်ပမှ ဖောက်ထွင်းမှုအား တွန်းလှန်နိုင်ရန် လုံခြုံရေး အလုံအလောက်မရှိသဖြင့် ယခုကဲ့သို့ ပြု လုပ်ခြင်း ခံခဲ့ရသည်ဟု သိရှိရပြီး ခိုးယူခံရသည့် password များသည် Yahoo ဆိုဒ်မှ သုံးစွဲသူများ၏ password များသာမကဘဲ၊ Gmail, AOL, MSN နှင့် Hotmail တို့မှ password များလည်း ပါဝင်သည်ဟု သိရှိရသည်။

Yahoo အနေဖြင့် တောင်းပန်စာ တစ်စောင်အား ယနေ့တွင် ထုတ်ပြန်ခဲ့ရသည်။ တစ်ချိန်က လူကြည့်အများဆုံး ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ခဲ့သောYahoo သည် လက်ရှိအချိန်တွင် ဝင်ငွေကျဆင်းပြီး ဈေးကွက်အတွင်း ရုန်းကန်နေရသည့် Yahoo သည် တစ်နှစ် အတွင်း အမှုဆောင်အရာရှိချုပ် နှစ်ဦး ပြောင်းလဲခဲ့ရပြီးဖြစ်သည်။

Yahoo ၏ ပြောခွင့်ရ အမျိုးသမီးက “ကျွန်မတို့ အနေနဲ့ ဖောက်ထွင်းခံခဲ့ရတဲ့ အဓိက ပြဿနာကို ရှာဖွေဖော်ထုတ်ပြီး ပြုပြင်လျက် ရှိပါတယ်။ လက်ရှိအချိန်မှာ ခိုးယူခံရတဲ့ password တွေကို အမြန်ဆုံးပြောင်းလဲသွားဖို့နဲ့ ယခုဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ကုမ္ပဏီတွေကို အကြောင်းကြားဖို့ အဓိကထား ဆောင်ရွက်နေပါတယ်။ သုံးစွဲသူများ အနေဖြင့်လည်း မိမိတို့ရဲ့ password များကို ရံဖန်ရံခါ ပြောင်းလဲသွားဖို့ လိုအပ်ပါတယ်ရှင်။” ဟု ပြောကြားသွားခဲ့သည်။


credit : kokyikyaw

Wednesday, July 18, 2012

Gtalk Portable အလန်းလေးပါ(New Skin)



အပေါ်ကပုံလေးကို လိုချင်စိတ်ရှိခဲ့ရင်တော့ ဒေါင်းယူသွားလိုက်ပါ... ဒေါင်းလုပ်ဆွဲရမဲ့ အရွယ်က 3MBလောက်ပါပဲ...Portableလေးဆိုတော့ ကိုယ်၃နေကြနေရာ မဟုတ်ရင် စတစ်ထဲ ထည့်ထားပြီး အလွယ်တစ်ကူလည်း ၃လို့ အဆင်ပြေတာပေါ့...


Mediafire>>>
Download Here
Minus>>>
Download Here
Minus Direct>>>
Download Here


Windows 8 တွင် ပါဝင်လာမည့် Metro Interface


Desktop ကွန်ပျူတာများ၏ ခေတ်ကို အဆုံးသတ်စေမည့် ခြေလှမ်းတစ်ရပ်အဖြစ် စတင်လာသော Metroသည် ယခင်Versionဟောင်း Interfaceများနှင့် လုံးဝ ပုံစံကွဲထွက်သွားပြီး Tablet ကွန်ပျူတာ တစ်လုံး၏ Interfaceနှင့် ပိုတူလာ


