Friday, July 29, 2011

Gtalk Autoreply




လိုချင်သူတွေအတွက်ပါ။


gtalk autoreply ပါ သိတဲ့လူလဲ သိပါလိမ့်မယ် အသုံးပြုတာကတော့ အရမ်းကို လွယ်ကူပါတယ် မိမိက ကွန်ပျူတာ အဝေးကို သွားချင်တာပဲ ဖြစ်ဖြစ်အိပ်နေတာပဲ ဖြစ် ဖြစ် စကားပြန်မပြောချင်တာပဲ ဖြစ်ဖြစ် သုံးလို့ ရပါတယ် Gtalk Autoreply Setup ကို install လုပ်ပေးပါ ပြီးရင်တော့ Gtalk autoreplyကို ဖွင့်ကြည့်ပါ username password ထည့်ပြီး အောက်က message နေရာမှာတော့ သေချာအောင် notepad မှာရေးလိုက်တာ အကောင်းဆုံးပါ ဘာလို့လဲဆိုတော့ စာရိုက်တဲ့အချိန်မှာ မြန်မာလို မပေါ်လို့ပါ ပြီးရင်တော့ start automatically with windows မှာ အမှန်ခြစ်ပေးပြီး save and enable autoreply ကိုနှိပ်လိုက်ပါ ဒါဆို တဘက်က ဘယ်သူပြောပြော auto ပြောနေပါလိမ့်မယ် အဆင်ပြေပါစေ….






http://www.komyat.com/2011/03/gtalk-autoreply.html


Thursday, July 28, 2011

Zawgyi Keyboard Installer for Windows 7 (64-bit)



Windows 7 (64-bit) အတွင်းတွင် Alpha Zawgyi Uni-code ကို ထည့်သွင်းအသုံးပြုသောအခါ စာရိုက် မရသည့် ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခဲ့ရပါက Zawgyi Keyboard Layout လေးကို Download ပြုလုပ်၍ install တင်လိုက်ခြင်း အားဖြင့် အဆင်ပြေသွားနိုင်ပါသည်။ မိမိအသုံးပြုနေသည့် ကွန်ပျူတာရဲ့ Operation System ဟာ 32-bit လား၊ သို့မဟုတ် 64-bit လားဆိုတာကို စစ်ဆေးကြည့်ရှုနိုင်ရန် My Computer ရဲ့အပေါ်မှာ Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ်လိုက်ပါ။ ထိုအခါတွင် အထက်ပါ ပုံစံအတိုင်း System type တွင် 64-bit လား၊ 32-bit လား ဆိုသည်ကို ဖော်ပြပေးထားပါတယ်။ ထို့ကြောင့် 64-bit ဖြစ်နေသော သင့်စက်အတွက် Alpha Zawgyi ကို install ပြုလုပ်သောအခါတွင် conflict ဖြစ်နေရခြင်းပင် ဖြစ်သည်။

-အကယ်၍များ သင့်စက်တွင် Language Bar မပေါ်လာခဲ့ပါက Control Panel အတွင်းမှ Regional and Language ကို Open လုပ်ပါ။ ပေါ်လာသော Menu အတွင်းမှ Language Bar ကို Click နှိပ်၍ ရွေးချယ်ပေးပါ။ ဆက်လက်၍ Docked in the taskbar နှင့် Show text labels on the Language bar ကို အမှန်ခြစ်တပ်ရွေး ချယ်လိုက်ပါ။
-သင့်စက်ရဲ့ Language Bar အတွက် Key Sequence များကို ပြောင်းလဲလိုပါက Advanced Key Settings ကို ရွေးချယ်ရပါမည်။ ထို့နောက် Change Key Sequence ကို Click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် Ctrl + Shift ကို ရွေးချယ်လိုက်နိုင်ပါသည်။ ဒါဆိုရင် Windows 7 (64-bit) အတွင်း မြန်မာစာနဲ့ အင်္ဂလိပ်စာကို Ctrl + Shift တွဲနှိပ်၍ အလှည့်ကျ ရိုက်လို့ရသွားပေမည်။ ပြီးပြီဆိုရင်တော့ Apply > OK နှိပ်၍ ပြန်ထွက်လိုက်ပါ။

Wednesday, July 27, 2011

Add or Remove Programကိုပိတ်ထားကြည့်ရအောင်

ကိုယ်တင်ထားတဲ့ software တွေကို အခြားသူတွေက ဖြုတ်ပစ်လိုက်တာမျိုးတွေရှိပါတယ်
Control Pannel ထဲက Add or Remove Programကိုပိတ်ထားလိုက်ရင်တော့ ဒီလိုမျိုးကြုံရ သက်သာနိုင်ပါတယ်...ဒါ့ကြောင့်ပိတ်ကြည့်ရအောင်ဗျာ....

အရင်ဆုံး Run -> gpedit.msc-> User configuration -> Administrative Templates -> Control Panel -> Add or Remove Programs ကိုသွားပါ ညာဘက်မှာ Remove Add or Remove Programs ဆိုတာကိုတွေ့ ပါလိမ့်မယ် Right Click -> Properties ပါ ...ထို့နောက်Enable ပေးလိုက်ပါ


Control Panel ထဲမှာတော့ Add or Removes Programs ဆိုတာ ရှိမနေတော့ပါဘူး.. အရင်တိုင်းပြန်ထားချင်တယ်ဆိုရင်တော့ Enable နေရာမှာ Not Configured ပြန်ပေးလိုက်ရင်Default အတိုင်းဖြစ်သွားပါပြီ.....

Saturday, July 23, 2011

MP 3 သီချင်းများအတွက် HTML Code ထုတ်နည်း

(၁) http://www.myanmarfriendconnect.com/ မှာ Account ကို Register လုပ်ထားပါ။ ပြီးရင် ရလာတဲ့ Account ကို Sign in ပြန်လုပ်ထားပါ။

(၂) Audio Tab ကိုနှိပ်ပြီး ဖွင့်ထားပါ။ ပြီးရင် My Audio ကိုနှိပ်ပါ။(ကိုယ့် Upload တင်ပြီး ကုဒ်ထုတ်ထားတဲ့ သီချင်းတွေကြည့် သီးသန့် ထားတဲ့ နေရာပါ)


(၃) Add an audio track ကိုနှိပ်ပါ။ ဒီဇိုင်းပြောင်းပြီး Box ကျလာမယ်


(၄) Add Audio Track (Add multiple audio tracks) ဆိုတဲ့ ခေါင်းစဉ်အောက်က Browse ကိုနှိပ်ပြီးတော့ ကိုယ့်စက်ထဲက MP3 သီချင်းကို ယူလိုက်ပါ


(၅) Title ဆိုတဲ့ ခေါင်းစဉ်အောက် Box အဖြူးလေးထဲမှာ ကိုယ့်ထည့်မယ့် သီချင်းရဲ့ ခေါင်းစဉ်ကိုရေးပါ။


(၆) Audio Thumbnail:: ခေါင်းစဉ်အောက်က Browse ကိုနှိပ်ပြီးတော့ ကိုယ့်သီချင်းလိုဂိုလေး ထည့်ပါ (ကြိုက်ရာပုံထည့်ပါ)


(၇) Add Audio Track ကိုနှိပ်လိုက်ပါ။ Uploading Box ကျလာပါလိမ့်မယ်။


(၈) ကိုယ်လုပ်ထားတဲ့ သီချင်းခေါင်းစဉ်လေးနဲ့ ပုံစံလေးကျလာပါပြီ။


ကျလာတဲ့ ပုံစံလေးထဲက ကိုယ့်သီချင်းခေါင်းစဉ်ပေါ်ကို နှိပ်လိုက်ပါ။


ဒါဆို MP 3 ထည့်နေကြဒီဇိုင်းလေးရပါပြီ။ ဒါပေမယ့်တန်းထည့်လို့ မရသေးပါဘူး



(
၉) အဲ MP 3 ပုံစံလေးရဲ.ညာဘက်ထောင့်စွန်းက Share ကိုနှိပ်လိုက်ပါ။ဒါဆိုကုဒ်တွေထွက်လာပါပြီ။ အဲကျမှ Copy To

Clipboard နှိပ်ပြီးတော့ Copy ယူထားလိုက်ပါ။ ဒါဆိုရင် MP 3 သီချင်းလေးအတွက် ကုဒ်လေးရသွားပါပြီ။(နမူနာလေး ကြည့်ပါဦး)

(အဲဒီနမူနာကုဒ်တွေထဲက autoPlay=0& amp; ဆိုတာကို =1 လို့ပြောင်းပေးပါ။ အဲဒါက ဘာပြောတာလည်း ဆိုရင် သီချင်းကို အမြဲတမ်း Auto Play နေစေချင်လို့ ဖြစ်ပါတယ်)

ကိုယ်ပိုင်စာမျက်နှာက Text Box ထဲမှာ အဲဒီကုဒ်ကို သွားထည့်လိုက်ရင် ရပါပြီ အဆင်ပြေဖို့ မျှော်လင့်ပါတယ် ...

