Friday, January 27, 2012

Passward ကြောင်းပြောခြင်ပါတယ်

window+R ကိုတွဲနှိပ်လိုက်ပါ 1 gpedit.msc လို့ ရိုက်ထည့့်လိုက်ပါ enter နှိပ်လိုက်ပါ 2.group policy object editor ဆိုတဲ့ box လေးကျလားမယ် 3.အဲဒီ box လေးရဲ့  local computer policy အောက်က user configuaration ကိုသွားလိုက်ပါ 4.user comfiguration ကိုသွားလိုက်ပါ.5 user configuaration ရဲ့ အောက်နားမှာ administrative template ဆိုတာလေးကို double click ပေးပြီး သူ့ ရဲ့ အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ.6. ပြီရင်တော့ ညာဘက်မှာ၇ှိတဲ့ setting ရဲ့ အောက်နားမှာ ctrl+alt+del ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ 7.အပေါ်ဆုံးမှာ မြင်နေရတဲ့  remove change passward ကို double click လုပ်ပြီးဝင်လိုက်ပါ 8.အဲဒီမှာ remove change passward properties ဆိုခဲ့ box လေး ထပ်ပေါ်လားပါလိမ့်မယ် 9.အဲဒီ box setting ထဲက enable ဆိုတာလေးကို အမှန်ခြစ်လေးပေးပြီး apply OK. လုပ်လိုက် ကို့ ကွန်ပျူတာကို ဘယ်သူ မှာ passward လားပြောလို့ မရတော့ပါဘူး .

Thursday, January 26, 2012

Hack Any WiFi Password



Wednesday, January 25, 2012

command prompt ကနေ drive တွေဖျောက်ခြင်း

အရင်ဆုံး window key+R နဲ့ run box ကိုဖွင့်လိုက်ပါ

ပြီးရင် diskpart လို့ရေးပြီး enter ခေါက်လိုက်ပါ

diskpart box ကျလာပါလိမ့်မယ်

diskpart box မှာ list volume လို့ရေးပြီး enter ခေါက်ပါ



ကိုယ့်စက်မှာရှိတဲ့ drive တွေကို

volume 0 , volume 1...

အဲလိုမြင်ရမှာပါ

ကျွန်တော်က drive E ကိုဖျောက်ချင်လို့ select volume 0 လို့ရေးပြီး enter ခေါက်ပါတယ်

ပြီးတော့ remove letter E ဆိုပြီး enter ထပ်ခေါက် လိုက်ပါတယ်

ိdrive E ကိုပြန်ကြည့်လိုက်ပါ

ပျောက်နေတော့မှာပါ

ပျောက်နေတာကို ပြန်ဖော်မယ်ဆိုရင်တော့ အခု လုပ်ခဲ့ တဲ့ အဆင့်အတိုင်းပြန်လုပ်ပြီးတော့

remove letter E ဆိုတဲ့နေရာမှာ

assign letter E ဆိုပြီး

enter ခေါက်လိုက်ပါ

ပြန်ပေါ်လာမှာပါ


ကိုလေး ရဲ့ပို့စ်လေးပါ

Saturday, January 7, 2012

Photoshop CS 6 Potable




DOWNLOAD

Thursday, January 5, 2012

ဂျပန်စာ ခန်းဂျိ (Kanji) စာလုံး ရေးနည်း လေ့လာရ အောင်

漢字の筆順

မိတ်ဆက်
ဒီပို့စ်မှာ ဂျပန်စာလုံး (၃) မျိုး ရှိတဲ့အနက်က ခန်းဂျိ (kanji) လို့ခေါ်တဲ့ တရုတ်ဆီက မွေးစားထားတဲ့ စာလုံးတွေ ဘယ်လိုရေး (စုတ်ချက်ဆွဲ) ကြသလဲ ဆိုတာ နည်းနည်း ဆွေးနွေးပါမယ်။ ကျနော်တို့ မြန်မာစာမှာ ပါဠိစာ ကို မွေးစားထားသလိုပါပဲ။ ဂျပန်စာမှာလည်း တရုတ်စာလုံးတွေ မွေးစားထားပါတယ်။ ကွာခြားချက်က မြန်မာစာမှာ ပါဠိစာရဲ့ အသံတွေကိုပဲ မွေးစားခဲ့ကြပေမယ့် (*ပါဠိဘာသာဟာ အသံပဲ ရှိတယ်ဆိုပဲ) ဂျပန်စာမှာကျတော့ တရုတ်စာလုံးတွေနဲ့ သူတို့၏ အသံတွေကို တပါတည်း မွေးစားခဲ့ကြပါတယ်။ တရုတ်လူမျိုးတွေက han-ji လို့ ခေါ်ပြီး ဂျပန်တွေက kan-ji လို့ ခေါ်တဲ့ ဒီစာလုံးတွေဟာ တရုတ်လူမျိုးတွေအတွက်တော့ ခေတ်ဟောင်းက စာလုံးတွေပါပဲ။ ဒီတော့ စာလုံးမြင်လိုက်တာနဲ့အသံထွက်ကွဲပေမည့် ဂျပန်ကော တရုတ်ပါ စာလုံး၏အဓိပ္ပါယ်ကို နားလည်နိုင်ကြပါတယ်။ ခန်းဂျိ စာလုံးပေါင်း ငါးသောင်းလောက်ရှိတယ်လို့ ဆိုကြပါတယ်။ ယေဘုယျအားဖြင့်တော့ စာလုံးရေ နှစ်ထောင်၊ သုံးထောင်လောက် သိထားတယ်ဆိုရင် အတော်ဟုတ်နေပါပြီ။ စာလုံးမြင်တာနဲ့ ဘယ်လို ရေး (စုတ်ချက်ဆွဲ) ရမလဲ ဆိုတာ နားလည်စေချင်တာ ဒီပို့စ်ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

