Monday, November 28, 2011

Hacking password from USB


ဒီနည်းကိုသုံးဖို့ USB memory stick တစ်ခုလိုအပ်ပါတယ်။ ထို USB ထဲတွင်ကိုယ် hack ချင်သောchat browser ရဲ့  .exe file ကိုသိမ်းထားရပါမယ်။ ဥပမာ - Gtalk ကို hack မယ်ဆိုလျှင် gtalk ကိုထည့်ထားရပါမယ်။

ပြီးရင် password သိမ်းဖို့ အတွက် .bat file တစ်ဖိုင်ရေးရပါမယ်။ start gtalk.exe/stext password.txt လို့ ရေးပြီး .bat လို့ ရေးပြီးသိမ်းလိုက်ပါ။ထိုဖိုင်ကို USB ထဲမှာသိမ်းလိုက်ပါ။ဥပမာ - saungchitthu.bat ထို့ နောက် autorun file တစ်ဖိုင်ရေးရပါမယ်။USB ထိုးလိုက်တာနဲ့  ပွင့်စေဖို့ဖြစ်ပါတယ်။

[AUTORUN]

open=saungchitthu.bat

ACTION=Perform a Cyber Check

လို့ ရေးပြီး autorun.inf လို့ မှတ်လိုက်ပါ။ထိုဖိုင်ကို USB ထဲကိုထည့်ထားပါ။ထိုအခါ USB ထဲတွင် ဖိုင်သုံးဖိုင်ရှိနေလိမ့်မည်။ USB ထိုးလိုက်တာနဲ့  Gtalk ပွင့်သွားမည်ဖြစ်ပါသည်။ထို Gtalk ထဲသို့  password ထည့်ပြီး user ကသုံးလိုက်ပါက password.txt ထဲတွင် password များကျန်ခဲ့မည်ဖြစ်ပါသည်။

USB ကိုပြန်ဖြုတ်လိုက်ပါက ထို password များကိုရနိုင်ပါသည်။

Friday, November 25, 2011

Ubuntuမှာ Zawgyi Font ထည့်နည်း..

ဒါလေးကတော့ ဗျာ ခုမှ Linux ကို စတင်လေ့လာတဲ့ သူတွေအတွက်တော့ အရမ်းအသုံးဝင်တယ်ဗျ.......

ဘာလို့ လဲဆိုတော့ Ubuntu က အင်တာနတ်သုံးရင်အရမ်းမြန်တယ်ဗျာ ကြိုက်တဲ့ Virus ထည့် လုံးဝမကိုက်ဘူး သုံစွဲရတာအရမ်းပေါ့ပါးတယ်ဗျ အဲ့တာကြောင့် Myanmar font ပြသာနာတက်နေတဲ့သူတွေအတွက်......ဘယ်လို Install

လုပ်ရမလဲဆိုတာလေးကိုမသိသေးတဲ့ ကိုကို တို့ မမ တို့ ကိုပြောချင်လို့ ပါ

ပထမဆုံးဒီမှာ ကီးဘုတ်ကလေးကိုအရင်ဆုံးဒေါင်းလိုက်ပါခင်ဗျာ

နောက်ပြီးရင် အဲ့ ဒေါင်းလို့ ရတဲ့ ဟာလေးကို...

Desktop ပေါ်မှာသွားထားလိုက်ပါ နောက်ပြီးရင်

cd ~/Desktop
cd burma-keyboard-tk
sudo python burma-keyboard-nogui.py

အဲ့ စာသားလေးကို Ctrl + ALt + T ကို နှိပ်ပေးပါ နောက်ပြီးကျလာ တဲ့ ဘောက်ထဲမှာ ကျွန်တော်အပေါ်က ပြထားတဲ့

စာလေးလေးကို ရိုက်ထည့်ပေးလိုက်ပါ မှားလို့ မရပါဘူး နောက်ပြီးရင် Enter ခေါက်ပေးပါ နောက်ပြီးရင် Enter your fontfolder name: zawgyi2008 ဆိုရင် zawgyi2008 အဲ့ဒါလေထည့်ပေးပါ

Are you going with zawgyi2008 font? Y/n လိုပေးလိမ့်မယ် Y လို့ ရိုက်ထည့်ပေးပါ

ပြီးရင် Enter နောက်ပြီးရင် ထပ်မေးပါလိမ့်မယ် I ကိုနှိပ်ပြီးတော့ Enter နောက်တစ်ခါ I ကိုနှိပ်ပြီးတော့ Enter ပြီးရင် Q

ကိုနှိပ်ပြီးတော့ Enter ပဲ ပြီးရင်တော့ Restart ချပေးလိုက်ပါ ဇော်ဂျီ ရပါပြီ....နောက်ပြီးတော့ ရိုက်လို့ ရမှာမဟုတ်သေးပါဘူး....ကျွန်တော် က U buntu 11.04 ကို သုံးတာဆိုတော့ Window ကို နှိပ်ပြီးတော့......Keyboard

ကိုသွားပါ နောက်ပြီး ရင် Layouts ထဲမှာ ပြီးရင်လ Add ပြီးရင် Myanmar ကို ရွေးပြီးတော့.......ပြီးရင်မြန်မာလိုရိုက်လို့ ရပါပြီ

Gmail, Gtalk ဘယ်အစိုးရကမှ ကြားကနေ ဖောက်မဖတ်နိုင်ဘူး

Gmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်..... သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရန်းတုတ်တာ တော်တော်များနေပေမဲ့ ကိုယ်နဲ့ မဆိုင်တော့ သိတ်မပြောချင်သေးဘူး..... နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက မဇ္ဇိမ ၀ဘ်ဆိုဒ်မှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်... ပထမဆုံးက မြန်မာပြည်မှာ အင်တာနက်ကိုသုံးရာမှာ Gateway အဆင့်ဆင့်ခံပါတယ်။ မြန်မာပြည်တွင် မဟုတ်ပါဘူး နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ရှိပါတယ်။ Gateway ဆိုတဲ့သဘောတရားဟာ Network ကြီးတွေ ကြီးလာတဲ့ အခါမှာ၊ Sub Net တွေများလာတဲ့အခါမှာ Network တစ်ခုနဲ့ တစ်ခု Route လုပ်ဖို့အတွက် သုံးရတာဖြစ်ပါတယ်။ သူ့နက်ဝါ့ ကိုယ့်နက်ဝါ့တွေ ခွဲခြားသုံးတဲ့အခါမှာလည်း Gateway ကို ခံသုံးပါတယ်။ Gateway ဆိုတာ အကြမ်းမျဉ်းအားဖြင့် Router / NAT Devices တွေဖြစ်ပါတယ်။ Hardware / Software နှစ်မျိုးရှိပါတယ်။ အိမ်တွေရုံးတွေမှာလည်း အင်တာနက်လိုင်းကို ခွဲသုံးမယ်ဆိုရင် Router အသေးစားလေးတွေနဲ့ အင်တာနက်ကို ပြန်ခွဲသုံးတာကို အားလုံးလည်း သိကြတာပါပဲ။ နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ကနေ သွားပါတယ်....

မြန်မာပြည်က အင်တာနက်ကော်နက်ရှင်အများစုဟာ National Gateway ကနေဖြတ်ရတာလည်း ဟုတ်ပါတယ်။ အဲ့ဒိမှာ အင်တာနက်ကို သုံးဖို့အတွက် Proxy ဆာဗာတွေကို ဖြတ်ရပါတယ်။ MPT Connection မှာ Proxy Server ခံရပြီး Yatanarpon Connection မှာ Proxy မထည့်ရပဲ Auto နဲ့ သုံးရပါတယ်။ Technical အခေါ်အဝေါ်အနေနဲ့ကတော့ WPAD (Web Proxy Auto Discovery) ဖြစ်ပါတယ်။ Proxy Server များခံရခြင်းရဲ့ အဓိကကတော့ ဖွင့်ပေးခြင်တဲ့ Website တွေ ပိတ်ခြင်တဲ့ Website တွေကို ထိမ်းချုပ်ရန်အတွက် အဓိကဖြစ်ပါတယ်။ အဲ့ဒိမှာ Gmail နဲ့ Gtalk သုံးတဲ့ စနစ်ကို ကြည့်လျင် https ဆိုတာကို တွေ့ရမှာပါ။ https ဆိုတာ Secure Channel ဖြစ်ပါတယ်။ SSL Certificate ဆိုတဲ့ Encryption တစ်မျိုးနဲ့ ဒေတာတွေကို အပို့အယူ လုပ်ပါတယ်။ Encryption ဆိုတာဟာ a လို့ရိုက်လိုက်တဲ့စာကို Encrypt လုပ်လိုက်တဲ့အချိန်မှာ Method ပေါ်မူတည်ပြီး 019275&6%#%@*! ဆိုတဲ့ စာတွေအဖြစ်ကို ပြောင်းသွားပါတယ်။ ဟိုဘက်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ Decrypt လုပ်ဖို့ ကုဒ်နဲ့ ပြန်ဖြည်မှ မူလစာ a ကိုမြင်ရတာဖြစ်ပါတယ်။ ဒီပုံထဲက SSL Encryption အလုပ်လုပ်ပုံကိုကြည့်ရင်သိနိုင်ပါတယ်။



ပုံမှန် ကျွန်တော်တို့ www.google.com လို့ရိုက်ထည့်လိုက်ရင် http://www.google.com နဲ့ပြောင်းသွားပါတယ်။ ဒါဟာ Pure HTML ပါ၊ ကြားကနေ ဖြတ်ယူကြည့်လို့ရပါတယ်။ အဲ့ဒိအချိန်မှာ mail.google.com ဆိုပီး ရိုက်ထည့်လိုက်ရင် https://mail.google.com ဆိုပီးပြောင်းသွားတာကို တွေ့ရပါမယ်။ အဲ့ဒါဟာ ပုံထဲမှာဆိုရင် အသုံးပြုသူရဲ့ ကွန်ပျူတာကနေ ဂျီမေးလ်ဆာဗာကို Secure Channel သုံးဖို့ Request လုပ်လိုက်ပါတယ်။ အဲ့ဒိအချိန်မှာ Gmail Server ဟာ Encryption လုပ်မဲ့ အဓိက Certificate ကိုထုတ်ပေးလိုက်ပါတယ်။ အဲ့ဒိအခါမှာ အသုံးပြုမယ့်သူက အပြန်အလှန် Encrypt/Decrypt လုပ်မဲ့ Key ကိုပေးလိုက်ပါတယ်။ နှစ်ဖက် သဘောတူညီမှု ရသွားတဲ့အချိန်မှာ Encrypted လုပ်ထားတဲ့ စာတွေကိုပဲ အပို့/အယူ လုပ်ပါတော့တယ်။ Encrypt လုပ်ထားတဲ့ စာတွေကို ပြန်ဖြည်တာကတော့ ခုဏက ပို့ထားတဲ့ Key နဲ့ပဲ ပြန်ဖြည်ရပါတယ်။ အဲ့ဒိ Key ဟာ မူလထုတ်ပေးတဲ့ Certificate ကနေလည်း အခြေခံပါတယ်၊ သုံးတဲ့သူရဲ့ ကွန်ပျူတာက နာမည်၊ အချိန်၊ နာရီ စတာတွေကိုလည်း ယူပါတယ်။ အဲ့ဒါကြောင့် Encrypt လုပ်တဲ့ကီးဟာ တစ်ကြိမ်နဲ့ တစ်ကြိမ်မတူပါဘူး။