Tuesday, July 19, 2011

"H4CKING"....."DDOS"

လွယ်လွယ်ပြောရရင် ဟက်ကင်းနဲ့ ပတ်သက်ပြီး လုပ်နည်းက ၂ မျိုးပဲရှိတယ်။ အကြိမ်ကြိမ်တိုက်မလား၊
အပြီးတိုင်တိုက်မလား။ ၂ ခုစလုံးရဲ့နောက်က အီလောထရွန်းနစ်ပုဒ်မနဲ့ငြိတဲ့အတွက် အနည်းဆုံး ၇ နှစ်ကနေ ၁၅
နှစ်ထိထောင်ထဲမှာ နေရမယ်။ ဟက်တော့မယ် ဆိုရင် အဓိကကတော့ အင်တာနက်ကို ၂၄ နာရီ သုံးနိုင်ရမယ်
ပြေပြေပြစ်ပြစ်လေး ရှင်းပါဦးဗျ။

ဒီလိုဗျာ…အင်တာနက်လောကမှာ တိုက်နည်းပေါင်းစုံရှိတယ်။ ဟက်နည်းပေါင်းစုံရှိတယ်။
တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ကြလဲဆိုတာတော့ မတူဘူး..အားသန်ရာသန်ရာပေါ့။
အဆင်အပြေဆုံးက ဘယ်ဟာဖြစ်မလဲအစ်ကို။
စိတ်ဝင်စားစရာတွေကတော့ အားလုံးပဲ…သူများဟာကိုလုပ်ရတာ ဆိုတော့ ဖီးလ်ကလည်းအပြည့်ပဲ။
တိုက်နည်းတွေကဗျာ….PC to PC ထိုးဖောက်တာရယ် ၀က်ဘ်ဆိုက်တွေကိုထိုးဖောက်တာရယ်
ဆာဗာတွေကိုထိုးဖောက်တာရယ်ပေါ့။

အင်း… တစ်ခုလောက် ပြောပြပါဦး။
အင်တာနက်ဆာဗာတွေနဲ့ ဆိုက်တွေကို တိုက်တာကို အရင်ဆုံးရှင်းပြမယ်။ အလွယ်ဆုံးကတော့DDoS
လို့ခေါ်တဲ့ Denial လုပ်တဲ့ တိုက်နည်းပေါ့။ ဒီကောင်က ဆိုက်ကို အကြိမ်များစွာ အလုပ်ပေးပြီး Server ကို
ဒေါင်းသွားစေတဲ့နည်းပေါ့။ ဒါကတော့ ကြားဖုးပြီးဖြစ်မှာပါ။ လုပ်နည်းကိုင်နည်းကလည်း တော်တော်ကို
လွယ်ပါတယ်။

အင်း.. စိတ်ဝင်စားစရာ ကောင်းလာပြီ။

Ready Made Tools တွေသုံးပြီး တိုက်မလား။ Command နဲ့တိုက်မလား၊ ကြိုက်တာရွေးနိုင်တယ်။
ကန့်သချက်က ကိုယ်တစ်ယောက်ထဲ မလုပ်နိုင်ဘူး။ ………..com လိုဟာကို တိုက်မယ်ဆိုရင် အနည်းဆုံး
ကွန်ပြူတာ ၄ လုံးလိုတယ်။ ကိုယ်တိုက်ချင်တဲ့ IP ကိုရိုက်ထည့် ပြီးရင် ကွန်ပြူတာ ၄ လုံးစလုံးကနေ ပြိုင်တူ
Ready Made Tools တွေကို Run လိုက်ရုံပဲ။ ၄ နာရီလောက် တီးထည့်လိုက်ရင် အဲဒီ ဆိုက်ကိုထိုင်ထားတဲ့
Server ဒေါင်းတာပဲ။ ဒါကအလွယ်ဆုံးနားလည်အောင်ပြောတာပါ။

တစ်ယောက်တည်း တိုက်လို့ရနိုင်မယ့် နည်းကရော နောက်ပြီး Ready Made Tools တွေကိုရော ဘယ်က
ရနိုင်လဲ အစ်ကို။

Tools တွေက ဂူးဂဲမှာ အလွယ်တကူရှာနိုင်တယ်. ဘယ်လိုသုံးမလဲဆိုတာကတော့ Help ဖိုင်တွေမှာ ပါတယ်။
သုံးရတာကလွယ်တယ်။ သို့သော်….) (….com ဆိုက်ကို တိုက်လိုက်လို့ Trace ပြန်လိုက်တဲ့အခါ ကိုယ်ဘယ်လို
ရှောင်မလဲဆိုတာ စဉ်းစားထားရမယ်။ ဘယ်ဟာကို တိုက်တိုက်ပေါ့။ Trace မမိအောင်
ကိုယ့်ဘက်ကပြင်ဆင်ထားဖို့လိုတယ်။ ဒါက Tools တွေရဲ့ အားနည်ချက်ပဲ။

အဲဒါကြောင့် ကျနော်တို့က Tools တွေမသုံးဘူး။ ကျနော်တို့က Zoombie တွေမွေးထားတယ်။ ဒီကောင်တွေက
Bot တွေပေါ့။ ဒါကတယောက်ထဲလုပ်လို့ရတဲ့အပိုင်းပေါ့။

ရှင်းပါဦး အစ်ကို အဲဒါ ပိုစိတ်ဝင်စားတယ်။

အဲဒီ Bot တွေကို သုံးပြီး Mirc ကနေတစ်ဆင့် တိုက်တယ်။ MIrc channel တွေမှာ Bot က သူခိုင်းလို့ရမယ့်
Victim တွေကို ရှာတယ်။ ဥပမာဗျာ.. ကျနော်က MIRC ထဲကို ၀င်လိုက်ပြီဆိုတာနဲ့ ကျနော့်ရဲ့ Bot က
ကျနော့်ကိုဆက်သွယ်လာတယ်။ ကျနော်က bot ကို ခိုင်းလိုက်တယ်။ အဲဒီင်္မှာ Bot က သူခိုင်းလို့ရမယ့်
စက်တွေကိုလိုက်ရှာတယ်။ အဲဒီမှာ အနည်းဆုံးစက် ၁၅၀ လောက်ကိုရပြီဆိုရင် Target ကို တိုက်ခိုင်းတာပဲ။
ဒီနည်းက အန္တရာယ်အကင်းဆုံးပဲ။ Bot ဆိုတာ PHP နဲ့ရေးထားတဲ့ အကောင်ပဲ။ အဲဒီကောင်ထဲမှာ ကျနော့် IP
ထည့်ပေးထားတယ်။ ပြီးရင် ကျနော့်ရဲ့ MIRC channel ပေးထားတယ်။ ကျနော် အွန်လိုင်းတက်ရင် ဒီကောင်က
အလိုလို ဆက်သွယ်တယ်။ Bot တွေကတော့ အွန်လိုင်းမှာ ၀ယ်လို့ရတယ်။ ကိုယ့်ဟာကိုယ်ရေးနိုင်ရင်လည်းရေးပေါ့။ DDOS နည်းကတော့ ကျနော်သိပ်မကြိုက်ဘူး။

ဟုတ်ပြီ။ ဆက်ပါဦး။

DDOS ကို Anti လုပ်တဲ့ ဆော့ဖ်ဝဲတွေရှိတယ်ဗျာ။ ဒီကောင်က ဘယ်လိုအလုပ်လုပ်လဲဆိုတော့ IP
တစ်ခုတည်းကနေ Request လုပ်တဲ့ အကြိမ်အရေအတွက်များလာပြီဆိုရင် Drop လုပ်ပစ်တယ်။ DDOS
ဆိုတာ ပထမဆုံး Target ကို Request လုပ်တယ်။ Target က response ပြန်ပေးတယ်။ ၁ မိနစ်အတွင်းမှာ
အကြိမ် ပေါင်း ရာနဲ့ချီပြီး အဲဒီလိုလုပ်နေကြတာပေါ့။ သာမန်ဆိုက်တစ်ခုဆိုရင်တော့ အလုပ်ဖြစ်တယ်။ Anti
ထည့်ထားကောင်ကျတော့ သူသတ်မှတ်ထားတဲ့ အကြိမ်ထက်များလာရင် ဒါ DDoS ဆိုပြီး Drop လုပ်ပစ်တာ။
DDOS မှာလည်း PING DOWN, Thunder Flood, IP Config ဆိုပြီး မတူတာလေးတွေရှိတယ်။ ကိုယ်က တိုက်တော့မယ်ဆိုရင် Target ကို အမျိုးမျိုးလိုက်စမ်းရတယ်ဗျာ..ဘာအားနည်းချက်ရှိလဲဆိုပြီးတော့ပေါ့။ အချိန်ယူရတယ်။

Monday, July 18, 2011

How to Become A Hacker?