နမူနာ စာလုံး
အခု အောက်က စာလုံးလေးကို လေ့လာကြည့်ပါ။ လှုပ်နေသော ပုံလေး ဖြစ်တာမို့ ဆွဲတဲ့ စုတ်ချက်ကို လိုက်ကြည့်နိုင်ပါလိမ့်မယ်။ မြန်မာလို “မေးခွန်း” လို့ အဓိပ္ပါယ်ရသော စာလုံးဖြစ်ပါတယ်။ (* ပုံမမြင်ရပါက display images ကို နှိပ်ရန် လိုပါသည်။)

ဒါလေး ကြည့်ပြီးရင် အောက်က စုတ်ချက်ဆွဲနည်းတွေ ဆက်ဖတ်ပါ။ ဆွဲနည်း ဥပဒေသတွေ နားလည်ပြီးသွားရင် ဒီပုံလေးကို လာပြန်ကြည့်ကြည့်ပါ။ ဘယ်နေရာမှာ ဘာကြောင့် ဘယ်လိုဆွဲလိုက်သလဲ ဆိုတာ သဘောပေါက်သွားမယ်လို့ ယူဆပါတယ် ခင်ဗျာ။

ခန်းဂျိစာလုံးများ၏ ရေးသားနည်းသဘောတရား…
ခန်းဂျိ စာလုံးတွေကို ကြည့်လိုက်ရင် လေးထောင့်စပ်ပါတယ်။ ပိန်ရှည်ရှည်ကြီးတို့ ပုပြားပြားကြီးတို့ မရှိပါဘူး။ သစ်ရွက်နဲ့ ဥပမာ ပေးရမယ်ဆိုလျှင် တစ်ချို့စာလုံးတွေဟာ စာတစ်လုံးပဲ ပါပါတယ်။ တစ်ချို့စာလုံးတွေကျတော့ စွယ်တော်ရွက်လို စာနှစ်လုံးပေါင်းပြီး တစ်လုံး လုပ်ထားပါတယ်။ ဒီလိုပေါင်းစပ်ထားတဲ့ အစိတ်အပိုင်းတွေကို radical (ဂျပန်လို ဘုရှူ bushu 部首) လို့ ခေါ်ကြပါတယ်။ စာလုံးတစ်လုံးမှာ ဘယ်လောက်ပဲ radical တွေ ပေါင်းစပ်ထားပါစေ ပြီးပြည့်စုံတဲ့ စာလုံးတစ်လုံးဟာ လေးထောင့်စပ်စပ် ပုံစံနဲ့ ရှိနေပါတယ်။ ဒီတော့ radical နှစ်ခု ဘေးချင်းယှဉ်ထားတဲ့ စာလုံးမှာ radical တွေဟာ ရှည်လမျောပုံစံ တည်ရှိနေပြီး radical နှစ်ခု အပေါ်အောက် ပူးထားတဲ့ ပုံတွေမှာ radical တွေဟာ ပြားချပ်ချပ်ပုံစံနဲ့ စာလုံးကို အထောက်အကူပြုနေပါမယ်။ အောက်က စာလုံးတွေ လိုက်ဆွဲကြည့်တဲ့ အခါ မိမိရေးလိုက်တဲ့ စာလုံးဟာ လေးထောင်စပ်နေမှသာ သရုပ်မှန်သော စာလုံးဖြစ်ပါမယ်။ လေးထောင်စပ်အောင် ဘယ်လို ဆွဲမလဲ ? စဉ်းစားကြည့်တဲ့အခါ ဘယ်ဘက်အပေါ်ထောင့်ကို ဦးစားပေးဆွဲပါတယ်။ နောက်ဆုံးစုတ်ချက်ဟာ ညာဘက်အောက်ထောင့် ဖြစ်ပါတယ်။