အဲ့ဒိအတွက် https သုံးထားတဲ့ ဆိုဒ်တွေဟာ ကြားကဖြတ်ယူလို့ရပေမဲ့ မူလစာတွေကို အဓိပ္ပါယ်ပေါ်အောင် လုပ်လို့မရပါဘူး။ ဆိုလိုချင်တာကတော့ ကြားကဖြတ်ခိုးလို့မရပါဘူး။ ဘယ် ISP (Internet Service Provider) မှလည်း ဖြတ်ခိုးလို့ မရပါဘူး။ အဲ့ဒါတွေကြောင့် မူရင်းဆာဗာတွေကိုပဲ အဓိက ပစ်မှတ်ထားပြီး Hack လုပ်ကြတာဖြစ်ပါတယ်။ မူရင်း Server Hack လုပ်ခံရမှ အဲ့ Server ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကို ခိုးယူလို့ရမှာ ဖြစ်ပါတယ်။ https သုံးထားတဲ့ Connection ကို ကြားကဖြတ်ခိုးလို့မရပါဘူး။ အထူးသဖြင့် Google ကဟာက ပိုဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ Google's https နဲ့ အခြားသော Business Application တွေကိုပါ Provide လုပ်ထားတဲ့ အတွက် ဖြစ်ပါတယ်။ Google Business Application တွေကိုသုံးထားတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေကတော့ Motorola, Konica/Minolta, Land Rover, Virgin America, EPS, Brown University, National Geographic, တို့ဖြစ်ပါတယ်။ အတိအကျစာရင်းကို http://www.google.com/apps/intl/en/customers/ မှာသွားကြည့်နိုင်ပါတယ်။ အဲ့ဒိအတွက် Google ရဲ့ https ဟာ စိတ်မချရလျင် အဆိုပါအဖွဲ့အစည်းများ တရားစွဲတာနဲ့တင် Google ဟာ နာမည်ပျက်သွားမှာ ဖြစ်ပါတယ်။

https ရဲ့ Security Algorithm တွေကို ဖြည်ဖို့က တော်တော့ကို ခဲယင်းပါတယ်။ Super Computer တွေနဲ့ ဖြည်ထုတ်ရမှာပါ.... ဖတ်ဖူးတဲ့ စာစုတစ်ခုအရ အနည်းဆုံး နှစ် ၁၀၀ ကျော် အချိန်ပေးရမယ်လို့ ဆိုပါတယ်... အဲ့ဒါကြောင့် CA ကုမ္ပဏီတွေဟာ ယပ်ခတ်ပီး နေနိုင်ပါတယ်.... အဲ့လိုပဲ Certificate တွေမှာလည်း သက်တန်းရှိပါတယ်... သက်တန်း ကြာတဲ့ Certificate တွေကတော့ ဖောက်ဖို့ လွယ်ပါတယ်.... အခု Google Certificate ကတော့ ၂ နှစ်တစ်ခါ လဲတာကို သတိထားမိပါတယ်...


စာထဲမှာ ရေးထားတဲ့ DNS Poisoning နဲ့ အစိုးရက ခိုးတယ်လို့ ရေးထားပါတယ်။ အဲ့ဒါလည်း တက်တက်စင်အောင် လွဲပါတယ်။ DNS Poisoning ဆိုတာ တကယ့် Record အစစ်အမှန်တွေနေရာမှာ အတုအယောင်တွေနဲ့ အစားထိုးတာပါ။ မျက်စိထဲမှာ ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မောင်ဖြူနေရာမှာ မောင်နီကို အစားထိုးလိုက်တာပါ။ အောက်ကပုံကိုကြည့်ရင် DNS Poisoning အလုပ်လုပ်ပုံကို တွေ့ရမှာ ဖြစ်ပါတယ်။



အသုံးပြုသူဟာ www.nicebank.com ကိုခေါ်လိုက်တဲ့အချိန်မှာ Poisoning အလုပ်ခံရတဲ့ DNS Server ဟာ တကယ့်နာမည်အစစ်ဖြစ်တဲ့ www.nicebank.com ကိုပေးမဲ့အစား www.n1cebank.com ကိုပြောင်းပလိုက်ပါတယ်။ အဲ့ဒိ www.n1cebank.com မှာမှ အသုံးပြုသူ User ရဲ့ပါစ၀ါ့တွေကို ခိုးဖို့ Fake Form တွေ အဆင်သင့်စောင့်နေပါတယ်။ ဖောင်တွေကို ဖြည့်ပီး Submit လုပ်လိုက်ချိန်မှာတော့ ကိုယ့်အကောင့်ဟာ ပါသွားပီဖြစ်ပါတယ်။ ပြန်ယူချင်လို့ မရတော့ပါဘူး။ ဘဏ့်အကောင့်ဆို ငွေအကုန်၊ အီးမေးလ်အကောင့်ဆို ပါ့စ၀ါ့ကိုအပြောင်းခံလိုက်ရပီး Account Hijacked ဖြစ်သွားပါပီ။ ဒါဟာ DNS Poisoning နဲ့ Fake Website ကိုအသုံးပြုပြီး ခိုးတာဖြစ်ပါတယ်။ ကိုယ် Login ၀င်နေတာ Google ရဲ့ Website ဟုတ်မဟုတ်ကို Internet Browser ရဲ့ Address Bar ကနေ စစ်ကြည့်လို့ရပါတယ်။

အဲ့ဒိမှာ သူပြထားတဲ့ ပုံထဲက ဆာဗာတစ်လုံးဟာ Checking and Capturing the Login Credential ဆိုပြီးပြထားပါတယ် မှားပါတယ်။ https နဲ့သွားတဲ့ Login Credential တွေကို ဖြတ်ပီးခိုးဖမ်းဖို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒိဆောင်းပါးပါ အချက်အလက်တွေ တော်တော်လေးလွဲနေပါတယ်။ DNS Port ကိုတော့ ဖွင့်ပေးထားပေမဲ့ MPT Connection ဟာ Proxy နဲ့ ထိမ်းထားတာ ဖြစ်တဲ့အတွက် သူ့ Proxy Server ဟာ သူ့ရဲ့ DNS ကိုပဲ သွားစစ်တာဖြစ်တဲ့အတွက် ကိုယ်ပိုင် DNS Server သုံးပီး ကျော်ခွလည်း မရပါဘူး။


ဂျီမေးလ်အကောင့်အသစ် ဖွင့်ပီး မြန်မာပြည်တွင်းမှာ (မြန်မာပြည်ရဲ့ IP နဲ့ဆို ပိုမှန်ပါတယ်..) သုံးရင် သိတ်မကြာဘူး လော့ကျသွားပီး ဖုန်းနံပါတ်နဲ့ ဖြည်ရပါတယ်.... ဘာ့ကြောင့်လည်းဆိုတော့ မြန်မာပြည်ကို အကောင့်အသစ်ဖွင့်ခွင့် ပိတ်ထားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်.... အဲ့ဒိ လော့ကျသွားတဲ့ အကောင့်ကို ဖုန်းနံပါတ်ထည့်ပြီး ပြန်ဖွင့်လို့ရပါတယ်.... အစိုးရ လုပ်တာမဟုတ်ပါဘူး... Google ရဲ့ Restriction တစ်ခုပါ.... ဒါတွေကိုဖတ်ကြည့်ရင်တော့ အဖြေရှင်းလောက်ပီ ထင်ပါတယ်။ အဲ့ဒိဆောင်းပါးပါတဲ့ အချက်တွေဟာ တော်တော်လေးကို လွဲမှားနေပါတယ်။ အဲ့ဒိအထဲက ကွန်ပျူတာ ပညာရှင်ဆိုတာ လူရွှင်တော်လား မသိပါဘူး။ ကွန်ပျူတာ ပညာကို သေသေခြာခြာ တတ်တဲ့သူတိုင်း၊ https ရဲ့ အလုပ်လုပ်ပုံကို သိသူတိုင်းဟာ ဘယ်လိုမှ https ကိုကြားကနေ ဖြတ်ခိုးယူလို့ မရဘူးဆိုတာ အလိုလို သဘောပေါက်နားလည်ပီးသား ဖြစ်ပါတယ်။ အဲ့ဒိအတွက် ဘာမှ စိုးရိမ်စရာမလိုပဲ https နဲ့ စစ်မှန်တဲ့ URL (DNS Poisoning) လုပ်ထားတဲ့ လိပ်စာမဟုတ်ရင် စိတ်ချ လက်ချ သုံးနိုင်တာကို အာမခံပါတယ်။

by James Mmt

Thursday, November 24, 2011

How to Change your IP

ကို့အိုင်ပီကဘာလဲ...........ကို့အိုင်ပီကို တခြားအိုင်ပီချိန်း မလား .......ခုအိုင်ပီချိန်းတဲ့ဆော့ဝဲလ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ် သိပြီးသားဖြစ်နေမယ်လို့ထင်ပါတယ်ဗျာ ကဲစလိုက်ကျအောင် မသိသေးသူတွေအတွက်ပေါ


http://www.hideyouripaddress.net/ ဆော့ဝဲလ်ယူရန်လင့်လေးပါ

ဖရီးဒေါင်းလော့ကိုဒေါင်းလိုက်ပါ

ပြီးရင်တော့်file ကို run လိုက်ပါ

ပြီးရင် တော့အဲ့ဆောဝဲလ်ကိုဖွင့်လိုက်ပါ

ဒီလိုပုံလေးပေါ်လာပါမယ်


your real ip adress ကတော့သင့်အိုင်ပီပေါ့

ကိုပြောင်းမယ်ဆိုရင်တော့ start ကိုနှိပ်ပါ

searching ဆိုပြီးမြှားအစိမ်းနဲ့ရှာနေလိမ့်မယ်

ရှာလို့ပြီးသွားရင်တော့ ကို့အိုင်ပီမှာ ip adress ကောနိုင်ငံပါပြောင်းနေပါလိမ်းမယ်

ခဏခဏပြောင်းနေချင်ရင်တော့ options မှာဝင်ကြည့်လိုက်ပါ အချိန် ကို ကိုပြောင်းချင်တဲ့အချိန်ပေးပြောင်းလိုက်ပေါ့

ဒါဆိုအိုကေလောက်ပါပြီ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်


http://www.hideyouripaddress.net/ ဆော့ဝဲလ်ဒေါင်းရန်

အဲ နောက်တနည်းရှိသေးတယ်ဗျ

ဒီလိုလုပ်ကြည့်ပါ

How to Change your IP !!
Dunno If This Was Posted Here Before But, This Is How U Do It:


1. Click on "Start" in the bottom left hand corner of screen
2. Click on "Run"
3. Type in "command" or "cmd"and hit ok
You should now be at an MSDOS prompt screen.
4. Type "ipconfig /release" just like that, and hit "enter"
5. Type "exit" and leave the prompt
6. Right-click on "Network Places" or "My Network Places" on your desktop.
7. Click on "properties"
You should now be on a screen with something titled "Local Area Connection",

8. Right click on "Local Area Connection" and click "properties"
9. Double-click on the "Internet Protocol (TCP/IP) " from the list under the "General" tab
10. Click on "Use the following IP address" under the "General" tab
11. Create an IP address (put any ip there like 1.2.3.4 it doesn't matter what you give there , this is only to tell you how to change your "IP" .
12. Press "Tab" and it should automatically fill in the "Subnet Mask" section with default numbers.
13. Hit the "Ok" button here
14. Hit the "Ok" button again
You should now be back to the "Local Area Connection" screen.
15. Right-click back on "Local Area Connection" and go to properties again.
16. Go back to the "TCP/IP" settings
17. This time, select "Obtain an IP address automatically"
18. Hit "Ok"
19. Hit "Ok" again
20. You now have a newIP address
"with a little practice; you can easily get this process down to 15 seconds"
Enjoy.