ဟက်ကာဖြစ်ချင်ရင်ဘာလုပ်ရမလဲ… အဓိကအဖြေကတော့ စာဖတ်ပါ… များများဖတ်ပါ....။ ဟက်ကာတစ်ယောက်ထားရှိတဲ့သဘောထားတွေကိုပြောချင်ပါ တယ်…။
ပြသနာတွေကိုဖြေရှင်းပြီး.. အသစ်အသစ်တွေဖန်တီးတယ်… တည်ဆောက်တဲ့သူတွေကမှာသာ ဟက်ကာတွေပါ…..။ အင်တာနတ်ကိုဖန်တီးခဲ့တဲ့သူတွေ.. Operating System ကိုဖန်တီးခဲ့တဲ့သူတွေ…...။
world wide web ကိုသက်ဝင်လှုပ်ရှားလာအောင်လုပ်ခဲ့သူတွေက ဟက်ကာတွေပေါ့…...။
ဟက်ကာတွေက လွတ်လပ်မှုနဲ့ အပြန်အလှန်ကူညီမှုတွေပေါ်မှာ ပျော်မွေ့တဲ့သူမျိုးတွေပါ…။
ဟက်ကာဖြစ်ချင်ရင်တော့  အဲဒီစိတ်ဓာတ်မျိုးရှိဖို့လိုပါပြီ။ တကယ် ရှိလာဖို့ကတော့ တကယ်လုပ်ရတော့မှာပေါ့…။

ဆရာကြီးဖြစ်ချင်ရင် ဆရာကြီးတွေရဲ့စိတ်ထားကိုအတုခိုးရမှာပေါ့…။ ပညာရပ်ပိုင်းမှာသာမကပဲ စိတ်ပိုင်းဆိုင်ရာလည်းလိုအပ်ပါတယ်။အောက်ကကဗျာလေးအတိုင်းပါပဲ.....။

To follow the path:

look to the master,

follow the master,

walk with the master,

see through the master,

become the master.


ဒါကြောင့်ဟက်ကာဖြစ်ချင်ရင်အဲဒီအတိုင်းသင်ယုံကြည်လာတဲ့ အချိန်အထိထပ်ခါထပ်ခါကြိုးစားပေါ့။
ကျွှန်တော်တို့ရဲ့ကမ္ဘာကြီးကဖြေရှင်းခံရဖို့စောင့်ဆိုင်းနေတဲ့စိတ်ဝင်စားစရပြသနာတွေနဲ့နေ့တိုင်းပြည့်နှက်နေ ပါတယ်....။ ဟက်ကာတစ်ယောက်ဖြစ်ရတာတော့ အရမ်းပျော်စရာကောင်းပါတယ်…..။ ဒါပေမယ့် အဲဒီပျော်စရာတွေရဖို့ ကြီးမားတဲ့ကြိုးစားအားထုတ်မှုတွေ လုပ်ကြရပါတယ်။ ဟက်ကာဖြစ်ဖို့အတွက် ပြသနာတွေဖြေရှင်းရတာကိုပီတိဖြစ်တတ်ရမယ်.....။
ကိုယ့်ကိုယ်ကိုယ်အမြဲတမ်းချွှန်မျှနေအောင်သွေးနေရမယ် ကိုယ့်ပညာကိုအမြဲတမ်း.. လေ့လာနေရပါမယ်..။
သင့်အနေနဲ့ ပုံမှန်အားဖြင့်ဒီလို စိတ်ခံစားချက်မျိုးရှိမနေဘူးဆိုရင်တော့ တော်တော်ကြိုးစားယူရဦးမှာပေါ့…။
သင်တစ်ခုခုလုပ်တဲ့အခါ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတစ်ခုကိုထားရှိဖို့တော့လိုပါလိမ့်မယ်။
သင်ပြသနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင် ဒါနဲ့ပတ်သတ်ပြီးအားလုံးကိုတော့သင်သိထားဖို့မဖြစ်နိုင်ပါဘူး.....။
တစ်စိတ်တစ်ပိုင်းတော့သင်သိပါလိမ့်မယ်… အဲဒီတစ်ပိုင်းလေးကနေဆက်ပြီးလေ့လာ..လေ့လာရင်းနဲ့ တစ်ပိုင်းပြီးတစ်ပိုင်းပိုပြီးနားလည်လာ.. နောက်ဆုံးမှာတော့အောင်မြင်သွားမှာပါ။ ယ်ပြသနာကိုမဆိုနှစ်ခါဖြေရှင်းဖို့အကြောင်းကိုမရှိပါဘူး…..။
နားမလည်တော့ဘူးလား..။ကျွှန်တော်တို့ရဲ့အချိန်တွေ ကျွှန်တော်တို့ရဲ့ဦးနှောက်တွေက အရမ်းတန်ဖိုးရှိတာပါ။
လုပ်ပြီးသားကိစ္စတစ်ခုအတွက်အချိန်ထပ်အကုန်ခံရတယ် … ပြသနာအသစ်တွေစောင့်နေတာကို ဟောင်းတွေကိုပဲထပ်ဖြေရှင်းမနေသင့်ဘူးလေ။
ဟက်ကာတွေစဉ်းစားနေရတဲ့အချိန်က အရမ်းအဖိုးတန်တဲ့အတွက်..သင်ကဟက်ကာဆိုရင် သင်သိတာတွေ မျှဝေပေးသင့်ပါတယ် .....။
သင်သိတဲ့ solution တွေကိုတခြားဟက်ကာတွေကိုဖွင့်ပြပေးရင်ကောင်းမှာေ ပါ့ .. ဒါမှသူတို့တွေလည်းတခြားအသစ်အသစ်တွေဖြေရှင်းနိုင်တာပေါ့။
တစ်ခုတော့ရှိတာပေါ့… ပြသနာတစ်ခုအတွက်အဖြေဆိုတာ တစ်ခါတစ်ရံမှာ တစ်ခုထက်မကလည်းရှိနိုင်တယ်နော်… ။ ဟက်ကာ(ပြောရရင်တော့ Creative people တွေပေါ့)သူတို့တွေက လွတ်လပ်မှု (Freedom) ကိုနှစ်သက်ပါတယ်...။ သူတို့အပေါ်မှာ authority လာပြတာကို ယေဘူယျအားဖြင့်မနှစ်သက်ကြပါဘူး… ချူပ်ချယ်မှုတွေကိုမုန်းတီးပါတယ်..။ သူတို့ကအတူတကွပူးပေါင်းလုပ်ဆောင်ရတာကိုတော့နှစ်သက်ကြ တဲ့သူတွေပါ..။အဲဒီစိတ်ထားမျိုးလေးလည်းရှိရပါမယ်။ အထက် က စိတ်ထားမျိုးတွေအမူအကျင့်တွေရှိပြီးရင်တောင်မှ ဟက်ကာမဖြစ်သေးပြန်ပါဘူး…။ ဟက်ကာဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့ ပညာရပ်မှာကျွှမ်းကျင်မှု၊ များများလေ့ကျင့်မှု၊ အသေအချာအာရုံစူးစိုက်မှု၊ အလုပ်ကြိုးစားမှုတွေလည်း လိုအပ်ပါသေးတယ်။ Attitude တွေကအရေးကြီးတာမှန်ပါတယ်.. ဒါပေမယ့် တကယ်တမ်းမှာတော့ Skills ကပိုအရေးကြီးပြန်ပါတယ်။ တခြားသူတစ်ယောက်ကသင့်ကို ဟက်ကာတစ်ယောက်လို့ခေါ်စေဖို့ သက်မှတ်လာစေဖို့အတွက် အရင်ဆုံး သင်လုပ်ရဦးမဲ့ အခြေခံအကြောင်းအရာလေးတွေပြောချင်ပါတယ်။ အရင်ဦးဆုံးတော့ Learn How to Program ပါ။ ဒါကဟက်ကင်းမှာတော့ အခြေခံအကျဆုံးပါပဲ။ programming language တစ်ခုမှမသိပဲနဲ့တော့ဘယ်လို ဟက်ကာဖြစ်ပါ့မလဲနော်… ။ရှိရင်တော့ကျွှန်တော်လည်းမသိဘူး.. ။