စုတ်ချက်ဆွဲနည်း ဥပဒေသများမှာ…
အောက်ပါအတိုင်းဖြစ်ပါတယ်။

၁) အပေါ်ကနေအောက်၊ ဝဲမှယာ
ရေးဆွဲရပါမယ်။

အပေါ်ကပုံဟာ
မျဉ်းကြောင်းသုံးကြောင်း
အထက်အောက်ထပ်ထားတဲ့
စာလုံးပါ။ ဥပဒေသအရ
အပေါ်မျဉ်းကြောင်းမှ စဆွဲပါတယ်။
မျဉ်းတစ်ကြောင်းချင်းဆီကို ဝဲမှယာသို့ ရေးဆွဲရပါမယ်။

၂) ဦးစွာ အလျားလိုက်၊ ပြီးမှ ဒေါင်လိုက်
ရေးဆွဲရပါမယ်။

အပေါ်ကပုံမှာ
အလျားလိုက်မျဉ်းတစ်ကြောင်း၊
ဒေါင်လိုက်မျဉ်းတစ်ကြောင်းနဲ့
ဖွဲ့စည်းထားပါတယ်။ ဥပဒေသအရ
အလျားလိုက်မျဉ်းကို အရင်ဆွဲပါတယ်။
ပြီးမှ ဒေါင်လိုက်မျဉ်းကို ဆွဲရပါတယ်။
စုတ်ချက်တိုင်း ဥပဒေသ(၁)အရ
အပေါ်ကနေအောက်၊ ဝဲမှယာ
ရေးဆွဲရပါတယ်။

၃) တံစို့ထိုးတံသည် နောက်ဆုံးမှ
ရေးဆွဲရပါမယ်။

အပေါ်ကပုံမှာ
အပေါ်အောက်တန်းနေတဲ့
ဒေါင်လိုက်မျဉ်းဟာ တံစို့လို ဖြစ်နေပါတယ်။
ဒီမျဉ်းမျိုးကို နောက်ဆုံးမှ ဆွဲရပါမယ်။

၎) စလွယ်ကန့်လန့် ညာမှစ
ရေးဆွဲရပါမယ်။

အပေါ်ကပုံမှာ
စလွယ်ကန့်လန့်စင်း နှစ်ကြောင်း
ပါနေပါတယ်။ ဥပဒေသ(၁) အရ
အပေါ်ကနေအောက် အရင်ဆွဲလာပါတယ်။
ကန့်လန့်စင်းနှစ်ကြောင်းအနက်
ညာဘက်က အကြောင်းကို
ညာမှဘယ်သို့ စဆွဲရပါမယ်။

၅) ဒေါင်လိုက်ခေါက်ချိုးညီရင် အလယ်ကစ၊ ဘယ်ပြီးမှ ညာ
ရေးဆွဲရပါမယ်။

အပေါ်ကပုံဟာ
ဒေါင်လိုက်ခေါက်ချိုးညီနေတယ်လို့
ဆိုနိုင်ပါတယ်။ ဒါဆို ဥပဒေသအရ
အလယ်မျဉ်းမှ စဆွဲပါမယ်။ ပြီးရင်
ဘယ်ဘက်ကို ဖြည့်ပါတယ်။
နောက်ဆုံးမှ ညာဘက်ကို ဖြည့်ပါတယ်။

၆) ဘယ်ဘက်ဒေါင်လိုက်မျဉ်းကို ဦးစားပေး
ရေးဆွဲရပါမယ်။

ဒေါင်လိုက်မျဉ်းကော
အလျားလိုက်မျဉ်းကော
ပါနေပါတယ်။ ဘယ်မျဉ်းကို
ဦးစားပေးဆွဲရမလဲ။ ဒီဥပဒေသအရ
ဘယ်ဘက်က ဒေါင်လိုက်မျဉ်းကို
ဦးစားပေးဆွဲရပါမယ်။ ဒါတကယ်တမ်းတော့
ဘယ်ဘက်အပေါ်ထောင့်ကို
စနေရာချလိုက်တဲ့ သဘောပါ။
စာလုံး လေးထောင့်စပ်အောင်လို့ပေါ့။

၇) ဘောင် အရင်ခတ်ပါ။

အပေါ်ကပုံမှာ လေးဘက်လေးတန်
ဘောင်ခတ်ပြီး အထဲမှာ တစ်ခုခု
ထည့်ထားတာ တွေ့နိုင်ပါတယ်။
ဒါဆို အဲဒီ့ ဘောင်ကို အရင် ခတ်ပေးရပါမယ်။
လေးထောင့်စပ်မှာဖြစ်တဲ့အတွက်
ဘယ်အစွန်ဒေါင်လိုက်အကြောင်းဆွဲပါတယ်။
ပြီးရင် ညာဝိုက်အောက်ချတစ်ကြောင်းဆွဲပါမယ်။
ပြီးရင် အောက်က တစ်ကြောင်းပိတ်ပါမယ်။
ဒါ့ကြောင့် ဘောင်လေးဘက်ကို
စုတ်သုံးချက်တည်းနဲ့ ဆွဲရတယ်လို့
မှတ်သားထားရပါမယ်။