Tuesday, November 22, 2011

Virus ၏ ပင်ကိုယ် သဘောကို ရှင်းပြခြင်း

အခုထွက်နေတဲ့ သတင်းတွေ၊ Web Site Forum တွေမှာ ကြည့်လိုက်ပါ...။

ဘာတွေအတွေ့များလဲ။ ကျွန်တော့်စက်မှာတော့ Folder Option မပေါ်တော့ပါဘူး။ Virus ကိုက်နေပြီ။ ဘယ် Virus အသစ်တွေကတော့ ပေါ်လာပြန်ပြီ။ ကယ်ကြပါ...ဒီမှာ ဘယ်လို သတ်သတ် မသေဘူး အဲဒါတွေ များ နေတယ်မလား။

ဟုတ်တယ် Virus..Virus..။ လူတွေကို တော်တော် ဒုက္ခပေးတယ်။ ကုမ္ပဏီတွေကိုလည်း ဒုက္ခပေးတယ်။ ကြီးကြီးငယ်ငယ် အရွယ်အားလုံးကို ဒုက္ခပေးတယ်။ ကြားရင်တော့ ရယ်စရာကောင်းနေမလားမသိဘူး ကွန်ပျူတာ Virus ဆိုတာ သတင်းတွေ၊ အချက်အလက်တွေအားလုံးအတွက် အံ့ဩဖွယ်ရာသက်တမ်း အရှည်ဆုံးဖြစ်ပါတယ်။

နောက်တစ်ခုပြောသေးတာက Virus ဆိုတာ ကိုယ်တွေဘယ်လောက် တန်ဖိုးရှိလည်း တော်လဲတတ်လဲဆိုတာ ပြောပြပေးတဲ့ကောင်တဲ့။ အင်း.. ဒီလိုဆိုတော့ Virus ကို ထိုင်တောင် ရှိခိုးချင်စိတ်ပေါက်သွားပြီ။ သေသေချာချာ ထွင်ထားတဲ့ Virus တစ်ခုကဆိုးကျိုးပေးတာ၊ ထိခိုက်စေတာ ပိုများတယ်။

နောက်ပိုက်ဆံသန်းပေါင်းများစွာကို နစ်နာစေတယ်။ ဟုတ်တယ်နော်..သူပြောထားတာလည်း ဟုတ်သားပဲ။ Virus တစ်ခု ပေါ်လာတာက လူတွေကြောင့်ပဲ မဟုတ်လား။ ဒီတော့ သူတို့က ပိုထိခိုက်စေလေ လူတွေတော်ကြောင်း ပိုကြွားသလို ဖြစ်လေပဲပေါ့။ ထွင်တဲ့လူတွေကိုပဲ ကျေးဇူးတင်ပါတယ် လိုက်ပြော ရမလိုပဲနော်။

Virus ဆိုတာကလည်း တစ်နှစ်ပြီးတစ်နှစ်ကို ပေါ်လာတာအမျိုးမျိုးပဲ။ ၂၀၀၄၊ ဇန်န၀ါရီတုန်းကဆို Mydoom Worm ပေါ်လာပြီး တစ်ရက်တည်းမှာတင် မီလျံလေးပုံတစ်ပုံလောက် ရှိတဲ့ Computer တွေကို ကူးသွားတာ။ ပြီးခဲ့တဲ့ ၁၉၉၉ မတ်လတုန်းကလည်း ကြည့်ပါလား။

Melissa Virus ဆိုပြီး ပေါ်လာတယ်လေ။ Microsoft နဲ့တစ်ခြားကုမ္ပဏီ အကြီးကြီးတွေ အားလုံး Virus ရှိနေသမျှ သုတို့ E-mail System တွေကို သုံးလို့မရဘူးဖြစ်သွားတာ။ ၂၀၀၀ ပြည့်နှစ်တုန်းက I Love You Virus တုန်းကလည်းဒီအတိုင်းပဲ။ ဟော.. ၂၀၀၇၊ ဇန်န၀ါရီလည်း ရောက်ရော Storm ဆိုတဲ့ Worm တစ်ကောင်ပေါ်လာပြန်ရော။ အဲဒီ Virus ကြောင့် အောက်တိုဘာလလည်းကျရော ကွန်ပျူတာပေါင်း သန်း ၅၀ အထက်ကို အကူးခံရပါရောလား။ ကဲကြည့်လေ..ဘယ်လောက်တောင် အထင်ကြီးစရာကောင်းတဲ့ Virus တွေလဲလို့..။

IT နဲ့ ပတ်သက်တဲ့ သတင်းတွေကို နားထောင်တဲ့လူတိုင်းက Virus ကူးပုံကူးနည်းအမျိုးမျိုး အကြောင်းကြားနေရမှာ အမှန်ပဲ။ ဒီအောက်မှာဖော်ပြပေးထားတဲ့ Viruses တွေကို ဖော်ပြပေးထားပါတယ်။

(၁)Viruses

Virus ဆိုတဲ့ကောင်က Software လေးပဲ။ Software မှာမှ တကယ့် လူတွေအသုံးများတဲ့၊ သုံးနေတဲ့ Program တွေ၊ နောက်မှာကပ်ပါးလျက်ပါး ခိုးကြောင်ခိုးဝှက်လိုက်လာတဲ့ ကောင်တွေပေါ့။ ဥပမာပြောရရင် Spreadsheet Program လေး နောက်မှာ Virus လေးကကပ်ပါလာတယ်ဆိုပါတော့။

ဒီတော့ အဲဒီ Spreadsheet Program Run တိုင်း၊ Run တိုင်းမှာ Virus Program လေးကလည်းလိုက် Run နေတာပေါ့။ ဒီကောင်က Program တစ်ခုမှာ ကပ်ရုံနဲ့ မပြီးဘူး။ဂြိုလ်သားတွေလိုပဲ.. ပွားနိုင်တယ်။ အခု ဒီ Program ကနေ၊ နောက် Program တွေကိုလည်း လိုက်ကပ်နိုင်သေးတယ်။


(၂)Email Virus

Email Virus ကတော့ Email Virus ဆိုတဲ့အတိုင်းပဲ။ လူတွေ လူတွေ ပို့သမျှ Email နောက်ကနေ ကပ်လိုက်သွားတာလား။ လိုက်လည်းလိုက်သွားပြီးရော အကူးခံရတဲ့ လူရဲ့ Address Book ထဲကနေ၀င်ပြီး တစ်ခြားလူတွေဆီ သူ့ဟာသူ အော်တို Mail တွေ ပို့တော့တာပဲ။

အဲဒီတော့ အပို့ခံရတဲ့ လူကမသိ၊ ဖွင့်လည်းဖွင့်လိုက်ရော သူ့ Address Book ထဲ ပါဝင်ပြီး ကူးပြီးတော့ နောက်လူတွေပါ ဆက်ပို့တော့တာပဲ။ တစ်ဆင့်ကူး၊ တစ်ဆင့်ကူးနဲ့ ပလူပျံကုန်တော့ တာပေါ့။ G-Galk Virus က အဲဒီလိုမျိုးသွားတာလေ။

(၃)Trojan Horses

Trojan Horses ကလည်း ကွန်ပျူတာ Program တစ်ခုပဲ။ ဒါပေမယ့် ဒီကောင်က အယောင်ဆောင်ကောင်။ ဥပမာ-Game လိုလို၊ ဘာလိုလို အယောင်ဆောင်ထားတာပေါ့။ ကိုယ်ကမသိလို့သွားလည်း Run လိုက်ရော...ကိုယ့်စက်ကြီးဖျက်ခံ ရပါလေရော..။ အခန့်မသင့်ရင် Hard Disk ကိုတောင် ၀င်ကိုက်သွားတာနော်။ ဒါပေမယ့် ဒီကောင်က သူ့ဟာသူမပွားနိုင်ဘူး။

(၄)Worms

Worm ကတော့ Network တွေ၊ Security တွေရဲ့ ယိုပေါက်တွေကနေ တစ်ဆင့် ကူးပြီး သူ့ဟာသူ ဆက်ပွားသွားတာ။ Worm ရဲ့ Copy ကောင်က ဘယ်စက်မှာ Security ပိုင်း ယိုကွက်/ ဟာကွက်ရှိနေလဲလိုက်ချောင်း၊ ချောင်းပြီးလို့တွေ့တာနဲ့ကူးတော့တာပဲ။

ကူးပြီးတာနဲ့ ဘယ်စက်ကို ထပ်ကူးရင်ကောင်းမလဲ ထပ်ရှာတယ်။ အဲဒီလိုနဲ့ မျိုးပွားတဲ့ ကောင်တွေ၊ ရောက်ရာအရပ်မှာ မျိုးစေ့ချတယ်လေ။ ကဲ ဒါကတော့ Worms Virus ပါပဲ။

Monday, November 21, 2011

Window system အားလေ့လာခြင်း


ကွန်ပျူတာကိုစဖွင့်လိုက်ပြီဆိုတာနဲ့ Motherboard Display Screen ပေါ်လာပြီး နောက် တီဆိုတဲ့ အသံ
တစ်ချက်ကိုကြားလိုက်ရပါလိမ့်မယ်။ပြီးတဲ့အခါမှာတော့ Windows စတင်တဲ့ သင်္ကေတကိုမြင်နေရမှာဖြစ်ပြီး
Windows Sereen ပေါ်လာဖို့အထိ ခဏတော့စောင့်ရပါဦးမယ်။အဲဒီ အချိန် တွေကို Loading time
လို့ခေါ်ပါတယ် ။ ပြီးရင် တော့ တီးလုံးသံလေးနဲ့အတူ Windows ရဲ့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ Desktop ကို
စတင်အသုံးပြုနိုင်ပါပြီ။ ဒါကတော့ကွန်ပျူတာ ကိုစဖွင့်လိုက်တာနဲ့ အမြဲလိုလိုမြင်နေရတဲ့ပုံစံလေးတစ်ခုပါ။
အခု က အဲဒီ မြင်ကွင်းရဲ့နောက်ကွယ် မှာကွန်ပျူတာစနစ်က ဘယ်လိုအလုပ်လုပ်သွားတယ်ဆိုတာလေးကို
သူငယ်ချင်းတို့ကို ပြောပြချင်ပါတယ်။