ဘာ language မှသင်မတတ်သေးဘူးဆိုရင်တော့ Python ကိုစလေ့လာဖို့တိုက်တွန်းချင်ပါတယ်။
အကောင်းဆုံးပထမဆုံးလေ့လာသင့်တဲ့ language တစ်ခုလို့သေချာမပြောနိုင်ပေမယ့် beginner တွေအတွက် သင့်တော်သလို powerful လဲဖြစ်ပါတယ်.....။ ပရောဂျက်ကြီးကြီးမားမားကြီးတွေလည်း သူ့ကိုသုံးပြီးလုပ်နိုင်တာ လုပ်နေကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ C ပါ C++ ပဲဖြစ်ဖြစ်ပေါ့ ။

သင်တစ်ခုခုကိုကျွှမ်းကျင်ရင် နောက်တစ်ခုဆိုတာ အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့ လွယ်တယ်လို့မရှိပါဘူး။ ဟက်ကာတွေအတွက်အရေးကြီး တဲ့နောက်ထပ် language တွေကတော့ Perl နဲ့ Lisp တို့ပါပဲ။ မရေးနိုင်ရင်တောင် ဖတ်နိုင်ဖို့တော့လိုပါလိမ့်မယ်။ တကယ်တော့အားလုံးလေ့လာတာကတော့အကောင်းဆုံးပါပဲ။ programming ကိုမတူညီတဲ့နည်းလမ်းတွေနဲ့ချည်းကပ်တာပေါ့ ။ အဲဒါအားလုံးကသင့်အတွက်အကျိုးဖြစ်စေမှာပါပဲ။ Hacker တစ်ယောက်ရဲ့ skill level ကို language တတ်ယုံနဲ့လည်းမဖြစ်ဘူးနော်။ Language တွေအပေါ်မှာမှီခိုမှုမရှိဘဲ ပြသနာတွေအပေါ်မှာစဉ်းစားနိုင်ဖို့လည်းလိုသေးတယ်။ သိပြီးသား concept တွေကိုဆက်စပ်တွေးခေါ်နိုင်ပြီး language တစ်ခုကိုအသစ်ထပ်လေ့လာရင် ရက်အနည်းငယ်လောက်နဲ့ ရနိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက ရှိရှိသမျှသော language တွေအားလုံးသင်တတ်တယ်ပေါ့..။ ရက်အနည်းငယ်နဲ့တစ်ခုတတ်ပြီဆိုမှတော့ ဘာကြာမှာလဲနော်။ programming language လေ့လာတယ်ဆိုတာ natural language ကိုလေ့လာသလိုပါပဲ။ အထက်ကဆရာ့ဆရာကြီးတွေ ရေးထားတာတွေကိုများများဖတ်ပြီးရင်ကိုယ်ကိုယ်တိုင်နဲနဲရေး၊ နောက်ထပ်ထပ်ပြီးတော့ များများဖတ်၊ များများထပ်ရေး၊ ပိုပြီးဖတ်၊ ပိုပြီးရေး……၊၊

ဘယ်အချိန်ထိလုပ်သွားရမလဲဆိုတော့ သင်ရေးတာတွေက ဈေးကွက်ဝင်တဲ့အဆင့်အထိပေါ့။ အရင်တုန်းကတော့ coding ကောင်းကောင်းရှာဖတ်ဖို့ဆိုတာခက်ခဲ့ပါတယ်။အခုတော့မဟုတ်တော့ပါဘူး…။
open source နဲပါတ်သတ်တဲ့ software တွေ ၊ Programming tools တွေ၊ operating ystem တွေ(အဲဒါတွေအားလုံး ဟက်ကာတွေလုပ်ထားတာ) အများကြီးရှိနေပါပြီ။ ဟက်ကာဖြစ်ချင်တယ်ဆိုရင်အခုချက်ချင်း Linux ဒါမှမဟုတ် BSD-Unixes မဟုတ်ရင်လည်း OpenSolaris သင့်ကွန်ပျူတာမှာ Install လုပ်လိုက်ပါတော့။ သြော် သင်က Windows ကဘာဖြစ်လို့လည်းလို့မေးတယ်လား… သူက binary တွေနဲ့ distribute လုပ်ထားတာလေ..

code တွေမှဖတ်လို့မရတာ ပြင်လို့လည်းမရဘူးလေ သင်မဖြစ်မနေ Unix တစ်ခုကိုတော့လေ့လာ ရမယ်ဆိုရင် အလွယ်ကူဆုံးအနေနဲ့ Linux ကိုကောက်ကိုင်လိုက်တော့လေ။ မပူပါနဲ့ သင်အခုသုံးနေတဲ့ Windows ကြီးနဲ့လည်းတွဲတင်ထားလို့ရပါတယ်။ ကဲအခုချက်ချင်း Learn it , Run it နော်။ ကလိတော့နော်။ အင်တာနတ် ကိုလည်း အပီ မွှေနှောက်တော့နော်…..။ code တွေကိုဖတ် ပြီးရင်ပြန်ပြင်ရမယ် နော်.. ။ သင်ပျော်မွေ့လာမှာပါ… အသိပညာ ဗဟုသုတအသစ်တွေကို အရသာခံပြီးတော့ လေ့လာသင်ယူလိုက်စမ်းပါ..။

တခါတည်းပြောပြလိုက်မယ်နော်.. Beginner တွေအတွက်အသင့်တော်ဆုံးကတော့ Ubuntu ဖြစ်လာနေပြီ…။
ကြုံတွေ့ရမယ့် ပြသနာတွေအတွက်လဲမပူပါနဲ့...သင့်ကိုကူညီမယ့်သူတွေအများကြီးရှိနေတယ်လေ။ အားလုံးအဆင်ပြေရစေမယ်။ ဟုတ်ပပြီ ဟက်ကာဖြစ်ချင်သူတွေအတွက် နောက်ထပ်လေ့လာစရာတစ်ခုကတော့ World Wide Web ကြီးပေါ့။ Browser တစ်ခုခုကို သုံးတတ်ရမယ်နော်(အဲဒါကလူတိုင်းလုပ်တတ်တယ်)၊ HTML ရေးတတ်ဖို့တော့အရင်လေ့လာရမယ်။ ဘာ language မှမတတ်တဲ့သူအတွက် HTML ကိုစလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေရစေမယ်။ အကူအညီအများကြီးဖြစ်စေမှာပါ။ သင့်ရဲ့ကိုယ်ပိုင် home page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ ပြီးရင် XHTML ဆိုတဲ့ဆီလေးကိုကူးကြည့်။ ဒါနဲ့ဟက်ကာဖြစ်မယ်ထင်လို့လား။ Website တစ်ခုရေးနိုင်ပြီဆိုရင်တောင်မှ Hacker ဆိုတဲ့စကားလုံးနဲ့ သင်နဲ့ အဝေးကြီးပါ.. ။

ဘာလို့လည်းဆိုတော့ Web ပေါ်မှာ website တွေများများလွန်းလို့.. ဒါပေမယ့် အများစုက ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိ၊ တည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ သင့်ရဲ့ page မှာတော့ content တွေကိုကောင်းကောင်းထည့်ရမယ်.. စိတ်ဝင်စားစရာကောင်းအောင်ရေးရမယ်။

ပြသနာတစ်ခုထပ်တွေ့ပြန်ပြီ သင့်ရဲ့ English စာတတ်မြောက်မှုအဆင့်အတန်းကစကားပြောတော့မယ်။
Internet နဲ့ Hacking နယ်ပယ်ထဲမှာ English စာကပဲလွမ်းမိုးထားဆဲပါပဲ။ Hacker Community ထဲမှာ ၀င်ဆံ့ဖို့အတွက် ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာအမှန်ပါပဲ။ အဓိကအကြောင်းအရာကတော့ အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English ကိုသုံးမှသာအဆင်ပြေတာများပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့် အဲဒါတွေဟာအမှန်တကယ်တော့ စိတ်ကျေနပ်စရာမကောင်းပါဘူး။ သူများရေးထားတဲ့ code ထဲမှာပါလာမယ့် comment တွေကိုကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာလည်း သင် English စာတတ်မှဖြစ်မှာပေါ့။