၈) အောက်ပိတ်မျဉ်းဆို နောက်ဆုံးမှ
ရေးဆွဲရပါမယ်။

အပေါ်ပုံမှ radical နှစ်ခု
ပေါင်းစည်းပြီး စာလုံးဖြစ်နေပါတယ်။
အောက်ပိတ်မျဉ်းပါတဲ့ radical သည်
ဘယ်ဘက်တွင် ရှိသော်ငြားလည်း
နောက်ဆုံးမှ ရေးဆွဲရပါတယ်။

၉) အစက်၊ အပျောက်တွေ နောက်ဆုံးမှ

အပေါ်ပုံမှာ အစက်၊အပျောက် တစ်ခု
ပါပါတယ်။ ဒီအစက်၊အပျောက် ကို နောက်ဆုံးမှ ရေးဆွဲရပါမယ်။

ဥပဒေသက အားလုံးပေါင်းမှ ဒီကိုးချက်ပဲ ရှိပါတယ်။ ဒါလေးတွေ မှတ်မိပြီဆိုရင် မိတ်ဆွေ အနေနဲ့ ဘယ်စာလုံးမဆို (ကိုယ်မသိတဲ့ စာလုံးပင် ဖြစ်စေ) ဘယ်လို ရေးဆွဲရမလဲ၊ စုတ် ဘယ်နှစ်ချက် ရှိမလဲဆိုတာ သိနိုင်ပါပြီ။

ကဲ…. အခု ကျနော်တို့ လေ့ကျင့်တဲ့ အနေနဲ့ အောက်မှာ ဖော်ပြထားသော “လူ” ဆိုတဲ့ စာလုံးကို ဘယ်အကြောင်းက စဆွဲရမလဲ ခန့်မှန်းပေးကြည့်ပါလား။ အဖြေကို အောက်မှာ ဖော်ပြထားပါတယ်။ ကျော်တော့မဖတ်နဲ့နော်း :)

မှန်းကြည့်လို့ ရပါသလား ခင်ဗျာ ? ပုံမှာ စလွယ်ကန့်လန့် နှစ်ခုတည်း ပါပါတယ်။ ဒါ့ကြောင့် ဥပဒေသ (၄) အရ ကန့်လန့်စင်းနှစ်ကြောင်းအနက် ညာဘက်က အကြောင်းကို ညာမှဘယ်သို့ စဆွဲရပါမယ်။ အောက်မှာ ဆွဲနည်းကို ကြည့်ပါ။

ကဲ…. အခု ကျနော်တို့ လေ့ကျင့်တဲ့ အနေနဲ့ အောက်မှာ ဖော်ပြထားသော “နှလုံးသား” “မုချ၊ ဆက်ဆက်၊ မပျက်မကွက်” ဆိုတဲ့ စာလုံးကို ဘယ်အကြောင်းက စဆွဲရမလဲ ခန့်မှန်းပေးကြည့်ပါလား။ အဖြေကို အောက်မှာ ဖော်ပြထားပါတယ်။ (* 2011-12-16 နေ့တွင် စာအမှား ပြင်ပါသည်။)

မှန်းကြည့်လို့ ရပါသလား ခင်ဗျာ ? ဆွဲရမည့် စုတ်ချက်အစဉ်ကို အရောင်နဲ့ ခွဲခြားထားပါတယ်။ အနက်ရောင် အရင့်ဆုံး စုတ်ချက်ကို အရင်ဆုံးဆွဲပါ။ အဖျော့ဆုံးစုတ်ချက်ဟာ နောက်ဆုံးပါ။ ပုံမှာ စလွယ်ကန့်လန့် နှစ်ခုနဲ့ အစက်အပြောက်တွေ ပါပါတယ်။ ဒါ့ကြောင့် ဥပဒေသ (၄) အရ ကန့်လန့်စင်းနှစ်ကြောင်းအနက် ညာဘက်က အကြောင်းကို ညာမှဘယ်သို့ စဆွဲရပါမယ်။ ပြီးရင် ဘယ်ကန့်လန့်စင်းဆွဲရပါမယ်။ ဒီအချိန်မှာ ဒေါင်လိုက်ခေါက်ချိုးညီသွားပါတယ်။ ဒါ့ကြောင့် ဥပဒေသ (၅) အရ အစက်သုံးချက်အနက် အလယ်အစက်ကို အရင်ချ၊ ပြီးတော့မှဘယ်အစက်ကိုချ၊ နောက်ဆုံးမှ ညာအစက်ကို ချပါတယ်။

ကျနော် ဖော်ပြချင်တာကတော့ ဒီလောက်ပါပဲ ခင်ဗျ။ အခု အပေါ်မှာ ဖော်ပြခဲ့တဲ့ “မေးခွန်း” ဆိုတဲ့ စာလုံးကို ပြန်ကြည့်ကြည့်ပါ။ မိတ်ဆွေ ထိုစာလုံးရဲ့ စုတ်ချက်ဆွဲပုံနဲ့ စုတ် ဘယ်နှစ်ချက်ဆွဲထားတယ်ဆိုတာ နားလည်လောက်ပြီဟု ထင်ပါတယ်။