Power on ချိန်မှာ Mother Board စတင်အလုပ်လုပ်ပါတယ် ။ အဲဒီအချိန် လေးမှာ Mother Board Settings
ကိုဝင်ပြင်ချင်တယ်ဆိုရင် F2 ကိုနှိပ်ပါ ဘာညာ စသည်ဖြင့် (Board အပေါ်မူတည်ပြီး Key မတူ) စာလေးနဲ့
ဖော်ပြပါတယ်။Mother Board စတင်တာနဲ့ တစ်ပြိုင်နက် သူက ကွန်ပျူတာ မှာမပါမဖြစ်ပါဝင်ရမယ့် Harddisk
Memory , Keyboard စတာတွေကိုစစ်ပါတယ် ။အားလုံးပြည့်စုံရင် တီ ဆိုတဲ့အသံလေးတစ်ချက်ပေးပြီး
(တစ်ချို့ Board မှာတော့ အဲလိုအသံမပေးပါဘူး) နောက် Hard disk ထဲက Windows OS ကို Memory ပေါ်
ခေါ် တင်ပါတယ်။စစ်ဆေးလို့ တစ်ခုခုလိုနေရင်- Keyboard တို့ Mouse တို့ မပါရင် ကွန်ပျူတာက တိုက်ရိုက်
Screen မှာဖော်ပြပါတယ်။ Memory , CPU ,Hard Disk တို့ဖြစ်နေခဲ့ရင်တော့ Error Beet အသံပေးပါတယ်။
OS ကို Screen မှာမြင်ရဖို့ခေါ်တင်တာကို Boot လုပ်တယ်လို့ခေါ်ပါတယ် ။အဲဒီလို ဆောင်ရွက်(Boot )ဖို့
အတွက် System ထဲက IO.SYS , CONFIG.SYS , MSDOS.SYS, AUTOEXEC.BAT ,NTDETECT.COM
ဆိုတဲ့ ဖိုင်လေးတွေ ကအဓိက လိုအပ်ပါတယ် ။ဒါကြောင့်ဒီဖိုင်တွေဟာ OS ရဲ့အရေးအကြီးဆုံးBoot ဖိုင်တွေ
လည်းဖြစ်ပါတယ်။ အဲဒီဖိုင်တွေထဲကတစ်ခုခု ချွတ်ယွင်းရင် /ပျက်စီးခဲ့ရင် Windows တတ်မလာနိုင်ပါဘူး။


Start Up လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ဖိုင်တွေကိုလည်းရှင်းပြပါဦးမယ် ။
Boot.ini ဖိုင်ဟာ Windows စတင်ဖို့အတွက်အရေးကြီးတဲ့ Install Control ဖိုင်ဖြစ်ပါတယ်။
.ini နဲ့အဆုံးသတ်တဲ့ဖိုင်တွေဟာ Program စစခြင်းအချိန်မှာပါဝင်လေ့ရှိပါတယ်။
Ntldr ဖိုင်ဟာ Boot.ini ကိုဖတ်ပြီး Bootvid.dll ,Hal.dll စတဲ့ အရေးကြီးဖိုင်တွေကိုရှာဖွေမောင်းနှင်ပါတယ်။
နောက်ထပ် ntdect.com ဖိုင်ကတော့ Drives တွေကိုစတင်မောင်းနှင်ဖို့တာဝန်ယူဆောင်ရွက်ပါတယ်။
pagefile.sys က Memory ကိုစစ်ဆေးပြီး OS အတွက်လိုအပ်တဲ့ပမာဏဖန်တီးပေးတဲ့အပြင် App Data
တွေကိုလည်း ထိန်းချုပ်ပေးပါတယ်။Ntbootdd.sys ဖိုင်ဟာ bootcode ကိုDisk ပေါ်မှာထိမ်းသိမ်းပေးပြီး
System နဲ့ Drive တွေ ကြားအဆင်ပြေအောင်ချိတ်ဆက်မှုပြုလုပ်ပေးပါတယ်။
System ဖိုင်တွေလည်းအလုပ်လုပ် Driver တွေလည်း ကောင်းမွန်စွာအလုပ်လုပ်တယ်ဆိုရင်တော့
Windows Display ကို စတင်အသုံးပြုလို့ရပါပြီ။ ပြောရရင် Driver တွေ အလုပ်မလုပ်လည်း System ဖိုင်
တွေစုံရင်Windows ကိုအသုံးပြုနိုင်ပါတယ်။အဲဒီလို ဖိုင်တွေ လိုအပ်နေတဲ့အခါမျိုးတွေမှာ Error Message
မျိုးပြတတ်ပါတယ်။ကွန်ပျူတာ စဖွင့်ဖွင့်ခြင်းပြတတ်တဲ့ Error မျိုးဟာ အခုလို မျိုး လိုအပ်တဲ့အခြေအနေတွေ

ကြောင့်ထွက်ပေါ်လာတဲ့ Error တွေပဲဖြစ်ပါတယ်။
.sys နဲ့အဆုံးသတ်တဲ့ ဖိုင်တွေ ဟာ System ဖိုင်တွေဖြစ်ပြီးအရေးပါ တဲ့ဖိုင်တွေပဲဖြစ်ပါတယ်။အများအားဖြင့်
Virus တွေဟာ System ဖိုင်တွေကို ဖျက်ပြစ်ခြင်း၊အစားထိုးခြင်းတို့ကိုလုပ်ဆောင်တတ်ပါတယ် ။ Boot.ini
ဖိုင်ကိုVirusက ဖျက်ပြစ်လိုက်တယ်ဆိုရင် လောလောဆယ်တော့သုံးလို့ရနေဦးမှာဖြစ်ပေမယ့် နောက်တစ်ကြိမ်
ကွန်ပျူတာဖွင့်တဲ့အခါ Windows တတ်မလာနိုင်တော့ပါဘူး ။ System ဖိုင်တွေကို Drive C: ထဲက Windows
အောက်က system နဲ့ system32 Folder ထဲမှာသိမ်းဆည်းထားလေ့ရှိပါတယ်။ အရေးကြီးဖိုင်တွေကို
ဖျက်လို့မရအောင် Permission ပေးထားလေ့ရှိပြီး အချို့ကိုတော့ မမြင်ရအောင် Hidden လုပ်ထားလေ့
ရှိပါတယ်။ ဒါပေမယ့် လည်း Virus Program တွေကတော့ Force သုံးပြီးဖျက်ဆီးပစ်နိုင်ကြပါတယ် ။


ဒါကြောင့်လည်း IT နယ်ပယ်ကပညာရှင် တွေကနောက်ပိုင်းမှာ Windows ထက် Linux ကို ပိုမိုထောက်ခံ
လာကြတာဖြစ်ပါတယ် ။
Windows စနစ်ကို Hack ချင်တယ်ဆိုရင်တော့ Windows စနစ်အကြောင်းကို သေသေချာချာ ဂဃနဏ
နားလည်ထားတဲ့သူတွေဖြစ်နေဖို့လိုအပ်ပါတယ်။
System အကြောင်းကျွန်တော်ရေးပြီးသားတွေလည်းရှိပါတယ်။ လေ့လာကြည့်ပါဦးလို့တိုက်တွန်းပါတယ်။
Microsoft က Boot မတတ်နိုင်တဲ့အခြေအနေမှာ အရေးကြီး အချက်အလက်တွေရယူနိုင်ဖို့ Safe Mode ကို
လည်း ထည့်သွင်းဖန်တီးခဲ့ပါတယ် ။
ဒါပေမယ့်သိပ်အသုံးမ၀င်လှပါဘူး ။ Virus က Safe Mode ကိုလည်း သုံးလို့မရအောင်လုပ်ပြစ်တာ
ကြောင့်ဖြစ်ပါတယ် ။ ဒါပေမယ့်ဒီအားနည်းချက်ကိုတွေ့ရှိခဲ့တဲ့ Hacker တွေဟာPassword ပေးထားတဲ့
ကွန်ပျူတာကို Safe Mode ကနေ ထိုးဖောက်ဝင်ရောက်လာကြပါတယ် ။ခုချိန်မှာတော့Safe Mode ကနေ
Hack တာမျိုးကိုအိုင်တီနယ်ပယ်ကသူတွေ တော်တော်များများသိ ပြီးသားဖြစ်နေ လောက်ပြီလို့ထင်ပါတယ်။
System ကို ကောင်းစွာနားလည်ထားပြီး အားနည်းချက်ကိုရှာဖွေထိုးဖောက်နိုင်တာဟာ Hacker တွေရဲ့
စွမ်းရည်ပါပဲ။

တကယ်တမ်းမှာအရည်အသွေးကောင်းမွန်တဲ့ကွန်ပျူတာတစ်လုံးဖြစ်စေဖို့ ဆိုတာ MotherBoard
လုပ်ဆောင်နိုင်စွမ်းတွေပေါ်မှာလည်းအများကြီးမူတည်ပါတယ်။Over Clock လုပ်ဆောင်ချက်တွေကို
Motherboard ပေါ်ကနေ တိုက်ရိုက်ခိုင်းစေပြီး လုပ်ဆောင်ရတာဖြစ်ပါတယ်။



Over Clock ဆိုတာကွန်ပျူတာရဲ့ စွမ်းရည်အကုန်လုံး ကိုရနိုင်သမျှ တင်ကြည့်လိုက်တာဖြစ်ပြီး အန္တရာယ်
လည်းများပါတယ်။သတိပြုစေချင်တာကကွန်ပျူတာတစ်လုံးဝယ်ယူမယ်ဆိုရင် Mother Board ကိုလည်းဂရုစိုက်
ရွေးချယ်ဝယ်ယူဖို့ဖြစ်ပါတယ်။ မြန်မာပြည်လိုနေရာမျိုးမှာ မီးအားအတက်အကျ နဲ့အပူချိန်ကိုခံနိုင်ရည်ရှိတဲ့
Board ဖြစ်နေဖို့လည်း ပဲလိုအပ်ပါတယ်။
အခုလောက်ဆိုရင်ပဲ Windows System နဲ့ အလုပ်လုပ်ပုံ ကို သာမန်လူတစ်ယောက်ထက်တော့
နည်းနည်းဖြစ်ဖြစ် ပိုပြီးနားလည်သဘောပေါက် လိမ့်မယ်လို့မျှော်လင့်မိပါတယ်။အသိပညာနည်းနည်းလောက်
တိုးအောင် ကူညီ နိုင် ခဲ့တယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီ။

Friday, November 18, 2011

Virus ရေးနည်း

Virus ရေးနည်း

Thursday, November 17, 2011

မြန်မာစာစနစ်နှင့် OpenOffice 3.0 ကိုအသုံးပြုချင် သူများအတွက်

ကျွန်တော်တို့ မြန်မာ ပညာရှင်တွေ ရဲ့ကြိုးစား မှုတွေကြောင့် အခုနောက်ပိုင်းမှာ Myanmar Version Project တွေ တစ်ခုပြီး တစ်ခုထွက်ပေါ်လာနေတာ ဟာကျွန်တော်တို့လို အသုံးပြုသူများ အတွက်တော့ ၀မ်းသာစရာနဲ့ ပြီးတော့ ဂုဏ်ယူစရာပါပဲ .. အခုလည်း ညီလေးတစ်ယောက် စီဘောက်မှာ မေးထားလို့ ရှာကြည့်လိုက်ရင်းနဲ့ OpenOffice.org ရဲ့ Project တစ်ခုဖြစ်တဲ့ Microsoft Office ကဲ့သို့ မြန်မာစာ စနစ်ဖြင့် အသုံးပြု နိုင်တဲ့ OpenOffice 3.0 ကို အသုံးပြုချင်သူတွေ အတွက် OpenOffice 3.0 ကိုမိတ်ဆက် ပေးချင်ပါတယ် .. ကျွန်တော် အခုနောက်ထပ် စမ်းသပ် ဗားရှင်းအဖြစ် ထုတ်ထားတဲ့ OOo_3.0.0_081115_Win32 ကို အသုံးပြု ချင်သူတွေ အတွက် ဘယ်လို ဒေါင်းလော့ ချပြီး အသုံးပြုလို့ ရမယ်ဆိုတာကို ရေးပေးသွား ပါမယ် ..