Native English Speaker တစ်ယောက် တောင်မှ တခါတရံမှာ Hacker တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိမယ်လို့ ဘယ်သူမှအာမမခံနိုင်ဘူး.....။

သင်ဆိုရင်ရောဘယ်လိုလဲ..။ ကြိုးစားနိုင်မှာ တော်ရုံလောက်ရမယ်ထင်တယ်နော်။ သင့်ရဲ့ အရေးအသားက ညံ့မယ်။ Grammer လဲမကျဘူး.. ၊၊

သတ်ပုံအမှားကလည်းများမှများဆိုရင် ဘယ်ဟက်ကာ ကမှ သင့်ရေးတာကိုဖတ်ချင်စိတ်ရှိမှာမဟုတ်ဘူးလေ.. ။ကဲ အခုပဲ စကြိုးစားပေတော့။ Hacker Culture ဆိုတာလည်းရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကိုသင်ကဖြေရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။မှတ်သားထားရမယ့်တစ်ခုက သင့်ကိုယ်သင် Hacker လို့သတ်မှတ်ထားတာဆိုရင်အဲဒါက သံသယဖြစ်စရာကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက

သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။ သင့်ရဲ့ တတ်မြောက်မှုကိုအခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့တခြားသူတွေကို ကူညီဖို့လိုပါတယ်။ Open Source Software တွေရေးကိုရေးရပါမယ်။အဲဒါကအခြေခံအကျဆုံးပါပဲ။ သင်ရေးပြီးရင်လည်း တခြား ဟတ်ကာတွေ လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ် Soruce တွေကိုချပြရပါမယ်။

အဲဒီ Software မျိုးကိုလူတွေက Free Software လို့ခေါ်တတ်ကြပါတယ်.. တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းထဲမှာတော့ 1996 ခုနှစ်ပိုင်းလောက်အထိတော့ ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။ 1997 နောက်ပိုင်းကြမှ ဒီ Culture ကပြောင်းလဲလာတာလို့ဆိုနိုင်ပါတယ်။ Hacker Community နဲ့ Open Source Developers ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ Newbie တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေအစပြုသင့်ပါတယ်။ သင်စိတ်ဝင် စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program တွေကိုကူညီစမ်းပေးမယ်။ ကူညီအမှားရှာပေးမယ်။ ကူညီပြီး modify လုပ်ပေးမယ်…အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီးသင်သိလာပါလိမ့်မယ်။ နောက်တစ်ခုအရေးကြီးတယ်နော်...။

သင့်ကို နောက်ပိုင်းမှာပြန်ကူညီမယ့်သူတွေနဲ့ Karma ကောင်းကောင်းဖြစ်စေမှာပါ။ စိတ်ဝင်စားစရာကောင်းပြီးအသုံးဝင်တဲ့ အချက်အလက်တွေကို လူတွေကိုပြောပြတဲ့သူဖြစ်ရင်ကောင်းပါတ ယ်။ ဥပမာ FAQs လိုဟာမျိုးတွေသင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကိုလူတွေပိုလေးစားလာမှာပေါ့။ ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ရှိလေ့မရှိပါဘူး.. အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစားပေးပါတယ်။ အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။ ကွန်ပျူတာရှေ့ မှာမရှိနေတဲ့အချိန် ဟက်ကာအများစုလုပ်လေ့ရှိတဲ့အရာတွေကိုလမ်းညွန်ချင်တာပါ ။

သင်လည်းလုပ်ချင်ရင်လုပ်လို့ရတာပေါ့။ သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါစေ။

သင်သိရဲ့လား ဟက်ကာတွေက စာရေးအင်မတန်ကောင်းတဲ့သူတွေပါတဲ့။ Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ဟက်ကာတွေ့လေ့ကျင့်ကြတာတွေရှိတယ် ကရာတေး တိုက်ကွန်ဒို ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်းကောင်းပါတယ်။ တရားဥပဒေနဲ့ညှိမယ်နော်…. Tongue ။ တေးဂီတကိုခံစားတတ်ပါစေ။ Muscial Instrument တစ်ခုခုကိုတီးတတ်ရင်ကောင်းပါတယ်။ ဒါတွေက အရမ်းကြီးအရေးမပါပေမယ့် တစ်စုံတရာကောင်းကျိုးတော့ပေးနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ကျဉ်းမြောင်းတဲ့ ကျွှမ်းကျင်မှုတွေနဲ့ မကျေနပ်နေပါနဲ့။

ဟက်ကာအများစုကအများအမြင်မှာတော့ Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့အပိုင်းတွေမှာလဲ ကျွှမ်းကျင်သူတွေပါ။

System Administration, web design ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွှမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က Script Programming နဲ့ Webdesign အပိုင်းတွေမှာလဲ Skill ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်… သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်းရှိပါတယ်။

ကျွှန်တော်ရဲ့ဒီဆောင်းပါးကိုသင်ဖတ်ပြီးရင်သင် ကျွှန်တော့်ကိုမေးခွန်းတွေထပ်မေးချင်မှာသေချာသလောက်ရှိပါတယ်....။

အဲဒီမေးခွန်းတွေကိုတခါတည်းကျွှန်တော်ဖြေပေးလိုက်ပါမယ် ။

Q: ကျွှန်တော်ဟက်ကာတစ်ယောက်ဖြစ်ပြီဆိုတာဘယ်လိုသိနို င်မလဲ ?

A: *သင် Coding တွေကို အရမ်းကိုကျွှမ်းကျွှမ်းကျင်ကျင်ရေးနိုင် ဖတ်နိုင် အသုံးချနိုင်နေပြီလား?

* Hacker Community ရဲ့ ရည်ရွယ်ချက်တွေနဲ့ တန်ဖိုးရှိမှုတွေကို သေချာသဘောပေါက်နားလည်လား?

* Hacker Community ထဲက Senior Member တစ်ယောက်ကသင့်ကို ဟက်ကာလို့ခေါ်လား။

ဒီသုံးခုစလုံး သင်က ဟုတ်တယ်ဆိုရင် တော့ သင်ကဟက်ကာပေါ့.. နှစ်ခုလောက်ပဲမှန်သေးရင်တော့ မဟုတ် သေးပါဘူး .. ကြိုးစားလိုက်ဦးနော်။

Q: ဘယ်လိုဟက်ကင်းလုပ်ရတယ်ဆိုတာ ကျွှန်တော့်ကိုသင်ပေးမှာလား?

A: ကျွှန်တော်ဒါရေးရင်ဒီလိုအပြောခံရမယ်ဆိုတာသိတယ်။ ကျွှန်တော့်မှာ သင့်ကိုသင်ပေးဖို့အချိန်လည်းမရှိဘူး.....။

Energy တွေကိုလည်းအသုံးမချနိုင်ဘူး ကျွှန်တော့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကို ကျွှန်တော့ ရဲ့ အချိန် 110 % လောက် ကုန်နေ ရလို့ပါဗျာ။

ထားပါတော့ ကျွှန်တော်ကသင်ပေးမယ်ပဲ..။ ခက်တာက Hacking ဆိုတာ ကိုယ့်ဟာကိုယ် သင်ယူရမယ့် attitude နဲ့ Skill ဖြစ်နေတာဗျ။

သင်အဲဒီလိုသာ သူများကိုသင်ပေးဖို့လိုက်ပြီးပြောနေရင် ဘယ်ဟက်ကာမှသင့်ကိုလေး စားမှာမဟုတ်ဘူး။ စိတ်မဆိုးနဲ့ ချစ်လို့ပြောတာ။ Tongue (ကျွှန်တော်လည်းဟက်ကာမဟုတ်ပါ)

Q: ဒါဖြင့်ရင် ကျွှန်တော်ဘယ်လိုစရမှာလဲ?

A: Linux User Group တစ်ခုခုအရင်ရှာပြီးရင်အကူအညီတောင်းအရင်ဆုံး Linux တစ်ခု install လုပ်လိုက်တာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်။အလွယ်ဆုံးကိုပြောကြည့်တာပါ။

Q: ကျွှန်တော်စဖို့နောက်များကျနေပြီလားမသိဘူးနော် ?

A: သင်စိတ်အားထက်သန်နေတဲ့အချိန်ဆိုရင် အခုပဲစတာကောင်းပါတယ်။ လူအများစုကတော့ 15 ကနေ 20 ကြားထဲမှာ စ ကြတာပဲဗျ။ ဒါပေမယ့် မတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်ကတော့။

Q: ကျွှန်တော် Hack နိုင်ဖို့ဘယ်လောက်ကြာမလဲဟင်?