လေးစားရပါသော ဆရာ ဦးအောင်ရွှေအား ဦးညွှတ်လျှက် ဤဆောင်းပါးကို ရေးပါသည်။ အချက်အလက် ခိုင်မာမှုရှိစေရန် ဝိကီ ကို မှီငြမ်း ထားပါသည်။ ပုံများလည်း ဝိကီမှ ရယူပါသည်။
uıǝɥʇǝʎɐ
credit to: www.myanmarfamily.org , aye-ninty.blogspot.com , layhtankone.wordpress.com
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq
ပြန်လည်ကူးယူဖော်ပြပါပါက အထက်ပါလင့်များအား source အဖြစ် creditပေး ဖော်ပြပေးရန် လိုပါသည်။

Wednesday, January 4, 2012

စာမေးပွဲ အောင်စာရင်း Custom Number Format

ဆိုပါစို့ ကျောင်းသားတွေရဲ့ စာမေးပွဲ ရလဒ်တွေ ရှိမယ်။ နာမည်နဲ့ ရမှတ် ကော်လံတွေ ရှိမယ်။ စာမေးပွဲရလဒ် အနေနဲ့ …
အမှတ် ( ၄၀ ) အောက်ဆို ကျ၊
( ၄၀ ) နှင့်အထက် အောင်၊
( ၈၀ ) နှင်အထက် ဂုဏ်ထူး ဆိုပါစို့။

အောင်စာရင်း မှာ စာမေးပွဲရလဒ် ( အောင်၊ ကျ၊ ဂုဏ်ထူး ) ကို ဘေး ကော်လံမှာ လက်နဲ့ ဝင်မရိုက်ပဲ အော်တို ပြစေချင်တယ်။ ဘယ်လို လုပ်မလဲ စဉ်းစားပြချင်ပါတယ်။ သုံးမည့်နည်းက Excel ရဲ့ Custom Number Format ဖြစ်ပါတယ်။

(*** ဤနည်းသည် Excel ၏ Formula ကို သုံးပြီး တွက်ထုတ်တဲ့ နည်း၊ Excel ၏ Conditional Formatting Rules စသည်တို့နဲ့ မသက်ဆိုင်ပါ။)

Excel Tips: Custom Number Format

ပေးထားမည့် စာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။ (* ပုံမမြင်ရရင် display images ကို နှိပ်ပါရန်)
given%252520data_.jpg
ပုံ(၁) ပေးထားသော ဇယား

အပေါ်ဆုံးကျောင်းသားရဲ့ ရလဒ် cell မှာ ရမှတ် cell ကို ပြန် reference လုပ်ပါမယ်။
cellRef.jpg
ပုံ(၂) ရလဒ် cell မှာ ရမှတ် cell ကို ပြန် reference လုပ်ပုံ

ပြီးတော့ အလားတူ reference ကို ကျောင်းသားအားလုံးအတွက် drag လုပ်ပေးလိုက်ပါမယ်။

cellRef%252520drag.jpg
ပုံ(၃) cell reference ကို ကျောင်းသားအားလုံးအတွက် drag လုပ်ပေးလိုက်ပုံ

အခုဆို ကျောင်းသားအားလုံးရဲ့ ရလဒ်cell တွေမှာ ရမှတ်တွေ reference ဝင်သွားပါပြီ။
All%252520cellRef%252520dragged.jpg
ပုံ(၄) ရလဒ်cell တွေမှာ ရမှတ်တွေ reference ဝင်သွားပုံ

ရလဒ်cell အားလုံးကို select မှတ်ပါ။ Number Format Dialog Box (Shortcut key = Ctrl + 1) ကို ခေါ်တင်ပါ။ Custom Format ကို ရွေးပါ။ ဝင်ပြင်ရမည့် နေရာကို အဝါရောင် ချယ်ပြထားပါတယ်။ အောက်ပုံကို ရှုပါ။

ပုံ(၅) Select မှတ်ထားသော cell များ၏ Number Format ကို ဝင်ချိန်ပုံ
3%252520Condt%2525204%252520Custom%252520Format_.jpg

အဝါရောင် ချယ်ထားတဲ့ နေရာမှာ ပြင်ရေးရမည့် စာက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
[>=80]"ဂုဏ်ထူး";[<40]"ကျ";"အောင်"

ဒါကို Custom Number Format လို့ ခေါ်ပါတယ်။
( ; ) လေးနဲ့ ကန့်ထားတဲ့ အပိုင်း (၃) ပိုင်း ရှိကြောင်း တွေ့နိုင်ပါတယ်။
3%252520Condt.jpg
ပုံ(၆) Custom Format

တစ်ပိုင်းဆီအတွက် ကန့်သတ်ချက်ကို လေးထောင့်ကွင်းထဲ ထည့်ရေးရပါမယ်။

အပိုင်း (၁) အတွက် ကန့်သတ်ချက် က (၈၀) နှင့် အထက်ဆိုတော့ >=80 ပေါ့။ လေးထောင့်ကွင်းထဲ ထည့်ရေးမယ်။ [>=80] လို့ ဖြစ်သွားပါတယ်။