Windows  8 တွင် ပါဝင်လာမည့် Metro Interface Windows 8ကို အောက်တိုဘာလတွင် ရောင်းချသွားမည်ဟု Microsoft ကော်ပိုရေးရှင်းက အတည်ပြုလိုက်ခြင်းနှင့်အတူ Metro အမည်ရှိ Interface အသစ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ Desktop ကွန်ပျူတာများ၏ ခေတ်ကို အဆုံးသတ်စေမည့် ခြေလှမ်းတစ်ရပ်အဖြစ် စတင်လာသော Metroသည် ယခင်Versionဟောင်း Interfaceများနှင့် လုံးဝ ပုံစံကွဲထွက်သွားပြီး Tablet ကွန်ပျူတာ တစ်လုံး၏ Interfaceနှင့် ပိုတူလာသည်။ Touchscreen အသုံးပြု Tabletများအတွက် အဓိကရည်ရွယ် ထုတ်လုပ်မည့် Windows 8သည် Start Menuနှင့် Desktop နောက်ခံတို့ကို စွန့်ပယ်ကာ ယခင်ပုံစံဟောင်းများကို တော်လှန်ပစ်ခဲ့သည်။




ယင်းအစား Social Mediaများနှင့် အခြားသော အသုံးဝင်သည့် Featureများကို Windows၏ အဖွင့်မျက်နှာပြင်တွင် Tabများ အနေဖြင့် ထည့်သွင်းပေးခဲ့သည်။ Microsoftသည် အနာဂတ်ကို ကြိုတင်မျှော်လင့်ကာ Touchစနစ်သုံး Windowsအသစ်ကို ဖန်တီး မိတ်ဆက်လာခြင်း ဖြစ်သည်။ Windowsစနစ်များသည် (၁၉၉၅)ခုနှစ်က စတင်ထုတ်ဝေသည့် Windows 95 နောက်ပိုင်း ကမ္ဘာ့ကွန်ပျူတာ OSလောကကို လွှမ်းမိုးလာခဲ့သည်။ Microsoftသည် ပျမ်းမျှ (၃)နှစ်လျှင် (၁)ကြိမ်မျှ Windows စနစ်သစ်များကို ထုတ်လုပ် ရောင်းချလေ့ ရှိသည်။ Microsoft၏ အဆိုအရ Windows 7မှ Windows 8ကို အဆင့်မြှင့်တင် သုံးစွဲပါက ဒေါ်လာ (၄၀)မျှသာ ကျသင့်မည်ဟု သိရသည်။



Microsoftသည် Windows 8တွင် ဓာတ်ပုံများ၊ သီချင်းများ၊ ဗီဒီယိုဖိုင်များကို စိတ်ကြိုက် စီမံကိုင်တွယ်ခွင့်ပေးမည့် Media Centerကိုလည်း ထည့်သွင်းပေးထားသေးသည်။ Microsoft၏ Windowsအသစ်သည် ဘာသာစကား (၃၇)မျိုးကို ထောက်ပံ့ပေးနိုင်မည်ဟုလည်း သိရသည်။ ကော်ပိုရေးရှင်း၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက "ကျွန်တော်တို့အနေနဲ့ Windows 8ကြောင့် ပိုပြီး ထူးခြားပြည့်စုံတဲ့ အတွေ့အကြုံကောင်းတွေ ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားသွားခဲ့သည်။


Tuesday, July 17, 2012

USB Drive ရဲ့လျှို့ဝှက်ချက်တွေ





အသုံးဝင်တဲ့လျှို့ဝှက်ချက်ဆိုတော့ အသုံးဝင်တာပဲပြောပါမယ်။ USB Drive ကို Icon အနေနဲ့ သုံးနိုင်ပါတယ်။ တကယ်လို့ ကွန်ပျူတာမှာ USB Hub တစ်ခုကိုသုံးစွဲမယ်ဆိုရင် နောက်ပြီး USB အများကြီးနဲ့ MultipleUSB Port တွေထားရှိသုံးစွဲမယ်ဆိုရင် အဲဒီ Port ကိုကွဲပြားခြားနားတဲ့ Icon တွေ အဖြစ်ပေးထားလို့ရ ပါတယ် ။ လွယ်တာကတော့ R-Click> Custom Icon ကနေပေးထားတဲ့ပုံစံထဲကတစ်ခုချိန်းယူတာမျိုးပါ ။နောက်ထပ် လုပ်ဆောင်နိုင်တာကတော့ (.ico) Format ကို Drive ထဲ အရင်ထည့်ထားပြီး မှ ပြောင်းတာပါ။