A: သင့်မှာ အရည်အချင်း(Talent) ဘယ်လောက်ရှိတဲ့ ဘယ်လောက်ကြိုးစားလဲဆိုတဲ့ပေါ်မှာပဲမူတည်မှာပေါ့ဗျာ။

တစ်နှစ်ခွဲ နှစ်နှစ်လောက်တစ်စိုက်မက်မက် မရပ်မနားလေ့လာရင် တော့ ဖြစ်သွားကြတာပါပဲ။ ဒီလောက်နဲ့တော့မပြီးဘူးနော်.....။ တကယ့် Master ဖြစ်ချင်ရင်တော့ ဆယ်နှစ်အနည်းဆုံးပဲ။ ဟက်ကာအစစ်တစ်ယောက်ဖြစ်သွားပြန်ရင်လည်း နောက်ကျ ကျန်မနေရစ်အောင်တော့ တစ်သက်လုံးလေ့လာရတော့မှာပေါ့။

Q: Visual Basic နဲ့ကျွှန်တော်စလိုက်ရင်ဘယ့်နှယ့်လဲ?

A: ဒီလိုမေးရင်တော့ သင် Microsoft Windows နဲ့နှစ်ပါးသွားချင်ပြီထင်တယ်။ ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုတော့ မဟုတ်

ဘူးနော်။ မလုပ်ပါနဲ့လားဗျာ.. ။ အဲဒါရုပ်ဆိုးလွန်းပါတယ်။ Python တို့ C တို့ ကို ကျွှန်တော် recommend လုပ်ထား

တယ်လေ။ ပိုသင့်တော်လို့ပြောတာပါဗျာ။ အသေးစိတ်တော့မပြောနိုင်တော့ဘူး။

Q: ကျွှန်တော် System တစ်ခုကို Crack လုပ်ချင်လို့ ကူညီပါလားဗျာ..။ ဒါမှမဟုတ်သင်ပေးပါလား ?

A: ဆိုးပါတယ်ဗျာ။ဒီ FAQ တွေကိုဖတ်ပြီးတာတောင်သင်ဒါမျိုးမေးဦးမယ်ဆိုရင် သင်ဟာ educable မဖြစ်သေးဘူး.....။

တော်တော်လေးကို stupid ဖြစ်တာပဲဗျာ။ ဒါမျိုးကို Email နဲ့ မေးရင်လည်း ကျွှန်တော်လျှစ်လျှူရှုထားမှာပဲ။

Q: ကျွှန်တော်တခြားသူရဲ့ Gmail အကောင့်ရဲ့ password ဖြစ်ဖြစ်ပေါ့… အဲဒါဘယ်လိုယူလို့ရမလဲ ?

A: ပြသနာပဲ..။ အဲဒါ Cracking လို့ခေါ်တယ်ဗျ..။ အဲဒါမျိုးအားမပေးပါ။

Q: ကျွှန်တော် Cracked လုပ်ခံလိုက်ရတယ်ဗျာ.. ။ ကူညီပေးပါ။

A: ဒါမျိုးမေးရင် သင်သုံးတာ Microsoft Windows ဖြစ်မယ်ထင်တယ်။Windows System က ပုံမှန်အားဖြင့် Crack လုပ်တာကို ကောင်းကောင်း မကာကွယ်နိုင်ဘူးဗျ။အကောင်းဆုံးက Linux ဖြစ်ဖြစ် well Design ဖြစ်တာ ပြောင်း သုံးဗျာ။

Q: ကျွှန်တော့် Windows မှာပြသနာဖြစ်နေပြီ။ ကူပါဦး?

A: ကောင်းပြီလေ။ CMD ဖွင့်ပြီး.. “format c:” လို့ရိုက်လိုက်ပါ။ မိနစ်အနည်းအငယ်အတွင်းအားလုံး အဆင်ပြေသွားလိမ့်မယ်။

Q: ဟက်ကာအစစ်တွေနဲ့ ဘယ်နားမှာတွေ့နိုင်မလဲ?

A: သင့်ပြည်တွင်းက Unix or Linux user group တွေရှာပြီး တွေ့လို့ရတယ်လေ။ IRC နဲ့ Gtalk လိုဟာမှာတော့ မတွေ့နိုင်လောက်ဘူးနော်..။

Q: ဟက်ကာဖြစ်ဖို့ Maths ကောင်းစရာလိုလားမသိဘူး?

A: ကောင်းစရာတော့မလိုပါဘူး..။ trigo တို့ calculus တို့မလိုလောက်ပါဘူး.. (ချွှင်းချက်ရှိနိုင်သည်) formal logic နဲ့ Boolean algebra တွေတော့လိုလိမ့်မယ်။ အဓိကက logical ကျကျတွေးနိုင်ရမယ်။ reasoning ကောင်းရမယ်။ intelligence ရှိရမယ်။

Q: ကျွှန်တော်စလုပ်ချင်နေပါပြီ..။ စလုပ်ဖို့ တစ်ခုခုပေးပါ။

A: သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ Talent ကိုမသိပဲကျွှန်တော်ဘာမှလုပ်ပေးလို့မရပါဘူး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုးရမယ်.....။ သူများချပေးတဲ့လမ်းကြောင်းကိုလျှောက်ရင် အောင်မြင်မှုနဲ့ဝေးသွားမှာပေါ့ဗျာ။

Q: Mircrosoft ကိုမုန်းသင့်သလား?

A: Mircrosoft ကမုန်းစရာလားဗျာ။မုန်းမယ့်အစား ကိုယ်လုပ်စရာရှိတာသာလုပ်။

Q: Open Source ကြီးပဲရေးတော့ Programmer တွေရပ်တည်မှုအတွက် အဆင်ပြေပါ့မလား။?

A: မဟုတ်သေးဘူးဗျ။ Open Source Software Industry ရှိလာတဲ့အတွက် အလုပ်တွေပိုတိုးလာတာပဲ ရှိမယ်။

လျှော့မသွားဘူးလေဗျာ။ သူ့ဘာသူ open source ပဲဖြစ်ဖြစ် ရေးတဲ့သူက ပိုက်ဆံရမှာပဲလေ။ free software တွေဘယ်လောက်ပဲများများ သင်ပိုက်ဆံရမယ့်နည်းလမ်းရှိကိုရှိနေဦးမှာပါ။ သိပ်စိတ်ပူစရာမရှိပါဘူး။

Friday, July 15, 2011

Google+ Vs Facebook


sss

Wednesday, July 13, 2011

Mozilla firefox ရဲ့ shortcut

Shortcut keys Action

CTRL+A Selects the all items on active page
CTRL+B Display the "Organize Bookmarks" dialog box
CTRL+D Include the active page to your Bookmarks list
CTRL+F Display the "Find" dialog box to search text
CTRL+I Display the Bookmarks pane
CTRL+H Display the History sidebar of Mozilla Firefox
CTRL+N Use to open new Mozilla Firefox page
CTRL+P Use to print the active web page
CTRL+R Use to reload the active web page
CTRL+T Display a new Tab in active Firefox window
CTRL+U View the source code of active web page
CTRL+W Closes the active Mozilla Firefox window
CTRL++ Use to increase the font size of active page
CTRL+ - Use to decrease the font size of active page
CTRL+Tab Move to next Tab in Mozilla Firefox
ALT+Home Use to open the home page of internet explorer
ALT+Left Arrow Go to previous page of active page
ALT+Right Arrow Go to next page of active page
ALT+B Go to Mozilla Firefox Favorites Menu
ALT+D Go to address bar of current Firefox page
ALT+E Go to Mozilla Firefox Edit Menu
ALT+F Go to Mozilla Firefox File Men
ALT+S Go to Mozilla Firefox History Menu
ALT+T Go to Mozilla Firefox Tools Menu
ALT+V Go to Mozilla Firefox View Menu
Tab Move forward between all items on active web page
F5 Refresh the active web pageh keyboard
CTRL+SHIFT+DEL Use to clear all Private Data history
CTRL+SHIFT+D Use to Bookmarks all Firefox Tabs
F11 Press F11 key to view any webpage in full-screen view and then again press

for normal views
Press Ctrl+Enter Windows will automatically add both "www" and ".com". For example, if we type

Tuesday, July 12, 2011

How to use AVR Studio 4

1. Download AVR Studio 4 Here

2. Open AVR Studio 4

3. New Project. Select AVR GCC for the project type. Enter the project name and initial file name. In the screenshot below, we named our project “BlinkLED” and elected to have a folder called “C:\BlinkLED” created containing the blank file “BlinkLED.c”. Click Next >>. DO NOT click “Finish” yet. If you do accidentally click “Finish”, you will not be able to perform step 2 and will instead have to set the device by going to the “Project” menu and selecting “Configuration Options”.