ကန့်သတ်ချက်ပြီးရင် ပြလိုတဲ့ Number Format ကို ရေးရပါမယ်။ ဒီကိစ္စ မှာကျတော့ ၈၀ နှင့်အထက်ဆို ပြစေချင်တာက ဂုဏ်ထူး မလား? ဒါကို Double Quote ထဲ ထည့်ရေးလိုက်ပါမယ်။ "ဂုဏ်ထူး" ပေါ့။ ဒီတော့ [>=80]"ဂုဏ်ထူး" ဖြစ်သွားပါပြီ။ အပိုင်း(၁) ပြီးတာမို့ Semi-Colon ( ; ) ခံပါတယ်။
[>=80]"ဂုဏ်ထူး" ;
အပိုင်း (၂) အတွက် ကန့်သတ်ချက် က (၄၀) နှင့် အထက်ဆိုတော့ >40 ပေါ့။ လေးထောင့်ကွင်းထဲ ထည့်ရေးမယ်။ [>40] လို့ ဖြစ်သွားပါတယ်။ ဒီတော့ [<40]"ကျ" ဖြစ်သွားပါပြီ။ အပိုင်း(၂) ပြီးတာမို့ Semi-Colon ( ; ) ခံပါတယ်။
[<40]"ကျ" ;
အပိုင်း (၃) အတွက် ကန့်သတ်ချက် မလိုအပ်တော့ပါဘူး။ ကန့်သတ်ချက်(၁) နဲ့ ကန့်သတ်ချက်(၂) ဆီက လွတ်ကင်းသမျှ ရမှတ်တွေ အားလုံး အကျုံးဝင်ပါမယ်။ ဒီတော့ ပြစရာ ဆိုလို့ Custom Format တစ်ခုပဲ ကျန်ပါမယ်။ "အောင်" သက်သက်ပါပဲ။

Custom Format ကို စိတ်တိုင်းကျပြီ ဆိုရင် အိုကေ နှိပ်လိုက်ပါ။ ရလဒ် ကော်လံမှာ အောက်ပါအတိုင်း မြင်တွေ့ ရပါလိမ့်မယ်။
3%252520Condt%252520set.jpg
ပုံ(၇) Custom Format သုံးထားသော ရလဒ်ကော်လံ

မှတ်ချက်။ ကန့်သတ်ချက် ၂ ခုနဲ့ ပိုင်းခြားနိုင်တဲ့ ဖော်ပြချက်တွေ လိုအပ်မယ်ဆိုရင် ဖော်မြူလာတွေ ရှုပ်ရှုပ်ရှက်ရှက် ဖြေရှင်းစရာ မလိုဘဲ လက်တန်းလုပ်နိုင်တဲ့ Excel ရဲ့ Custom Format အကြောင်း ဖောက်သည်ချပါတယ် ခင်ဗျာ။ တစ်ခုမှတ်ထားရမှာက အပိုင်း (၃) အတွက် ကန့်သတ်ချက် ထပ်မံ ဖော်ပြခွင့် မရှိပါဘူး။ ကန့်သတ်ချက်(၁) နဲ့ ကန့်သတ်ချက်(၂) ဆီက လွတ်ကင်းသမျှ အားလုံး အကျုံးဝင်ပါမယ်။

ဒီအဆင့်ကို အခြေခံလို့ သတ်မှတ်မယ်ဆိုရင် နောက် တစ်ဆင့်မြင့်တာလေး ဆက်ပြောပြပါဦးမယ်။
— အပေါ်က အပိုင်းက နားလည်မှသာ ဆက်ဖတ်ပါ။ —-

ဆိုပါစို့ ကျောင်းသားတွေရဲ့ စာမေးပွဲ ရလဒ်တွေ ရှိမယ်။ နာမည်နဲ့ ရမှတ် ကော်လံတွေ ရှိမယ်။ အောင်စာရင်းမှာ စာမေးပွဲရလဒ် အနေနဲ့ အမှတ်(၄၀)အောက်ဆို ကျ၊ (၄၀) နှင့်အထက် အောင်၊ (၈၀)နှင့်အထက် ဂုဏ်ထူး ဆိုပါစို့။ စာမေးပွဲရလဒ် ( အောင်၊ ကျ၊ ဂုဏ်ထူး ) ကို ဘေး ကော်လံမှာ မရိုက်ပဲ အော်တို ပြစေချင်တဲ့ အပြင်…
( ကျ ) ကို မှင်အနီနဲ့၊
( အောင် ) ဆို မှင်အနက်၊
( ဂုဏ်ထူး ) ဆို မှင်အစိမ်းနဲ့ ပြစေချင်တယ်။ ဘယ်လို လုပ်မလဲ ?
နည်းလမ်းတွေ အများကြီး ရှိပါတယ်။ (* တစ်ခုပဲ cell ကို select မှတ်ပြီး ဖောင့်ကို အရောင်ခြယ်လို့တော့ မပြောကြေး :D )