Microsoft Office လောက် ပြည့်စုံမှုမရှိသေး ပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုး တွေ အတွက်တော့ မြန်မာစာစနစ်ဖြင့် အသုံးပြုလို့ ရမှာ ဖြစ်တဲ့ အတွက် စိတ်ဝင်စား လိမ့် မယ်လို့ ထင်ပါတယ် . ဒါပေမယ့် Unicode 5.1 နှင့် လိုက်လျောညီထွေသော ( Padauk, Myanmar3, Parabaik ) တို့ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် မိမိတို့ ကွန်ပျူတာမှာ Unicode Font ကို Install လုပ်ထားဖို့ လိုပါလိမ့်မယ် .. Unicode Font ကိုမိမိတို့ ကွန်ပျူတာမှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို မသိသေးတဲ့ သူတွေကတော့ ဒီလင့် မှာ ကျွန်တော် Zawgyi-One နှင့် Unicode နှစ်မျိုးလုံးသုံးချင်သူများအတွက် ဆိုပြီး ရေးပေးထားတာ ရှိပါတယ် .. ကျွန်တော် OpenOffice 3.0 ကို အသုံးပြုချင် သူတွေအတွက် ဒေါင်းလော့ ချတဲ့ အဆင့်ကနေ စပြီး ပုံလေးတွေနဲ့ ရှင်းပြပေး သွားပါမယ် ..

အရင်ဆုံး ဒီအောက်က လင့်လေးကနေ သွားလိုက်ပါ..

http://my.openoffice.org/bur/index.html

ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း Windows အောက်မှာ ရှိတဲ့ OOo_3.0.0_081115_Win32Intel_install_my.exe (md5sum) ကိုကလစ်ပြီး ဒေါင်းလော့ ချလိုက် ယုံပါပဲ ..

ဒေါင်းလော့ချပြီး သွားပြီ ဆိုရင်တော့ ဒီကောင်လေးကို ဘယ်လို Install လုပ်ရမယ် ဆိုတာကို ကျွန်တော် အောက်မှာ ပြပေးထားပါတယ် .. အရင်ဆုံး ဒေါင်းလော့ ချလို့ရလာတဲ့ File လေးကို Double Click လုပ်ပြီး ဖြည်လိုက်ပါ .. ပြီးရင် Auto Run သွား ပါလိမ့်မယ် ..

အောက်မှာ ကျွန်တော်တို့ အနေနဲ့ Microsoft Office မှာ အသုံးပြုသလို Word , Excel , Powerpoint တို့လို အသုံးပြု နိုင်မှာ ဖြစ်ပါတယ် .. Word အစား မှတ်တမ်းမှတ်ရာ စာသား ၊ Excel အစား ဖြန့်သော အလွှာချပ် Powerpoint အစား တင်ပြချက်တို့ကို ကလစ်ပြီး အသုံးပြု နိုင်မှာ ဖြစ်ပါတယ် ..

အောက်က ပုံမှာတော့ ကျွန်တော် မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..

ဒီအောက်ကပုံကတော့ မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် ..

ဒီအောက်က ပုံမှာတွေ့ရတဲ့ ပုံကတော့ ဖြန့်သော အလွှာချပ် မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..

ဒါကတော့ ကျွန်တော့် အနေနဲ့ OpenOffice 3.0 ကိုအသုံး ပြုချင်သူတွေ အတွက် ကျွန်တော် လေ့လာမိသလောက် ပြန်ပြီး မိတ်ဆက် ပေးတာပဲ ဖြစ်ပါတယ် ..

အားလုံးပဲအဆင်ပြေကြပါစေ … ကျေးဇူးတင်ပါတယ်ခင်ဗျာ ..


Credit : http://kaunglaynge.net/2011/11/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%AC%E1%80%85%E1%80%94%E1%80%85%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-openoffice-3-0-%E1%80%80%E1%80%AD%E1%80%AF/


Monday, November 14, 2011

Word 2010

Saturday, November 12, 2011

Power Point 2007

Power Point 2007

Friday, November 11, 2011

Animation Text ပြုလုပ်နည်း

ပုံတွေမှာ Animation Text ထည့်နည်းလေးကို ဒီနေ့  ရေးပါမယ်...

ဒီနည်းကို လေ့လာမယ်ဆိုရင် Adobe PhotpShop Software အခြေခံသိထားရင် ပိုကောင်းပါတယ်...

၁။ Adobe PhotoShop CS5 ကို ဖွင့်ပြီး Animation Text ထည့်မဲ့ပုံကို Open ပြုလုပ်ပါတယ်…


၂။ မိမိရေးလိုသောစာသားကို Font, Size, Color ရွေးချယ်ပြီး Text Tool နဲ့  ရေးသားပါမယ်…

၃။ Text ကို Effect ထည့်မယ်ဆိုရင် fx ကို Click ပြုလုပ်ပါ… Bevel and Emboss ဆိုတာကို ရွေးချယ်ပါမယ်…


၎။ Bevel and Emboss Dialog Box မှ Structure ရဲ့ Depth နဲ့  Shading Color တို့ ကို ရွေးချယ်လို့  ရပါတယ်…


၅။ အဆင့်(၃)လိုပဲ Text Effect အတွက် Drop Shadow ကို ရွေးပါမယ်…

စာလုံးအရိပ်ကို မြင်စေလိုတဲ့အတွက် Distance 15px ထားပြီး Opacity ကို 85% ထားပါတယ်…


၆။ နောက် Text Effect တစ်မျိုးက Stroke ပါ… စာလုံးအပြင်မှာ လိုက်ထပ်ရန် အရောင်ကို ပန်းရောင်ရွေးထားပါတယ်…


ဒီပုံလေးကတော့ Text Effect ၃-မျိုးယူပြီး ရေးထားတဲ့ စာလုံးပုံစံပါ...

၇။ စာလုံးပုံစံကို ပြင်ဆင်ပြီးပြီဆိုရင်တော့ Animation ပြုလုပ်ရန် စတင်ပြင်ဆင်ပါမယ်… Window Menu အောက်က Animation ဆိုတာကို ရွေးထားရင် ပုံရဲ့အောက်ဖက်မှာ Animation (Frames) Dialog Box ပေါ်လာပါလိမ့်မယ်…

ပေါ်လာရင် Duplicates Selected Frames ဆိုတဲ့ Button ကို Click ပြုလုပ်ပါက ပုံတွင်မြင်ရတဲ့အတိုင်း Frame တစ်ခု ထပ်ပေါ်လာမှာပါ…

၈။ စာတန်းလေးကို နေရာရွှေ့ ပါမယ်… အတည့်အတိုင်း ရွှေ့ မှာဖြစ်တဲ့အတွက် Ctrl Key ကို ဖိထားပြီး Left Arrow ကို အသုံးပြုရွှေ့ ပါ… Move Tool သုံးပြီး Mouse ကို ဖိရွှေ့ ပါက အထက်အောက်ရွေ့ သွားတတ်လို့ ပါ…


၉။ ပုံတွင်မြင်ရသည့်အတိုင်း စာလုံးကို ရွှေ့ ထားပြီး Tweens animation frames ဆိုတဲ့ Button ကို Click ပြုလုပ်ပါမယ်…


၁၀။ Tween Dialog Box ပေါ်လာတဲ့အခါ ပုံမှာပြထားတဲ့အတိုင်း Frames ၅-ခု ထပ်ယူပါမယ်…


၁၁။ အဆင့်(၇) မှ အဆင့်(၁၀) အတိုင်း Duplicates Selected Frames လုပ်မယ်၊ စာတန်းလေးကို ဘယ်ဖက်ကို အနည်းငယ်ရွှေ့ မယ်၊ Tween animation frames လုပ်မယ်၊ ဆိုတာတွေကို စာတန်းဘယ်ဖက်မှာ ပျောက်သွားအောင်ထိ လုပ်သွားပါမယ်…


၁၂။ ပုံမှာမြင်ရတဲ့အတိုင်း Frames ၇၅-ခု လုပ်ထားတာကို တွေ့ ရမှာပါ… ဒါဆိုရင် Animation Text လုပ်ပြီး ဖြစ်နေမှာပါ…


၁၃။ File ကို သိမ်းတဲ့အခါ Movie အနေနဲ့  သိမ်းလို့ ရသလို Gif File အနေနဲ့ လည်း သိမ်းလို့  ရပါတယ်… Movie File အနေနဲ့  သိမ်းမယ်ဆိုရင် File>>>Export>>>Render Video ဆိုတာကို ပြုလုပ်ရပါမယ်…


၁၄။ Gif File အနေနဲ့  သိမ်းမယ်ဆိုရင်တော့ File>>>Save for Web & Devices ကို ရွေးချယ်ရပါမယ်…

Preview ကြည့်ပြီး ကြိုက်ပြီဆိုရင် Save လုပ်ရုံပါပဲ....

၁၅။ File Name ပေးတဲ့အခါ .gif လို့  Extension ထည့်ပေးပါနော်...


ဒီပုံလေးကတော့"သားကောင်ဖြစ်သွားသောမုဆိုး"ဇာတ်လမ်းရေးတင်တုန်းက လွမ်းထည့်ပေးထားတဲ့ပုံပါ...

ကွန်ပျူတာကို အသုံးပြုရင်း နည်းပညာများတိုးတက်ကြပါစေ…




လွမ်းဧကရီ

၀၂-၁၁-၂၀၁၁

ည ၁၀း၅၀ နာရီ

Thursday, November 10, 2011

Excel 2010


Wednesday, November 9, 2011

Memory Stick မလို Hardisk မလို 10 Gb free ရမယ်

news

သိမ်းဆည်းရခက်ခဲနေလား၊ ထားဖို့နေရာတွေ မလောက်တော့ဘူးလား။ ဒါတွေအားလုံးကို ကူညီမှာ ကတော့ Minus.com ပါ။ စပြီး Register လုပ်တာနဲ့ 10 Gb free ရပါတယ်။

ကိုယ့်မိတ်ဆွေတွေကို invert လုပ်ရင်1 Gb စီပေးပြီးတော့50 Gb ထိပေးတယ်။ file တွေ share ချင်လည်းရပါတယ်။ ကဲ ဘယ်လောက်တောင် အဆင်ပြေလည်း Hardisk တို့ Memory Stick တို့ ပျောက်မှာလည်း မစိုးရိမ်ရတော့ ဘူးပေါ့။ လိပ်စာက-www.minus.com