Convert icon ဆော့ဝဲလေးကနေလည်း format ပြောင်းယူနိုင်ပါတယ် ။ Icon တွေကွဲပြား စွာပြပေးနေမှာဖြစ်လို့ ဘယ် USB ကဘာ file တွေပါတယ်ဆိုတာ အလွယ်တကူသိနိုင်ပါတယ်။Google OSကို USB Drive မှာထည့်ပြီး လိုအပ်တဲ့အခါထုတ်သုံးနိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် Custom ပြုလုပ်ထားနိုင်ပါတယ်။ Open Source OS တစ်ခုလည်းဖြစ်ပါတယ်။Democary Key ကိုဒေါင်းလုပ်ချပြီး stick ထဲထည့်ထားပါ ။ Windows ပေါ်မှာ Web Application တစ်ခုလိုအသုံးပြုနိုင်ပါတယ် ။ မေးလ်စစ်တာ ၊ကိုယ်ရေးကိုယ်တာတွေကို Encrypt လုပ်တာနဲ့ Browse လုပ်တာတွေဝန်ဆောင်ပေးနိုင်ပါတယ်။လုံခြုံမှုလည်းရှိပါတယ်။


XBMC Media Player ကို Drive ထဲထည့်ထားမယ်ဆိုရင် Net Book မှာပဲဖြစ်ဖြစ် Laptop မှာပဲဖြစ်ဖြစ်Media File တွေကိုလွယ်လွယ်ကူကူ ကြည့်ရှုခံစားနိုင်ပါတယ်။ကိုယ့် Thumb Drive ထဲမှာ Ubunutu ကိုထည့်သွင်းထား မယ် ဆိုရင်Windows ရဲ့ Error တွေအားလုံးကိုUbunutu ကတစ်ဆင့် Boot လုပ်ပြီးဝင်ကြည့်ရင်း ပြင်ဆင်နိုင်ပါ တယ်။အသေးစိတ်လုပ်ဆောင်ချက်တွေကိုတော့ www.lifehacker.com မှာ ၀င်ကြည့်လို့ရပါတယ်။


www.portableapps.com ကနေ အလွယ်တကူသုံးလို့ ရတဲ့ ဆော့ဝဲလေးတွေကို ရယူထည့်သွင်းထားမယ်ဆိုရင် windows ရဲ့ Memory ကိုချွေတာရာရောက်ပြီးပိုမိုမြန်ဆန်စွာအသုံပြုနိုင်စေပါမယ်။USB Safeguard ဆော့ဝဲလေး က ကိုယ့်စတစ်ကို လုံခြုံအောင်ဖန်တီးပေးနိုင်ပါတယ် ။အရေးကြီးတဲ့ ဒေတာတွေကို စတစ်ထဲထည့်ပြီး ဖိုင်ကိုဝှက် ထားတာမျိုးတွေ ပုံစံဖျောက်ထားတာ မျိုးတွေPassword ပေးထားတာမျိုးတွေလုပ်လို့ ရပါတယ်။


Data တွေကိုလွယ်ကူစွာသယ်လို့ပို့လို့လည်းရတယ်နော် ။။ခုဆိုရင် USB 3.0 အမြန်နှုန်းပါ ရနေပါပြီ။Linux အနွယ် ၀င်တွေမှာ Portable Linux OS(Eg- Slax , OS-X) ရှိတဲ့အတွက် Drive ထဲထည့်ထားပြီး Virus ရှိနိုင်တဲ့ စက်တွေအကြားမှာ အဆင်ပြေစွာ ဒေတာကူးပြောင်းနို င်ပါတယ် ။ Linux ပေါ်မှာ Virusအများ စု(မရှိသလောက်ပဲ) အလုပ်မလုပ်ဖူးလေ ။

credit : အား ကိုလင်း(သလ္လာဝတီ)

Monday, July 16, 2012

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်း

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါဗျာ ...

စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူးဗျာ ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1

အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။

တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။

အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။

Call back system သုံးဘူးတဲ့သူဆို သိပါတယ်။

ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။

ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။

လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။

မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။

Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။
ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com
ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။

Sunday, July 15, 2012

Photoshop cs5 မြန်မာလို


Saturday, July 14, 2012

software တွေကို License version ဖြစ်အောင် လုပ်နည်းများ

လိုင်စင် version ဖြစ်အောင် လုပ်နည်း (၄)နည်းရှိပါတယ်. serial, patch, crack, keygen မသုံးတတ်တဲ့သူများအတွက် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်. ဒီ video ဖိုင် (၄) ဖိုင်ဟာ လူတိုင်းအတွက် မသိမဖြစ် သိထားရမယ့် အရာတွေဖြစ်ပါတယ်. software တစ်ခု download လုပ်လို့ရလာပြီဆိုရင် ဒီ(၄)နည်းထဲက တစ်နည်းနည်းနဲ့လာမှာ ဖြစ်ပါတယ်. အဲ့ဒါကြောင့် ၄ နည်းစလုံးကို နားလည်ထားရင် ဘာနဲ့ပဲလာလာ license version ဖြစ်အောင်လုပ်နိုင်သွားပြီ ဖြစ်ပါတယ်. အဲ့လေးနည်းကတော့

(၁) serial number ဖြင့် license version ဖြစ်အောင်လုပ်နည်း။
(၂) keygen ဖြင့် license version ဖြစ်အောင်လုပ်နည်း။
(၃) Crack ဖြင့် license version ဖြစ်အောင်လုပ်နည်း။
(၄) Patch ဖြင့် license version ဖြစ်အောင်လုပ်နည်း။

အဲ့(၄)နည်းကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သွားရင် license version ဖြစ်အောင် တစ်နည်းမဟုတ် တစ်နည်းနဲ့ လုပ်လို့ တတ်သွားပါလိမ့်မယ်. ဘယ်လိုလုပ်ရတယ်ဆိုတာကို ပုံတွေနဲ့ ရှင်းပြနေရင် ရှုပ်နေမှာစိုးလို့ video file နဲ့ ရှင်းပြထားပါတယ်. အဲ့ဖိုင်တွေဟာ တကယ်တော့ ကျွန်တော့် သင်တန်းသားတွေအတွက် tutorial ရှင်းပြထားတဲ့ သင်ခန်းစာလေးတွေပါ. ၀ဘ်ဆိုက်က ပရိတ်သတ်များအတွက် အကျိုးရှိမယ်ထင်လို့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်. အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်. video file ကို အသံနဲ့ ပါ ပေါင်းပြီးရှင်းပြထားတာ ဖြစ်တဲ့အတွက် အားလုံးပဲ နားလည် လိမ့်မယ်လို့ မျှော်လင့်ပါတယ်.

(၁) serial number ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial)
Download ifile | Mediafire | Mirrorcreator

(၂) keygen ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial)
Download ifile | Mediafire | Mirrorcreator

(၃) Crack ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial)
Download ifile | Mediafire | Mirrorcreator

(၄) Patch ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial)
Download ifile | Mediafire | Mirrorcreator

credit : nyinaymin

Friday, July 13, 2012

IPHONE ,IPAD,IPOD တွေမှာ မြန်မာလိုပေါ်အောင်.....ပြုပြင်နည်း

လိုအပ်ချက်များ

> Jailbroken iPhone ဖြစ်ရပါမယ်။
> Microsoft Word

ဤနည်းလမ်းကို တင်ပြရာတွင် screen shot အေနနှင့် "iPhone Explorer" ကို အသုံးၿပဳသြားမှာဖြစ်ပါတယ်။ "iFun Box" သုံးသူများ အတွက် File လမ်းကြောင်း အတူတူပင် ဖြစ်လို့ စိုးရိမ်စရာမရှိပါ။

အဆင့် (၁)

ပထမဦးစြာ iPhone ကို USB အသုံးၿပဳ၍ PC နှင့် ခ်ိတ္ဆက္ပါ။

အဆင့် (၂)

iPhone Explorer (သို ့) iFun Box ကို Run ပါ။

အဆင့် (၃)

iPhone Explorer ၏ ဘယ်ဘက် ကကော်လံရှိ "Root Directory" ကို ရွေးပြီး ညာဘက် ကော်လံရှိ "System" folder ကို ဖွင့်ပါ။