လုပ်နည်းက … ခုနက Custom Format မှာ ပြောင်းစေချင်တဲ့ မှင်အရောင်လေး ဖော်ပြပေးလိုက်ရုံပါပဲ။ သုံးနိုင်တဲ့ မှင်အရောင်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

BLACK
BLUE
CYAN
GREEN
MAGENTA
RED
WHITE
YELLOW

သုံးမည့် မှင်အရောင်ကို Custom Format တွင် ဖော်ပြရာမှာ အရောင်ထည့်ပေးဘို့ ညွှန်းမှန်း သိစေရန် အရောင်ကို လေးထောင့်ကွင်းထဲ ထည့်ရေးရပါမယ်။ * လာပြန်ပြီ လေးထောင့်ကွင်း :)

(၈၀)နှင့်အထက် ဂုဏ်ထူး ကို မှင်အစိမ်းနဲ့ ပြစေချင်တယ်ဆိုတော့ [GREEN] ပေါ့။ ဒီတော့ အပေါ်က အခြေခံမှာ အရောင်တွေ ထပ်ဖြည့်ကြမယ် ဆိုရင်….
[Green][>=80]"ဂုဏ်ထူး";

[Red][<40]"ကျ";

"အောင်"

လို့ ဖြစ်သွားပါမယ်။ အပိုင်း (၃) ကိုတော့ အရောင် ထပ်မပေးတော့ပါဘူး။ နဂို CELL မှာလည်း အနက်ဆိုတော့ ပို ထူးမလာလို့ပါ။

3%252520Condt%252520with%252520Color.jpg
ပုံ(၈) အရောင်တန်ဘိုးပါ ဖော်ပြထားသော Custom Format

Custom Format မှာ အရောင်တန်ဘိုးတွေ ဖြည့်စွက်ပြီးလို့ အိုကေပေးလိုက်တဲ့ အခါ ရလဒ်မှာ အောက်ပါအတိုင်း အရောင်လေးတွေ ပါလာပါလိမ့်မယ်။

3%252520Condt%252520with%252520Color%252520Set.jpg
ပုံ(၉) အရောင်တန်ဘိုးပါ ဖော်ပြထားသော Custom Format သုံးထားသည့် ရလဒ်ကော်လံ

*** Custom Format မှာ ပေးထားတဲ့ အရောင်တွေပါတဲ့ cell ကို ရိုးရိုး ဖောင့်အရောင် ပြောင်းသလို ဝင်ပြောင်းလို့ မရနိုင်ပါဘူး။

တကယ်ကို စိတ်ဝင်စားဘို့ ကောင်းတဲ့ Excel ရဲ့ Custom Number Format ဖြစ်ပါတယ်။ နမူနာမှာ စာမေးပွဲ အောင်စာရင်း အနေနဲ့ ရိုးရိုးစင်းစင်း ဖော်ပြထားပေမည့် မိတ်ဆွေရဲ့ လက်တွေ့ဘဝ လုပ်ငန်းခွင်မှာလည်း တစ်ဒေါင့်တစ်နေရာက အသုံးတည့်ပါစေကြောင်း ဆန္ဒပြုပါတယ်။ နမူနာ ဆောက်ပြထားတဲ့ ဖိုင်ကို အတက်ခ်ျတွဲထားပါတယ်။ 22-12-2011 (THU)


http://layhtankone.wordpress.com/


Tuesday, January 3, 2012

Further, the next generation of terrorists will grow up in a digital world, with ever more powerful and easy-to-use hacking tools at their disposal





A lot of hacking is playing with other people, you know, getting them to do strange things. (Steve Wozniak)

Air warfare is a shot through the brain, not a hacking to pieces of the enemy's body. (J. F. C. Fuller)

As a young boy, I was taught in high school that hacking was cool. (Kevin Mitnick)

Further, the next generation of terrorists will grow up in a digital world, with ever more powerful and easy-to-use hacking tools at their disposal. (Dorothy Denning)

I started by hacking around the back yard in Richmond. (Jennifer Wyatt)

My actions constituted pure hacking that resulted in relatively trivial expenses for the companies involved, despite the government's false claims. (Kevin Mitnick)

People sometimes ask me if it is a sin in the Church of Emacs to use vi. Using a free version of vi is not a sin; it is a penance. So happy hacking. (Richard Stallman)

There are a thousand hacking at the branches of evil to one who is striking at the root. (Henry David Thoreau)

When solving problems, dig at the roots instead of just hacking at the leaves. (Anthony J. D'Angelo)

A critical factor in its success was that the X developers were willing to give the sources away for free in accordance with the hacker ethic, and able to distribute them over the Internet. (Eric S. Raymond)

I think Linux is a great thing, in the big picture. It's a great hacker's tool, and it has a lot of potential to become something more. (Jamie Zawinski)

I'm a really good hacker, but I'm not a sensible person. (Richard D. James)