Tuesday, November 8, 2011

Adobe Photoshop CS4

Adobe Photoshop CS4

Monday, November 7, 2011

NOKIA ဖုန်းတွင်မြန်မာဖောင့်မြင်စေရန်/SPB shell နှင့်System Mechanic

ဆာစ့်ဝဲလ်လေးက Somyac.Font Zoomer.v2.21 ဖြစ်ပါတယ်

သူက ဘာအတွက်အသုံးဝင်လည်းဆိုတော့ NOKIA ဖုန်းတွေမှာ မြန်မာစာမြင်အောင်

ဇော်ဂျီဖောင့်ကို အသုံးပြုလို့ရအောင်အထောက်ပံပေးနိုင်တဲ့ဆောစ့်ဝဲလ်လေးပါခင်ဗျာ

အသုံးပြုနည်းကတော့ အရင်ဆုံးSomyac.Font Zoomer ဖုန်းထဲကို Run လိုက်ပါ

ပြီးရင် ဖုန်းမန်မိုရီ C:Somyac.Font Zoomer ဖိုင်ထဲကို ဇော်ဂျီဖောင့်ထည့်လိုက်ပါ

Somyac.Font Zoomer ဖွင့်လိုက်ပါ ပြီးရင် Options ကိုနိုပ်ပြိး

Show Font List ထဲဝင်လိုက်ပါ ပြီးရင် ဇော်ဂျီဖောင့်ကို Select ပေးလိုက်ပါ

ပြီးရင် Apply ကိုနိုပ်ပြီး ထွက်လိုက်ပါ ဖုန်းကိုလည်းပိတ်လိုက်ပါ ဖုန်းပြန်ဖွင့်လိုက်တဲ့အခါြ

မန်မာစာဖောင့်ဖတ်လို့ရတာကို မြင်ရပါမယ် အဆင်ပြေပါစေ

နောက်တစ်ခြားဖုန်းနဲ့ပက်သက်နဲ့တဲ့ မြန်မာဖောင့်ကိုလေ့လာချင်ရင်

http://www.myanmarmobileapp.com/ ထဲမှာလေ့လာနိုင်ပါတယ်

Download>>>>http://www.diskme.com/ (or)http://ifile.it/ (or)http://www.ziddu.com/

နောက်တစ်ခုကတော့ SPB shell ဖြစ်ပါတယ် သူက တော်တော်လေးလန်းတဲ့ ဆောစ့်ဝဲလ်လေးပါ Support Mobiles: Nokia X7 Nokia E7-00 Nokia C7-00Nokia C6-01Nokia N8

Download>>>>http://www.ziddu.com/ (or)http://ifile.it/ (or)http://www.diskme.com/ အဆင်ပြေပါစေ

နောက်တစ်ခုကတော့Get System Mechanic FREE ဖြစ်ပါတယ်ကွန်ပျူတာအတွက် မလိုအပ်တဲဖိုင်ကိုရှင်းပစ်ပေးတဲ့ဆောစ့်ဝဲလ်လေးပါ သုံးဖူးသူတွေတော့သိပါတယ် ကောင်းမှန်း

http://www.iolo.com/ လိပ်စာမှာဝင်ပြီးတော့ ဒေါင်းနိုင်ပါတယ်

သူငယ်ချင်းအားလုံးအဆင်ပြေဖို့မျှော်လင့်လျှက်
အမျိုးကောင်းသား

Sunday, November 6, 2011

Adobe Photoshop CS2 Tutorial

Adobe Photoshop CS2 Tutorial

Saturday, November 5, 2011

ဘလော့ဂါမှာ readmore ပုံစံထည့်နည်း

ပထမဆုံး Dashboard ထဲဝင်ပြီး Design ကနေ Edit Html ကိုသွားပါ။expand widget templates မှာ အမှတ်လေးခြစ်ပေးလိုက်ပါ။ပြီးရင် ကို Ctrl F သုံးပြီး ရှာပါ။တွေ့ပြီဆိုရင် မတိုင်ခင်အပေါ်ကနေ ကပ်ပြီးတော့ အောက်ကကုဒ်လေးတွေကိုထည့်ပေးပါ။အတိုင်းအတာကိုလိုသလိုပြင်ဆင်နိုင်ပါတယ်။


အောက်ကဟာက အတိုင်းအတာတွေကိုရှင်းပြထားတာပါ။


အပေါ်ကကုဒ်တွေထည့်ပြီးပြီဆိုရင်

ကိုရှာပါ။တွေ့ရင် အဲ့စာနေရာမှာ အောက်ကကုဒ်တွေကို အစားထိုးပေးပါ။



ပြီးပြီဆိုရင် Preview ကနေ အရင်ကြည့်ပါ အဆင်ပြေပြီဆိုမှ save လုပ်ပါ။

Friday, November 4, 2011

ယနေ့ခေတ်စား လာတဲ့ မြန်မာနိုင်ငံကိုချိန်းခြောက်နေသော DoS attack အကြောင်း


DoS ဆိုတဲ့ တိုက်ခိုက်မှုဟာ ယနေ့ခေတ်မှာ အင်တာနက် တိုက်ခိုက်ရေးသမားတို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်.. Denial of Service ဆိုတဲ့အတိုင်း အတိုက် ခိုက်ခံရသူရဲ့ Computer သို့မဟုတ် Webserver ရဲ့ Bandwidth , CPU, Memory အသုံးပြုမှုတွေက သာမာန်ပေးစွမ်းနိုင်တဲ့ ပမာဏထက် ပိုပြီးလိုအပ်တဲ့အတွက် Out of Service တွေ ဖြစ်ကုန်တာပါ။ ကြားဖြတ်၍ Resource အားလုံးကို စားသုံးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ထပ်ပြီး ရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့က www.planetcreator.net ဆိုပြီး Browser မှာရိုက်ထည့်လိုက်ရင် နောက်မှာ အလုပ် လုပ်ပေးတာက www.planetcreator.net တင်ထားတဲ့ Webserver က အလုပ်လုပ် ဖြေကြား၊ ဖော်ဆောင်ပေးရတာဖြစ်ပါတယ်။ ဒီတော့ သာမာန်တောင်းဆိုမှုနဲ့ ပိုတဲ့ Fade Request တွေကို server ကပြန်လည်ဖြေကြား ပေးနေရတဲ့အတွက် Over Load ဖြစ်ကာ Server က ဆက်သွယ်မှုရပ်တန့်သွားရခြင်းဖြစ်ပါတယ်။

DoS တိုက်ခိုက်မှုမှာ သတ်မှတ်ထားတဲ့ Targeted System (Victim) နဲ့ ၄င်း System ရဲ့ Port, network component, firewall ကို အတိအကျရွေးချယ် တိုက်ခိုက်တာဖြစ်တဲ့ အပြင် printer တွေ Alarm System တွေပြတ်တောက်သွားအောင် တိုက်ခိုက်တာလည်းရှိပါတယ်....

ဒါကြောင့် DoS အတိုက်ခံရပြီဆိုရင်
* Network ရဲ့ စွမ်းရည်ကျဆင်းလာခြင်း (နှေးကွေးလာခြင်း)
* Website များကို အသုံးပြုတဲ့အခါ အသုံးပြု၍ မရခြင်း (တိုက်ခိုက်တဲ့သူက http server ကို request အမြောက်အများတောင်းဆိုခြင်းကြောင့်)
* spam mail တွေ အ၀င်များလာခြင်း ( Mail Server ပျက်စီးမယ်/တိုက်ခိုက်သူက အချိန်တိုအတွင်းမှာ မေးလ်တွေ ထောင်ပေါင်းများစွာကို victim အားပို့ဆောင်သောကြောင့်)
* Computer or Webserver များရဲ့ CPU & Memory Usage တွေ မြင့်တက်နေခြင်းတို့ကိုတွေ့ရနိုင်ပါတယ်။


တိုက်ခိုက်ပုံ

DoS ရဲ့ တိုက်ခိုက်ပုံကတော့ Peer to Peer တိုက်ခိုက်သလိုပါပဲ... အထူးပြုလုပ်ထားတဲ့ DoS Tool တွေနဲ့ Vitim ရဲ့ host သို့မဟုတ် ip address and port တွေကို အချိန်တို အတွင်းမှာ request ပေါင်းများစွာတောင်းဆို အသုံးပြုခြင်းပဲဖြစ်ပါတယ်။

တိုက်ခိုက်တဲ့ မှုကွဲတွေကတော့
* ICMP Flood
* Teardrop Attack
* Peer-to-Peer Attack
* Permanent Denial of Service
* Application Level Floods (IRC Floods)
* Nuke
* Distributed Attack
* Reflected Attack
* Degradation-of-Service
* Unintentional Denial of Service
* Denial of Service Level II
* Blind Denial of Service

DDoS ( Distributed Denial of Service) ဆိုတာ DoS ရဲ့ Advanced Version တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပစ်မှတ် Server တစ်ခုကို flooding packets ပေါင်းများစွားအာ
single network တစ်ခုကတင် မဟုတ်ပဲနဲ့ Multiple host or network တွေကနေတိုက်ခိုက်တာပါ။ DDoS က ယနေ့ခေတ်အတွက် ကုရာ နတ္ထိဆေးမရှိသလိုဖြစ်နေပြီး မိမိသုံး
တဲ့ Server ရဲ့ Security အားနည်းတာလည်း ဖြစ်နိင်သလို site ရဲ့ security စောင့်ကြည့်မူ့တွေအားနည်းမူ့ကြောင့်လည်း ဖြစ်ပါတယ်။


ဘယ်လိုပဲဖြစ်စေ DoS နဲ့ DDoS ကိုကျွန်တော်တို့ ထပ်ပြီး အနည်းငယ် အကျယ်ချဲ့ ကြည့်ရအောင်.. ကျွန်တော်က လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်ချင်တယ်ဆိုရင် အဲ့လူရဲ့ ဖုန်းနံပါတ်ကိုကောက်နိုပ်လိုက်မယ်.. ပြီးရင် အဲ့လူနားထောင်လောက်တဲ့ အချိန်ကျမှ ဖုန်းကို ကောက်ချလိုက်မယ်.. ဒီလိုအကြိမ်အရေအတွက် များလာခဲ့မယ်ဆိုရင် တစ်ဖက်ကလူလည်းအနှောက်အယှက်ဖြစ်မယ်... စိတ်ညစ်မယ်ပေါ့.. ဒါဟာ Attacker to Victim တိုက်ရိုက် ဆက်နွယ်တဲ့ DoS နည်းလမ်းပဲ... ဒါပေမဲ့ Victim က နည်းပညာကောင်းပြီး Attacker ရဲ့ ဖုန်းနံပါတ်လေးတစ်ခုတည်းကိုပဲ Block လုပ်ထားလိုက်မယ်ဆိုရင် Attacker
က ခေါ်လို့ရမှာမဟုတ်တော့ဘူး ... ဒီလိုအချိန်မှာ Attacker က ထပ်လောင်း၍ တစ်ခြားနည်းလမ်းကိုသုံးလာလိမ့်မယ်.. အဲ့ဒါကတော့ Radio Station တွေကနေပြီးတော့ လာမည့်ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်ပွဲအတွက် လက်မှတ်တွေကို ဈေးနှုန်းချိုသာစွာရောင်းချနေတယ်... နောက်ထပ် ဘယ်နေရာမှာ အန္တရာယ်နဲ့တွေ့နေတယ်.. ဒီလို Fade တွေကို Victim နဲ့ သတ်ဆိုင်တဲ့သူတွေကို သတင်းပေးလိုက်မယ်ဆိုရင် Victim ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကလည်း Victim ကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက် အကြောင်းကြား အသိပေးနေတော့မှာပါပဲ.. ဒါက Distributed လုပ်တယ်လို့ ခေါ်တယ်.. တစ်နည်းအားဖြင့် DDoS ပေါ့...