4. Select AVR Simulator as the debug platform and then select the appropriate device for your target AVR. For an Orangutan or 3pi Robot, this will either be ATmega48, ATmega168, or ATmega328P depending on which chip your Orangutan or 3pi Robot has. Click Finish.


5. Write your program in BlinkLED.c as seen in the screen shot below and click the Build button on the toolbar (or press F7).





6. Make sure your USB AVR programmer is connected to your computer via its USB A to mini-B cable and then click the Display the ‘Connect’ Dialog button on the toolbar. You can also accomplish this by going to the “Tools” menu and selecting Program AVR > Connect….




7. This will bring up a programmer selection dialog. Select AVRISP as the platform. The USB AVR programmer uses AVR ISP version 2, which is written as AVRISPv2. Please note that this is not the same as AVR ISP mkII. Select the port name of your programmer if you know what it is, or select Auto and AVR Studio will try all the ports until it detects the programmer. You can determine your programmer’s port name by looking in the “Ports (COM & LPT)” list of your Device Manager for “Pololu USB AVR Programmer Programming Port”. Click “Connect…” to bring up the ISP window.



8. Select the Main tab. In the dropdown box that lists AVR models, select the same device that you selected when you created the project. For an Orangutan or 3pi Robot, this will either be ATmega48, ATmega168, or ATmega328P.



9. If you have not done so already, connect the programmer to the target device using the 6-pin ISP cable. Make sure the cable is oriented so that pin 1 on the connector lines up with pin 1 on your target device! You can test the connection by going to the Main tab and clicking the Read Signature button. This sends a command to the target AVR asking for its device signature. If everything works correctly, you should see “Signature matches selected device”. If the signature does not match the selected device, you probably have the wrong device selected (or possibly your target device is turned off). If reading the signature fails entirely, please see Troubleshooting (Section 7) for help getting your connection working.


10. Now it is time to program your target device. Select the Program tab. Your Input HEX File in the Flash section needs to be the hex file that was generated when you built your program. You can browse for this using the "..." button to the right of the input file text box. If you navigate to your project’s folder, you should find it as “default\.hex”. Click the Program button (make sure you click the one in the Flash section, not one in the “EEPROM” or “ELF Production File Format” sections!).




11. As your USB AVR programmer programs the AVR, you should see all three LEDs flicker and you should see the following text appear at the bottom of the window:

Reading FLASH input file.. OK
Setting mode and device parameters.. OK!
Entering programming mode.. OK!
Erasing device.. OK!
Programming FLASH .. OK!
Reading FLASH .. OK!
FLASH contents is equal to file.. OK
Leaving programming mode.. OK!


If there were no problems, the LED connected to PD1 of your AVR should now be flashing! Note that if you are trying this on a 3pi robot and you have not yet soldered in the optional through-hole LEDs, the flashing LED will be on the bottom of the robot. If there was a problem, please see Troubleshooting (Section 7) for help identifying and fixing it.


12. Your Robot is ready to use with your program!


AVR Programmer နှင့် Pololu Robot အကြောင်းအား http://www.meepyatite.info/2011/07/pololu-3pi-robot.html တွင် လေ့လာနိုင်သည်။

Monday, July 11, 2011

Installion AVR Programmer Driver

1. Download AVR Programmer Driver Here

2. Install pgm03a.inf


3. Click "Continue Anyway"


4. Click "Install this driver software anyway"


5. Check Device Manager




6. AVR Programmer is ready to use!

AVR Programmer နှင့် Pololu Robot အကြောင်းအား http://www.meepyatite.info/2011/07/pololu-3pi-robot.html တွင် လေ့လာနိုင်သည်။

Saturday, July 9, 2011

Computer System , Hardware

System & Hardware


Computer System , Hardware

Friday, July 8, 2011

စာပေဟောပြောပွဲ (၁၂၃) ဖိုင်နှင့် 4share မှ download ချနည်း

စာပေဟောပြောပွဲ (၁၂၃) ဖိုင် အတွက် http://www.meepyatite.info/2011/06/blog-post.html သို့သွားပါ။

Download ချ ရန်အတွက်




Thursday, July 7, 2011

Windows Registry

Windows Registry

Sunday, July 3, 2011

Error Messages [16+]



































Saturday, July 2, 2011

ဆာဗာစက် (သို့ )Net adminstrator password ကိုဖောက်နည်း

Net adminstrator password ကိုဖောက်နည်း

ဆော့ဝဲလ်မှာလိုအပ်ချက်နှစ်မျိုး၇ှိတယ်ဗျ။

တစ်ခုက usernaem file ဘဲ ။ဘာလဲဆိုတော့ သူစက် username ကိုမသိတော့
username .txt ဆိုတဲ့ဖိုင်တည်းမှာ ကိုထင်တာတွေရေးပြီးမှတ်လိုက်ပါ။ eg-
adminstrator , guset , shop စသဖြင့်ပြော့ဗျာ။

နောက်တစ်ခုက password file တစ်ခုလိုတယ် ။ ကျွန်တော် တို
့တွေဖြစ်နိုင်တဲ့ပက်စပေါ့တွေပေါ့ ။

အဲ့နှစ်ခုကိုတော့ ထည့်မပေးလိုက်ဘူးနော်.။ ကို
့ဘာသာနည်းနည်းကြိုးစား၇ှာလိုက်ပါ။ ဆော့ဝဲလ်လေးတော့ပေးလိုက်ပါတယ်။


http://www.mirrorcreator.com/files/036HNZPP/floder_color_software.r.
..

Friday, July 1, 2011

Wi-Fi လွှင့်နည်းများ

အပိုင်း (၁) တုန်းက Wi-Fi ဝေးဝေးရောက်ချင်ရင် Wireless Router ဒါမှမဟုတ် Access Point နဲ့ Omini Antenna နဲ့ တွဲသုံးဖို့ ရေးသားခဲ့ပါတယ်။ အဲဒီအတွက် အဲဒီနှစ်ခုကို ချိတ်ဆတ်ရင် ဘယ်လိုချိတ်ဆတ်မလဲဆိုတာ ကြည့်ရအောင်ပါ။ Wireless Router တွေမှာ External Antenna နဲ့ဆက်သွယ်ဖို့ Connector ပါဖို့တော့ လိုပါလိမ့်မယ်။ Antenna က ထွက်လာမယ့် Cable မှာတပ်ဆင်ထားတဲ့ Connector က RP-SMA အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ RP-SMA က Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို တိုက်ရိုက်ဆက်သွယ်လို့ မရပါဘူး။

Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို Pigtail Cable နဲ့ အရင်ဆက်သွယ်ရပါမယ်။ ပြီးတော့မှ အဲဒီ Pigtail Cable နဲ့ Antenna ရဲ့ Cable နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

Router-and-Antenna-web

အထက်ပါပုံစံအတိုင်း ဆက်သွယ်ပြီးရင် Access Point သို့မဟုတ် Wireless Router ရဲ့ Setting ကို ပြင်ဆင်ရပါလိမ့်မယ်။ သဘောကတော့ အခုအချိန်မှာ External Antenna နဲ့ ဆက်သွယ်လိုက်ပြီ ဖြစ်တဲ့အတွက် Default Antenna ကို မသုံးစွဲတော့ဘဲ External Antenna နဲ့ပဲ အလုပ်လုပ်ပါလို့ ပြောရမှာဖြစ်ပါတယ်။

အဲဒီအတွက် Browser တစ်ခုခုကို ဖွင့်ပြီး Wireless Router သို့မဟုတ် Access Point ရဲ့ IP ကို ရိုက်ထည့်ပြီး Login ၀င်ပါ။ ပြီးရင် ပြင်ဆင်ပါ။ (Wireless အုပ်စုထဲက Antenna ကို တွေ့အောင်ရှာပြီး External လို့ပြောင်းပြီး Save နှိပ်ပါ။