အဆင့် (၄)

"System" folder ထဲတွင် "Library" folder ကို တွေ့ ပါမယ်။ "Library" folder ကို ဖွင့်ပါ။


အဆင့် (၅)



"Library" folder တွင်းရှိ "CoreServices" folder ကို ထပ်ဖွင့်ပါ။


အဆင့် (၆)

"CoreServices" folder တွင်းမှ "SpringBoard.app" folder ကို ဖွင့်ပါ။


အဆင့် (၇)

"SpringBoard.app" folder ထဲမှ "English.lproj" folder ကို ထပ္မံဖြင္ပါ။


အဆင့် (၈)

"English.lproj" folder ထဲရှိ "SpringBoard.strings" file ကို Copy ကူးပြီး Desktop တွင် Paste လုပ်ပါ။
Desktop တွင် Paste လုပ်ထားသော ယင်း File ကိုပင် မပြင် အသေးခင် သီးသန့်  Folder တစ်ခုဆောက်ပြီး Backup အနေနဲ့  ထပ် Save ထားပါ။



အဆင့် (၉)

Desktop တြင္ရှိသော "SpringBoard.strings" file ကို Right click, Open with Microsoft Office Word ရွေးပြီး ဖွင့်ပါ။ Unicode ပြောင်းခိုင်းပါက "Ok" သာနှိပ်ပါ။

အဆင့် (၁၀)

အောက်ပါပုံတွင် တွေ ့ရသော စာသားများ အတိုင်း တွေ ့ရပေလိမ့်မည်။
- ပထမဦးစွား Text များအားလုံးကို Select All (Ctrl+A) နဲ့ ရွေးပြီး Font ကို "Zawgyi-One" ပြောင်းလိုက်ပါ။



အဆင့် (၁၁)

စာသားများကို မြန်မာလို စိတ်ကြိုက်ပြောင်းရာတွင် = ၏ ညာဘက် " xxx " အတွင်းမှ စာသားများကိုသာ ပြင်ရပါမည်။
ဥပမာ။ ။ "AWAY_LOCK_LABEL" = "slide to unlock"; အတှကျ "AWAY_LOCK_LABEL" = "မိုးသိကြား"; ဟုသာ ပြောင်းလဲပါ။



အဆင့် (၁၂)


အားလုံး စိတ်ကြိုက် ပြောင်းပြီးပါက "Save" လုပ်ပါ pop up message တက်လာပါက "Yes" ကိုသာနှိပျပါ။

အဆင့် (၁၃)

Desktop တြင္ရှိသော ပြင်ပြီးသား "SpringBoard.strings" file ကို iPhone Explorer တွင် ကူးယူခဲ့သော File လမ်းကြောင်း အတွင်းသို့  "Drag and Drop" ချပြီး copy လုပ်လိုက်ပါ။
File လမ်းကြောင်း အစ/အဆုံးမှာ " /System/Library/CoreServices/SpringBoard.app/English.lproj/ " ပဲဖြစ်ပါတယ်။

အဆင့် (၁၄)

iPhone ကို Reboot လုပ်ပါ။
ဖုန်းပြန်တက်လာပါက သင့်စိတ်ကြိုက် ပြုပြင်ထားသော မြန်မာစာသားလေးများနှငျ့ တွေ့ ရပါလိမ့်မယ်။


Icon အမည်လေးတွေကို့ မြန်မာလို ပြောင်းရန်...

Cydia -> Search တွင် Icon Renamer ဟုရိုက္ရှာပြီး Install လုပ္ပါ။ Reboot လုပ္ပါ။

icon အမည်လေးတွေ ပြောင်းရန်အတွက် မိမိပြောင်းလိုသောApp icon ကို long press ဖိထားပါ။
icon လေးတွေ လှုပ်တုပ် လှုပ်တုပ် ၿဖစ္လာပါက နောက်တစ်ချက် ထပ်နှိပျလိုကျပါ ဒါဆိုရင် အမည်ပြောင်းဖို့  Box တက်လာပါလိမ့်မယ်။

Related Posts Plugin for WordPress, Blogger...