Distributed လုပ်တဲ့နေရာမှာ Attacker (Hacker) တွေက Malware, Virus တွေနဲ့ဖြစ်စေ Fade Mail, Social Engineering နဲ့ဖြစ်စေ အွန်လိုင်းကို ဖြန့်လိုက်ပါတယ်... ၄င်း Attacker ရဲ့ Malware,Virus တွေ မိမိစက်ထဲကိုရောက်လာတာပဲဖြစ်စေ Social Engineering နဲ့ရောက်လာတာပဲ ဖြစ်စေ မိမိရဲ့ စက်ဟာ Attacker ရဲ့ အသုံးချခံဖြစ်သွား ပါပြီ... ဒါကို Zombie လို့ခေါ်ပါတယ်... ဒီ Zombie တွေဟာ ဟက်ကာတွေရဲ့ ခိုင်းစေတာကို လုပ်ဆောင်ဖို့ အချိန်တိုင်းအသင့်ရှိနေကြပါတယ်... ဒီလိုအွန်လိုင်းမှာ ဟက်ကာတွေ ရဲ့ အသုံးချခံနေရတဲ့ Zombie တွေက မနည်းပါဘူး။ ဒီအချိန်မှာ တိုက်ခိုက်မဲ့ Attacker (Hacker) က ၄င်းရဲ့ Zombie တွေကို အချိန်၊ နေရာ တွေကို ညွန်ကြားပေးလိုက်တာနဲ့ Victim ကို အားလုံး Fade Request, Fade Mail တွေ ပို့ဆောင်ကြတာပါပဲ...

Fade Mail ဆိုတာက Mail Bomber ပုံစံမျိုး တစ်ကြိမ်မှာ မေးလ်ပေါင်း သောင်းနဲ့ ချီပြီး ပို့ဆောင်နိုင်သလို ၄င်းကို Distributed လုပ်ပြီးတိုက်ခိုက်တာလည်းရှိပါတယ်...
သာမာန် user တစ်ယောက်က ထိုသူသွားလည်တဲ့ Website (www.abc.com) တစ်ခု ရှိတယ်ဆိုကြပါစို့ .. Attacker က ၄င်းရဲ့ Website မှာ စိတ်ဝင်စားစရာ ကြော်ငြာလေး တစ်ခုထည့်ထားမယ် ... ဒီအချိန်မှာ ၄င်း site (www.abc.com) ကိုလာရောက်လည်ပတ်တဲ့သူတွေက ၄င်း ကြော်ငြာ်လေးကို နိုပ်လိုက်တိုင်းမှာ Attacker ကြိုတင်သတ်မှတ် ထားတဲ့ Victim ရဲ့ mail server ကို မေးလ်ပေါင်း မြောက်များစွာ ပို့ကြပါလိမ့်မယ်... ဒီလိုအချိန်မှာ တစ်ဖက်က SMTP/POP စသည့် Mail Server တွေက Down သွားနိုင်ပါ တယ်။

ဒါဟာ ရိုးရှင်းတဲ့ တိုက်ခိုက်မှုပဲရှိပါသေးတယ်...DoS and DDoS တိုက်ခိုက်မှုမှာ
'packet-forgery' ခေါ်တဲ့ packet အတုအယောင် ဖန်တီးခြင်း၊ 'IP spoofing' ခေါ်တဲ့ IP Address ကို packet နဲ့အတူပြောင်းလဲခြင်း စသည်အများကြီးရှိပါသေးတယ်..

ဒီနေရာမှာ Ethernet ဆိုတာကို နဲနဲလေး လူဗိန်းနားလည်လောက်တဲ့ ပုံစံနဲ့ ပြောပါမယ်.. Ethernet ရဲ့ System တွေဆက်သွယ်မှုမှာ "packets" frames လေးတွေ ကရှိပါတယ် အဲ့ frame ထဲ destination address, source address type field and data လေးတွေပါဝင်ပါတယ်... Ethernet address က 6 bytes ရှိပြီး ၄င်းတို့ရဲ့ ကိုယ်ပိုင် Ethernet Address တစ်ခုစီ ရှိကြပါတယ်။ Ethernet က အသုံးပြုတာက CSMA/CD (Carrier Sense and Multiple Access with Collision Detection) ကိုအသုံးပြုတာဖြစ်တဲ့အတွက် ၄င်းတို့က Data တစ်ခုပို့တော့မယ်ဆိုရင် ၄င်းပို့မယ့် Destination လမ်းကြောင်းပေါ်မှာ သူပို့ဆောင်တဲ့ Data တွေ ရှိမရှိစစ်ပါတယ်... ရှိသေးရင် ခေတ္တခဏ စောင့်ပြီးမှ ထပ်ပို့ပါ တယ်... ဒီလိုလုပ်တာကို Collision Detection လုပ်တယ်လို့ခေါ်ပါတယ်.. ဒီတော့
တစ်ခါပို့နိုင်ပြီး လက်ခံတာကတော့ အဆက်မပြတ်လက်ခံနိုင်တယ်ဆိုတဲ့ သဘောပေါ့....

ဒါကို ဥပမာတစ်ခုထပ်ပေးမယ်... Ethernet technology ဆိုတာ အမှောင်ခန်းထဲမှာ လူတွေဝိုင်းဖွဲ့ စကားပြောတာနဲ့တူပါတယ်...
အခန်းထဲမှာဘယ်သူပြောပြော အားလုံးက ကြားပါတယ်.. ဒါက Carrier Sense ဖြစ်ပါတယ်။ အခန်းထဲက လူတိုင်းက သူတို့ စိတ်ဆန္ဒရှိရင် ပြောဆိုနိုင်ပါတယ်.. ဒါက Multiple Access ဖြစ်ပါတယ်.. ဒါပေမဲ့ပြောတဲ့သူ တွေတိုင်းက ယဉ်ကျေးသိမ်မွေ့တဲ့အတွက် စကားပြောတဲ့ နေရာမှာ ဆင်ခြင်ကြတယ်ပေါ့... အကယ်၍ တစ်ယောက်က စကားပြောတဲ့အခါမှာ နောက်တစ်ယောက်က ပထမတစ် ယောက်ရဲ့ စကားအပြီးကိုစောင့်ကြပြီး ဘာမှမပြောပါဘူး... ဒါက Collision Detection ဖြစ်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေမှာ နာမည်ကိုယ်စီရှိကြပါတယ်.. ဒါက unique Ethernet address ဖြစ်ပါတယ်... ဒီအချိန်မှာ အခန်းထဲက လူတစ်ယောက်က " Hello, brb, I'm PlanetCreator " လို့ပြောရင် ဒါက Ethernet destination and source
address ဖြစ်ပါတယ်... ပြောမဲ့သူက အားလုံးကို ပြောချင်တယ်ဆိုရင် "Hello everyone, I'm PlanetCreator" လို့ပြောပါလိမ့်မယ်.. ဒါက Broadcast Message လို့ခေါ်ပါတယ် အဖြစ်အများဆုံးကတော့ ဒီအခန်းထဲမှာ ရှိတဲ့သူတွေအားလုံးက တစ်ယောက်ကို တစ်ယောက် ယုံကြည်တဲ့အတွက် စကားကို လျို့ဝှက်ချက်မပါပဲ ပွင့်ပွင့်လင်းလင်းပြောကြပါ တယ်... ဒါက non-encrypted data communication is common ဖြစ်ပါတယ်..

ဒီအချိန်မှာ အခန်းထဲကို လူစိမ်းတစ်ယောက်က ၀င်လာတယ်ဆိုပါစို့
ဒါကို (has tapped that Ethernet segment) လို့သတ်မှတ်မယ်... အထဲမှာပြောတဲ့သူတွေအားလုံးက လျို့ဝှက်ချက်မရှိပဲပြောသလို ၀င်ရောက်လာတဲ့ လူစိမ်းကလည်း စကားဝိုင်းကို မနှောက်ယှက်ပဲ ထိုင်ပြီးနားထောင်နေမယ် .. ဒါကို Sniffing လုပ်တယ်လို့ခေါ်မယ်... ပြီးရင် အခန်းထဲက ပြန်ထွက်သွားမယ်... ဘာမှနှောက်ယှက်မှုမလုပ်ခဲ့တဲ့အတွက် သူ့ကို Detect လုပ်ဖို့ခက်ပါတယ်.. ဒီလောက်ပါပဲ...

ဒီအချိန်မှာ ၀င်ရောက်လာတဲ့ လူစိမ်းက အဆက်မပြတ်ပြောနေမယ်ဆိုရင် ဒါက DoS to that segment of the Ethernet ဖြစ်တယ်လို့ခေါ်ပြီး သူတစ်ယောက်တည်းတင်သာမ က အခြားသူများကိုပါ စကားတွေ တစ်ပြိုင်နက်ထဲပြောအောင် လုပ်တယ်ဆိုရင် DDoS ပေါ့... ပြီးရင်
အခန်းတစ်ခုလုံး လက်ပံပင်ဇရပ်ဖြစ်သွားတော့ စကားဝိုင်းခေါ်တဲ့ server ပျက်ပြီပေါ့...

လူစိမ်းက ခဏကလို စကားတွေပြောတဲ့အခါ အခြားသူတစ်ယောက်လို အသံမျိုးနဲ့ ထပြီး စကားပြောမယ်.. နောက်တစ်ခါ နောက်တစ်ယောက် လေသံနဲ့ အသံတုလုပ်ပြောမယ် ဆိုရင် ဒါက IP Spoofing လုပ်တယ်ခေါ်တယ်... ပြီးရင် နောက်တစ်ယောက်ကို နာမည်အတုနဲ့ စကားတွေပြောနေမယ်ဆိုရင် packet forgery လို့ခေါ်တယ်...

သာမာန်အတွက် Attacker (Hacker) က How are you ? ဆိုတဲ့ မေးလ်ခွန်းကို Server (Victim) က I'm fine ဆိုပြီးတစ်ခါဖြေနိုင်ပါတယ်။ ဒါပေမဲ့ Attacker ဖန်တီးထားတဲ့ Zombie တွေက
တစ်ချိန်တည်း တစ်ပြိုင်တည်း How are you? How are you? How are you? ဆိုပြီး အုံလိုက်မေးတဲ့အခါ server က တစ်ယောက်ကိုဖြေကြားပေးပြီး နောက်တစ်ယောက်ကို ဖြေကြားပေးဖို့ လုပ်ဆောင်ရပါတယ်... ဒီလိုဖြေကြားနေရတာများတော့ CPU တွေ RAM တွေက မခံနိုင်တော့ပါဘူး။ ဒါကြောင့် ဆက်သွယ်မှုတွေ ပြတ်တောက်သွားတာပါ။ Server Overload ဖြစ်ပြီး Data တွေ ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။


DoS or DDoS attack ကိုဘယ်ကိုကာကွယ်မလဲ ဆိုတာကတော့ ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့ နည်းလမ်းကို မတွေ့သေးပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့နည်းလမ်းတစ်ချို့တော့ရှိပါ တယ်...