If you give a hacker a new toy, the first thing he'll do is take it apart to figure out how it works. (Jamie Zawinski)

In early 1993, a hostile observer might have had grounds for thinking that the Unix story was almost played out, and with it the fortunes of the hacker tribe. (Eric S. Raymond)

Software Engineering might be science; but that's not what I do. I'm a hacker, not an engineer. (Jamie Zawinski)

The beginnings of the hacker culture as we know it today can be conveniently dated to 1961, the year MIT acquired the first PDP-1. (Eric S. Raymond)

The hacker mindset doesn't actually see what happens on the other side, to the victim. (Kevin Mitnick)

Then again, my case was all about the misappropriation of source code because I wanted to become the best hacker in the world and I enjoyed beating the security mechanisms. (Kevin Mitnick)

When solving problems, dig at the roots instead of just hacking at the leaves. (Anthony J. D'Angelo)

Theater of cruelty means a theater difficult and cruel for myself first of all. And, on the level of performance, it is not the cruelty we can exercise upon each other by hacking at each other's bodies, carving up our personal anatomies, or, like Assyrian emperors, sending parcels of human ears, noses, or neatly detached nostrils through the mail, but the much more terrible and necessary cruelty which things can exercise against us. We are not free. And the sky can still fall on our heads. And the theater has been created to teach us that first of all. (Antonin Artaud)

မြန်မာလိုပေါ်တဲ့ ကြားထဲ ကော်မာ ( , ) ပါပေါ်စေဘို့ အတွက် နည်းတစ်ခု

မြန်မာလိုပေါ်တဲ့ ကြားထဲ ကော်မာ ( , ) ပါပေါ်စေဘို့ အတွက် နည်းတစ်ခု
သုံးရမည့် Number Format သုံးရမည့် Number Format သုံးရမည့် Number Format သုံးရမည့် Number Format
General
[$-10000455]0
[$-10000455]#,##0
[$-10000455]#,##0_)
ဖောင့် ဖောင့် ဖောင့် ဖောင့်
Zawgyi-One Zawgyi-One Zawgyi-One Zawgyi-One
ရှင်းလင်းချက်။ ရှင်းလင်းချက်။ ရှင်းလင်းချက်။ ရှင်းလင်းချက်။
General ဆိုတာ Number Format ဖြုတ်ထားတာပါ။ [$-10000455] သုံးပြီး ဂဏန်းအဖြစ်ပြမယ်။ [$-10000455] သုံးပြီး ထောင်ဖြတ်ဂဏန်းအဖြစ်ပြမယ်။ [$-10000455] သုံးပြီး ထောင်ဖြတ်ဂဏန်းအဖြစ်ပြမယ်။ နောက်ပြီး ဘယ်မျဉ်းကို ခွာရေးမယ်။

အပေါ်က ဇယားမှာ ကြည့်ရတာ အဆင်မပြေရင် အောက်က ပုံကို ကြည့်ပါရန်။
12-23-2011%252520%25255B%252524-10000455%25255D.jpg

ပြင်ရမည့်နေရာက Number Format Dialog Box က Custom Format မှာပဲ ဖြစ်ပါတယ်။ (* မနေ့က တင်ပေးတဲ့ Excel Tips: စာမေးပွဲ အောင်စာရင်း ကို လိုက်လုပ်ကြည့်ထားတဲ့သူဆို ချက်ချင်း သိပါလိမ့်မယ်။) Number Format ပြောင်းချင်တဲ့ Cell ကို select မှတ်ပြီး Number Format Dialog Box ကို ခေါ်တင်ပါ။ Shortcut key က Ctrl + 1 ဖြစ်ပါတယ်။ Custom Format ကို ရွေးပါ။ ဝင်ပြင်ရမည့် နေရာကို အဝါရောင် ချယ်ပြထားပါတယ်။ (ဒါမှမဟုတ်) Right Click / Format Cells / Category ထဲက Custom ကိုရွေး / Type (အဝါရောင် ချယ်ပြထားတယ်) မှာ ကိုယ်ဖြည့်ချင်တဲ့ ဖော်မက်ကို ဝင်ဖြည့်ပါ။ ဖော်မက် ဥပမာ။ [$-10000455]#,##0

အောက်ပုံကို ရှုပါ။
3%252520Condt%2525204%252520Custom%252520Format_.jpg

မြန်မာလိုပေါ်တဲ့ ကြားထဲ ကော်မာ ( , ) ပါပေါ်စေဘို့ သုံးနိုင်တဲ့ ဖော်မက်အမျိုးမျိုးကို နှိုင်းယှဉ်ပြလိုက်ပါတယ်။ အော် .. ဒါနဲ့ ပြောရဦးမယ်။ အခုသုံးပြထားတဲ့ ဖော်မက်တွေ အကုန် One Section only သာ ဖြစ်ပါတယ်။ Section တွေ အကုန်ပြချင်ရင် တခြား Section တွေအတွက် ဆက်ရေးရပါဦးမယ်။

Related Posts Plugin for WordPress, Blogger...