External Antenna နဲ့လည်း Join ပြီးသွားရင် ကိုယ့် Wi-Fi က ဘယ်လောက်အကွာအဝေးထိ ရောက်နိုင်သလည်းဆိုတာ သိချင်မှာ အမှန်ပါပဲ။ Wi-Fi ကို အဝေးကြီးနေ မိဖို့ဆိုတာ လွှင့်တဲ့ဘက်ကနေမကဘဲ ဖမ်းယူတဲ့ဘက်မှာပါ အရေးကြီးပါတယ်။ Laptop မှာပါတဲ့ Wi-Fi Adapter လေးနဲ့ ဖမ်းမယ်ဆိုရင်တော့ လွှင့်တဲ့ဘက်က ဘယ်လိုပဲ ပစ္စည်းအကောင်းစားတွေနဲ့ လွှင့်ပါစေ အဝေးကြီးကနေ ဘယ်လိုမှ မဖမ်းယူနိုင်ပါဘူး။

ဒါဟာ လွှင့်တဲ့ဘက်ကကြောင့် မဟုတ်ဘဲ Laptop မှာပါတဲ့ Wi-Fi Adapter ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖမ်းယူတဲ့ဘက်မှာ Gain များတဲ့ CPE သို့မဟုတ် USB Wireless Adapter စတာတွေ တစ်ခုခုသုံးပြီး ဖမ်းယူမှ အဝေးကြီးကနေ ဖမ်းယူနိုင်ပါလိမ့်မယ်။ TP-Link Products တွေကို အကြိုက်တွေ့သူများအတွက်တော့ သူတို့ရဲ့ Offical Website ထဲမှာ Distance Calculator ဆိုတဲ့ Web Application တစ်ခု ပေးထားပါတယ်။ အဲဒါလေးအသုံးပြုပြီး ကိုယ့်ဘက်က ဘယ် Antenna နဲ့ လွှင့်ရင် သူ့ဘက်က ဘယ်လို Antenna နဲ့ဖမ်းရင် ဘယ်အကွာအဝေးအထိ ရနိုင်တယ်ဆိုတာတွေကို တွက်ချက်နိုင်ပါလိမ့်မယ်။

http://www.tp-link.com/support/wireless_calculator/index.asp

ပုံမှာ အဲဒီ Wireless Calculator ကို ပြထားပါတယ်။

Wireless-Calculator

လွှင့်တဲ့ဘက်နဲ့ ဖမ်းယူတဲ့ဘက်မှာ အသုံးပြုတဲ့ device အမျိုးအစား (Router သို့မဟုတ် Access Point) အသုံးပြုတဲ့ Cable အသုံးပြုတဲ့ Antenna တွေကို ရွေးချယ်ပေးရုံနဲ့ အကွာအဝေး ဘယ်လောက်အထိ ရနိုင်တယ်ဆိုတာကိုကို ပြသပေးပါလိမ့်မယ်။ နမူနာအနေနဲ့ ဖမ်းတဲ့ဘက်ရော လွှင့်တဲ့ဘက်မှာပါ TL-WR543G Wireless Router နဲ့ TL-ANT2412D Antenna ကို အသုံးပြုထားပါတယ်။ Calculate လုပ်တဲ့အခါမှာ ရလာတဲ့ Result တွေကတော့ အောက်ပါအတိုင်းပါပဲ။

wireless-result

Result တွေကို ကြည့်လိုက်ရင် Wireless ကို 11g နဲ့ လွှင့်ရင် အများဆုံး 0.3 mile ထိ ရတာကို တွေ့ရမှာပါ။ 11b နဲ့ လွှင့်ရင်တော့ 0.5 mile ထိ ရပါလိမ့်မယ်။ (သီအိုရီအရသာ ဖြစ်ပါတယ်) ဒါကြောင့်မို့ b နဲ့လွှင့်တာဟာ ဝေးဝေးပိုရောက်ပေမဲ့ Speed ကျတော့ 1 Mbps ပဲ ရနိုင်တာကို သတိပြုရပါလိမ့်မယ်။ အထက်ပါ Result ဟာ Transmit ရော Receive ဘက်မှာ WR543G ပဲ သုံးစွဲထားတာမို့ ဒီလောက် အကွာအဝေးထိပဲ ရတာပါ။

CPE ဆိုတာ Customer Provision Equipment ရဲ့ အတိုကောက်ပါ။ ပေါ်လာတာ နှစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ သူက Wireless Signal တွေကို ဖမ်းနိုင်၊လွှင့်နိုင်ပြီး Outdoor အနေနဲ့ အသုံးပြုရပါတယ်။ Antenna တွေနဲ့ မတူတာက သူဟာ dbi များပြီး ဝေးဝေးရောက်ပါတယ်။ အဓိကကတော့ Point to Point ထိုးဖို့ အတွက် သုံးပါတယ်။ လွှင့်တဲ့ဘက်မှာ CPE တစ်ဗူးကို တိုင်နဲ့ထောင်၊ ဖမ်းတဲ့ဘက်မှာလည်း CPE ဗူးကို တိုင်နဲ့ ထောင်ပြီးဖမ်းရင် အနည်းဆုံး လေးမိုင်အကွာအဝေးလောက်ထိ ရပါတယ်။ ပုံမှာ CPE ကို ပြသထားပါတယ်။

TL-WA5210G

Antenna တိုင်တွေနဲ့ မတူတာက Antenna တိုင်တွေဟာ အရပ်ရှစ်မျက်နှာကို Wi-Fi Signal လွှင့်နိုင်၊ ဖမ်းနိုင် ပါတယ်။ CPE တွေကတော့ လားရာတစ်ဖက်တည်း လွှတ်နိုင်၊ ဖမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ CPE တွေကို Directional ဆိုပြီး သုံးစွဲခေါ်ဝေါ်ကြတာပါ။ အင်တာနက်ဆိုင်တစ်ဆိုင်အနေနဲ့ အရပ်လေးမျက်နှာကို Wi-Fi လွှင့်ချင်တယ်၊ အဝေးကြီးလည်း ရောက်ချင်တယ်ဆိုရင်တော့ CPE ဗူး လေးဗူး တပ်ဆင်ရပါလိမ့်မယ်။

CPE ကို တပ်ဆင်နည်းကလည်း လွယ်ကူပါတယ်။ ပထမဆုံး Router နဲ့ CPE ကို CAT 6 ကြိုးနဲ့ ဆက်သွယ်ရပါလိမ့်မယ်။ CPE ၀ယ်တဲ့အခါ POE(Power Over Ethernet) Adapter ပါဝင်ပါလိမ့်မယ်။ Router က ကြိုးကို အဲဒီ POE Adapter ရဲ့ LAN အပေါက်ဆီ ဆက်သွယ်ရပါမယ်။ POE Adaptor မှာ နောက်ထပ်ပါဝင်တဲ့ POE အပေါက်နဲ့ CPE ကိုတော့ CAT 6 ကြိုးကို အသုံးပြုပြီး ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

connect_cpe

ပုံပါအတိုင်း ဆက်သွယ်ပြီးသွားရင် ဆက်ပြီးလုပ်ဆောင်ရမယ့် အပိုင်းက Setting ချိန်တဲ့အပိုင်းဖြစ်ပါတယ်။ အဓိက Main Point ကတော့ လွှင့်တဲ့ဘက်က CPE တွေဟာ AP Mode နဲ့ လွှင့်ရမှာပါ။ ဖမ်းတဲ့ဘက်က CPE တွေကတော့ AP Client Router Mode နဲ့ ဖမ်းယူရမှာဖြစ်ပါတယ်။

Setting ပြင်နည်းကတော့ ပထမဆုံး ကွန်ပျူတာရဲ့ IP ကို 192.168.1.x ဆိုပြီး x နေရာမှာ ကြိုက်တဲ့နံပါတ် ထည့်ပါ။ Subnet ကတော့ ထုံးစံအတိုင်း 255.255.255.0 ပါ။ ပြီးရင် CPE ကို ကွန်ပျူတာနဲ့ဆက်သွယ်ပါ။ Browser တစ်ခုခုကို ဖွင့်ပါ။ CPE ရဲ့ Default IP ဖြစ်တဲ့ 192.168.1.254 ကို ရိုက်ထည့်ပါ။ username နဲ့ password တောင်းရင် admin admin လို့ပဲ ထည့်ပေးပါ။

CPE Configuration ထဲ ရောက်သွားရင် ဘယ်ဘက်က Wireless mode ကို ရွေးချယ်ပါ။ ပြီးရင် ညာဘက်က AP mode ကို ရွေးပေးပါ။ ဒါဆိုရပါပြီ။ ဖမ်းတဲ့ဘက်မှာတော့ ဒီပုံစံအတိုင်းပဲ AP Client Router mode ကို ရွေးချယ်ပါ။

source: it men
Related Posts Plugin for WordPress, Blogger...