* အမြဲတမ်းမိမိရဲ့ anti virus program ကို update လုပ်ပေးပါ
* Firewall အားမှန်ကန်၍ တင်းကြပ်သော rule များသတ်မှတ်ပါ...
* မိမိကွန်ပျူတာမှာ မလိုအပ်တဲ့ Intenet Port Number တွေကိုပိတ်ပါ.. ကွန်ပျူတာရဲ့ Port ကိုစစ်ရန်
http://www.auditmypc.com/firewall-test.asp
* Email အား စနစ်တစ်ကျအသုံးပြုပါ... mail filtering ကိုအသုံးပြုပါ...
ဒီအတွက် အဓိက အနေနဲ့ကတော့ Firewall ကိုထပ်ပြီးပြောပါမယ်.. Firewall မှာ Hardware Firewall နဲ့ Software Firewall ဆိုပြီးရှိပါတယ်...


Hardware Firewall

ဒါကို Network Firewall လို့လည်းခေါ်ပြီး ယနေ့ခေတ် နောက်ဆုံးပေါ် ADSL Router တွေမှာ တစ်ခါတည်းတွဲပြီးပါလာတတ်ပါတယ်... Coporate လုပ်ငန်းတွေဆိုရင်တော့ Firewall Router တစ်ခုကို သီးသန့်ဝယ်ပြီး ဆင်ထားတတ်ကြပါတယ်... Software Firewall ထက်စာရင် Hardware Firewall ကပိုပြီးကောင်းမွန်ပါတယ်..

နောက်တစ်ခုက ဒါကတော့ DoS or DDoS တွေကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ Server ဖွဲ့စည်းမှုတစ်ခုပါပဲ... အထဲမှာ Hardware Firewall အပြင် Load Balancer ဆိုတာကိုပါထည့်ထားပါ တယ်...

Load Balancer ကိုပြထားတာပါ...
အားလုံးကို အကျဉ်းချုပ်ပြီးပြောရမယ်ဆိုရင် DoS ဆိုတာ Attacker ကနေ Victim ကို တိုက်ရိုက်တိုက်ခိုက်တယ်.. DDoS ဆိုတာကတော့ ကြားခံ Zombie ကိုမွေးပြီး တိုက်ခိုက် တယ်... ဒီလောက်ပါပဲ...


Zombie & Botnet

Zombies ဆိုတာ ဟက်ကာရဲ့ အသုံးချခံတစ်ခုဖြစ်ပြီး Victim ကို ဟက်ကာရဲ့ ခိုင်းစေချက်အတိုင်း တိုက်ခိုက်ရတာဖြစ်ပါတယ်.. ဒါကြောင့် Zombie ရတယ်ဆိုတာ malware ရတာလို့ဆိုနိုင်ပါတယ်.. Malware (zombie) ရထားတဲ့ ကွန်ပျူတာဟာ

* Sending spam
* Hack other computers
* Denial of service attacks
* Advertisement click fraud
* Phishing websites

စသည်တို့ကိုလုပ်ဆောင်ကြပါတယ်..

၎င်း Malware, trojan, virus ဟာ အသုံးချခံကွန်ပျူတာအတွင်းဝင်ရောက်ပြီး အထဲမှာရှိတဲ့ Security တွေ၊ Antivirus တွေကို ပိတ်ကာ Hacker အနေနဲ့ Additional Programတွေ ထည့်သွင်းလို့ရအောင်၊ ၀င်ထွက်လို့ရအောင် လမ်းဖွင့်ပေးပါတယ်... ဒီတော့ ၄င်း ကွန်ပျူတာက Hacker ရဲ့ အသုံးချခံလုံးလုံးဖြစ်ပြီး လိုအပ်တဲ့အခါ အသုံးပြုလို့ရအောင် Hacker တွေက ၄င်း Zombie လေးတွေကို စုထားတတ်ပါတယ်... ဒါကို botnet လို့ခေါ်ဆိုနိုင်ပါတယ်.. bot ဆိုတဲ့အဓိပ္ပါယ်ကလည်း Robot လို Artificial Intelligence ပေါ့... အခုလို Trojan တွေများလာခဲ့ရင် စေလိုရာစေ ခိုင်းလို့ရပါပြီ... ဟက်ကာတွေက Zombie တွေသုံးပြီးတိုက်ခိုက်လိုက်တော့ သူတို့ကို လိုက်လံ Trace လိုက်ရတာ ခက်သွားတာ ပေါ့...

မိမိစက်က Zombie ဖြစ်နေပြီဆိုရင်တော့

၁။ မိမိ RUN လိုက်တဲ့ programs တွေက နှေးလာမယ်။
၂။ services တွေ (ဥပမာ http) high rate ကျလာမယ်။
၃။ များပြားလှသော connection requests တွေဟာ ကွဲပြားတဲ့ Networks တွေကနေ ၀င်လာမယ်။
၎။ မိမိရဲ့ site ကိုလာရောက်အသုံးပြုသူတွေက site ကို အသုံးပြုတဲ့ နေရာမှာ နှေးမယ်။
၅။ မိမိရဲ့ စက်ဟာ CPU load မြင့်နေလိမ့်မယ်။

Tuesday, November 1, 2011

အင်တာနက်ကဖေးတွေမှာ သုံးတက်သူများ၏ အီးမေးလ် password များနှင့် အခြား password များကို cafezee software တစ်မျိုး နှင့် အခြားဆော့ဝဲလ် များကို ပေါင်းစပ်အသ

အင်တာနက်ကဖေးတွေမှာ သုံးတက်သူများ သတိထားရမည့် အချက် အင်တာနက်ကဖေးတွေမှာ သုံးတက်သူများ၏ အီးမေးလ် password များနှင့် အခြား password များကို cafezee software တစ်မျိုး နှင့် အခြားဆော့ဝဲလ် များကို ပေါင်းစပ်အသုံးချပြီး ရယူနိုင်ပါတယ် ဆိုရင် ယုံပါ့မလား ?

တကယ်မျက်မြင်ကိုယ်တွေ့ အဖြစ်အပျက်လေးတစ်ခုကို အရင်ပြောပြပါ့မယ် တစ်နေ့ ကျနော် သူငယ်ချင်းတစ်ယောက်ရဲ့ cyber cafe ကို သွားထိုင်ဖြစ်တယ် ကျနော့ သူငယ်ချင်းက မင်းကို ပြစရာရှိတယ် ခနလာဦး လို့ ခေါ်တော့ သူထိုင်နေတဲ့ ကောင်တာ စက်ဘက်ကို ကျနော် သွားကြည့်လိုက်တယ် သူ့ စက်က cafezee ကို ဖွင့်တယ် ပြီးတော့ နောက်ထပ် ဆော့ဝဲလ်တစ်မျိုးကို ထပ်ဖွင့်တယ် ပြီးတော့ သူကမေးတယ် မင်း အခုဆိုင်မှာ ဘယ်သူတွေဘာတွေလုပ်နေလဲသိချင်လားတဲ့ ကျနော် ကလဲ လုပ်လေ ဘယ်လိုသိမှာလဲ ပြန်ပြောတော့ သူက မင်းသိချင်တဲ့ စက်နံပါတ်ကို ပြော..တဲ့ ကျနော်လဲ ကောင်မလေးတစ်ယောက်ထိုင်နေတဲ့ စက်နံပါတ်(၄)ကို ပြောလိုက်တယ် သူ က cafezee ထဲက user-4 ကို ကလစ်လိုက်တာနဲ့

အာလားလား ....

နံပါတ်(၄) မှာ ထိုင်ပြီးကြည့်နေသလိုမျိုး desktop ပေါ်မှာ လုပ်နေသမျှတွေ အကုန်မြင်တာဗျို့ အဲဒီကောင်မလေးက ကိုးရီးယားမင်းသားပုံတွေကို Google မှာ ရှာနေတာကို မြင်ရတယ် g-talk ပြောနေတာ လဲ အကုန်မြင်ရတယ် ဟ မင်းဟာက မဆိုးဘူးပဲလို့ ကျနော်ပြောလိုက်တော့ သူက ဒါတင်ဘယ်ကမလဲ အဲဒီစက် ကို ဒီကနေလှမ်းသုံးလို့တောင်ရတယ် တဲ့ ကဲစဉ်းစားကြည့်ကြပါတော့ ကိုယ်ပြောသမျှတွေ ကိုယ်လုပ်သမျှတွေကို SERVER မှာ ထိုင်နေတဲ့ သူကအကုန်သိသွားပြီး ကိုယ့် မေလ်းတွေ ကို လဲ ဖတ်လို့ ရသွားပြီး ဒါပေမယ့် ဒီလိုလုပ်နေတုန်းမှာ အားနည်းချက်တော့ရှိတယ်ဗျ ဒီနည်း နဲ့ စက်တစ်လုံးကို ကြည့်နေစဉ် အတွင်း နောက်ထပ်တစ်လုံးကို ထပ်ကြည့်လို့ မရဘူးဗျ ဥပမာ user-4 ကို ကြည့်နေစဉ်user- 5 ကို ထပ်ကြည့်လို့ မရပါ နောက်ပြီး ..အထိုင်စက်မှာ ရော ကိုယ့်ကြည့်ချင်တဲ့ စက်မှာပါ လိုအပ်တဲ့ ဟာတွေ(ဆော့ဝဲလ်တွေ၊ ကွန်မန်းတွေ စသည်ဖြင့်)ကို အရင်ထည့်ထားပေးရတယ် ကြည့်နေစဉ် အတွင်း အကြည့်ခံရတဲ့ စက်မှာ တစ်ချက်တစ်ချက် ထစ် သလိုလေးဖြစ်နေပါတယ် နောက် အကြည့်ခံရတဲ့ စက်မှာ try icon လေးပေါ်တယ်ဗျ မသိမသာလေးပေါ့ အဲလို မဖြစ်ရအောင်ကာကွယ်နည်းကို ပြောပြချင်ပေမယ့် ကာကွယ်နည်းရဲ့ ပြောင်းပြန်ဟာ အသုံးချနည်းဖြစ်နေတော့ ပြောပြလို့ မဖြစ် အကောင်းဆုံးကတော့ သုံးနေစဉ် အတွင်း ဘာမှန်းမသီတဲ့ အိုင်ကွန်းလေးပေါ်လာမယ်(သေးသေးလေးနော်) စက်ကလဲ ထစ်ထစ်နေတယ်ဆိုရင် cafezee ကို ဖြုတ်ခိုင်းလိုက်တာ အကောင်းဆုံးပါ အပေါ်က အချက်ကို ပုံလေးတွေနဲ့ ပြချင်ပေမယ့် သူခိုးလမ်းပြ ဖြစ်မှာစိုးလို့ ကိုယ်တွေ့ အဖြစ်အပျက်လေးကိုပဲ ပြောပြတာပါ နောက် တစ် ခု သတိထားရမှာက အဲဒီလိုလုပ်ပြီး ကြည့်နေချိန်မှာ ကိုယ်က g -talk တို့ g mail တို့ စ၀င်ကာစ အချိန်ဆိုရင် နောက်ထပ်ဆော့ဝဲလေးတစ်ခု သုံးပြီး password ကို ကြည့်လို့ ရတယ်ဗျ အောက်က ပုံတွေမှာ ကြည့်ပါ

ကဲ ကိုယ့်password တွေ လုံခြုံရေးကို ကိုယ် ဂရုစိုက်ကြပေါ့ဗျာ ကျနော် ကတော့ ပြောပြပေးရုံပဲ တက်နိုင်မှာပါ .........................

Related Posts Plugin for WordPress, Blogger...